Tuesday, September 23, 2008

ခင်ဝမ်းလမ်း

ကြည့်လိုက်စမ်း
ခရမ်းနုရောင်အနမ်းသားမှာ
တစ်ခြမ်းလုံး
ကြွေနေတာ
သီချင်းရွက်တွေလား။

တစ်ချက်တစ်ချက်
လွမ်းဝှေ့ဝှေ့တယ်
စိတ်က
ရွေ့တယ်ဆိုရုံကလေး
မျက်ရည်သစ်ပင်။

နှင်းရယ်
ရင်ဘတ်အောက်က
ငွေကြယ်
ဘယ်မှာဝှက်ထားခဲ့သလဲ
ပခုံးပါးမှီ
ဒီမှာ
တယောကျိုးလေး တစ်လက်နဲ့ပဲ
အိပ်မက်ဟာ
လမ်းဖြစ်ခဲ့ပြီ။ ။

(ခင်ဝမ်းကွယ်လွန်ခြင်း ၂ နှစ်ပြည်၊၃၊၀၂၊၂၀၀၂)
[ရုပ်ရှင်တေးကဗျာ၊ဇန်န၀ါရီ ၂၀၀၂]

ဆရာအောင်ဝေး၏ ခရမ်းနုရောင်နှင်း စာအုပ်မှ
ပြန်လည်ကူးယူဖော်ပြပါသည်။

No response to “ခင်ဝမ်းလမ်း”