Tuesday, September 23, 2008

တနင်္ဂနွေနေ့

ဘတ်စ်မှတ်တိုင်မှာ ဟာလာဟင်းလင်း
လမ်းပေါ်မှာ ယာဉ်အသွားအလာရှင်းလို့
ဘုရားကျောင်းက ခေါင်းလောင်းသံ
ကြည်နူးဖွယ်ရာ လွင့်ပျံဆဲ။

နာနတ်သီးတစ်စိတ်
စီးကရက် တစ်လိပ်နဲ့
အရိပ်ကောင်းကောင်းသစ်ပင်အောက်မှာ
ဘာဇောမှ ကပ်ငြိမှုမရှိ
တစ်ယောက်ထဲ အေးချမ်းမှုအတိ။
ရက်သတ္တပတ်မှာ
တစ်ရက်သာရတဲ့အခွင့်အရေး
ဘုရားသခင်ပေးသလား
ကျေးဇူးတော် အနန္တ
ဘ၀ရဲ့ အရေးကြီးတဲ့နေ့တွေထဲက
အရေးကြီးဆုံးနေ့
ပြက္ခဒိန်မှာ အနီရောင်နဲ့ ပုံနှိပ်ထားတဲ့နေ့…။

ကြည်မောင်သန်း

ဒီကဗျာကို ချယ်ရီမဂ္ဂဇင်းမှ ပြန်လည်ကူးယူဖေါ်ပြပါသည်။

No response to “တနင်္ဂနွေနေ့”