Tuesday, September 23, 2008

သူငယ်ချင်းအတွက် သီချင်း

မင်းရဲ့အသံလမ်းထိပ်ဆိုင်က
ငှက်ပျောခိုင်လောက်မချိုမြိန်ပါ။
မင်းရဲ့အကျင့်နောက်ဖေးပေါက်က
ခွေးတသိုက်လောက်မဖြူစင်ပါ၊
မင်းရဲ့အကျင့်စကား
ပူနွေးနေတဲ့ဟင်းအိုးထဲက
ကြေကွဲလွယ်တဲ့ကြက်ဥပြုတ်အလား။
နောက်ဆုံးတော့လည်း
ငါတို့မတည့်
မတည့်လည်းအတူနေ
ငါ့ရဲ့သူငယ်ချင်းတွေ။

ဂျူစီ

ကျမကျောင်းတုန်းကသူငယ်ချင်းရဲ့လက်ရာပါ၊
ဒါကိုပြန်တင်ချင်လို့ သူ့ဆီကခွင့်တောင်းရင်း ငယ်ငယ်ကကဗျာစာအုပ်ထုတ်လို့
ပါမောက္ခချုပ်ရဲ့ warning ပေးခံရတာလေး ပြေးသတိရမိပါတယ်...။

2 Responses to “သူငယ်ချင်းအတွက် သီချင်း”

waitar said...
This comment has been removed by the author.
waitar said...

ကျမအတွက်ကတော့ သူငယ်ချင်းဆိုတာမရှိမဖြစ်ပါ...
ဲဖြစ်နိုင်လျှင်တော့ အဖြူစင်ဆုံးလေးတွေပေးပြီး အရိုးသားဆုံးပဲ ပြန်ရချင်ပါတယ်.....