Tuesday, September 23, 2008

ကဗျာဆရာသို့

မှော်ဝင်အတွေးများချွေးသိပ်
လူခြေတိတ်တဲ့ ဒီည
ကောင်းကင်က...........
မျက်စိတစ်မှိတ်စာအလင်းမှာ
တိမ်တွေက တက်ပြီးကုတ်ဖဲ့ချင်စရာ။

အတွေးဆိုတာ ဒီလိုပဲပေါ်တစ်ခါ ပျောက်တစ်လှည့်လား
ဖမ်းဆုတ်မရတဲ့ ဖြစ်ခြင်းပျက်ခြင်း သဘောတရား
ကဗျာဆရာရေ..ကျမကိုတော့
ကဗျာမရေးခိုင်းပါနဲ့
ဒီလိုအခြေအနေမှာ ကဗျာမရေးပါရစေနဲ့။
ခင်ဗျားရင်သွေးလေးတွေကိုပဲ လေးနက်ပါရစေတော့........။

No response to “ကဗျာဆရာသို့”