Showing posts with label ကဗ်ာ. Show all posts
Showing posts with label ကဗ်ာ. Show all posts

Wednesday, July 29, 2015

ရွှေ့ ပြောင်းနှလုံးသားများ

မျှော်လင့်ချက်တွေ လေယာဉ်စီးပြီး ပျံသန်းလာခဲ့တယ်
ရေခြား၊ မြေခြား၊ လူမျိုးခြား၊ သူစိမ်းတရံစာများဆီ။ 
မျှော်လင့်ချက်ထဲမှာ ဝှိုက်ကဒ်လေးလည်းပါ 
ဒုန်းခနဲမြည်သွားတဲ့ လဝကဝန်ထမ်းရဲ့ မပျော့ပြောင်းမှုလည်းပါ 
ပါးစပ်နဲ့တေ့ပြီးသောက်ရတဲ့ သောက်ရေအိုးစင်လေးတွေလည်းပါ 
အသက်တခါရှူတိုင်း ဝင်လာတဲ့လေဟာ ကတုန်ကယင်ဖြစ်ရင်း
ရောက်ခဲ့ပြီ။ 
ဟောဒီအရပ်ဒေသမှာ အိပ်မက်တွေယက်ဖောက်ကြဖို့ 
ဟောဒီကျွန်းသေးသေးလေးကို လှသည်ထက်လှအောင်ပြုစုဖို့ 
ငါတို့လက်ဖဝါးတွေ မာကြောပြရမယ်။ 
ရက်(စ်) ဆား(စ်)လို့ 
ဟန်ပါပါ ခွန်းတုန့်ပြန်တတ်စေရမယ်။ 
ငါ့တိုင်းပြည်ထဲမှာ နေချင်သလို နေခဲ့ရသမျှကို 
ငါ့တိုင်းပြည်ထဲမှာပဲ ငါထားခဲ့လိုက်ပြီ။ 
ဟုတ်တယ်... ငါ့ကိုယ့်ငါပါ ထားခဲ့လိုက်ပြီ။ 
အခု ဂွတ်မောနင်းလို့ နှုတ်ဆက်နေတာ 
ငါ မဟုတ်ဘူး။ 

မကြေးမုံ
( ၁ဝ၊ ဝ၄၊ ၁၄ )

နှင်းဆီဖြူမဂ္ဂဇင်းမှာ ပုံနှိပ်ဖော်ပြီးသား ကဗျာဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် ဧပရယ်လကုန်မှာ စင်္ကာပူကျွန်းလေးကုို နှုတ်ဆက်ချိန်တန်ခဲ့ပါတယ်။ မပြန်ခင်လေးမှာ ကုိုယ့်ရုံးကိုရောက်လာတဲ့ ဘင်္ဂလားဒေ့ရ်ှအလုပ်သမားတွေကို သူဌေးက စကားပြောနေတာမြင်ပြီး ဒီကဗျာရေးဖြစ်ခဲ့ပါတယ်။ 

Tuesday, March 19, 2013

မျှော်လင့်ခြင်း

ရှူးဖိနပ်ထဲ ထည့်သိမ်းထားခံရတဲ့
ခြေချောင်းလေးတွေမှာလည်း
လွတ်လပ်မှုကို ငံ့လင့်စိတ် ရှိမှာပဲ။
အနိမ့်ဆုံးအဆင့်
ဂျိုးဂျိုးဂျွတ်ဂျွတ်နဲ့ အချိုးခံခွင့်ပေါ့။
 
mirror
( ၁၉-၀၃-၁၃ )

Saturday, March 24, 2012

ခေါင်းစဉ်မသိတဲ့ ကဗျာ

ဘလော့ဂ်တွေရဲ့ side bar တွေမှာ ကိုယ်နှစ်သက်တဲ့ ကဗျာလေးတွေကို post လုပ်တဲ့ အလေ့အထတစ်ခုကို ဘယ်သူက စတင်ခဲ့သလဲ မသိပေမယ့် ကျမဘလော့ရဲ့ဆိုဒ်ဘားမှာ ကဗျာလေးတွေ တင်နေခဲ့မိတာတော့ နှစ်အတော်ကြာခဲ့ပြီလို့ ဆိုရပါမယ်။ side bar က ကဗျာတွေရဲ့ အပြောင်းအလဲဟာ ဘလော့ပိုင်ရှင်ရဲ့ " စိတ်အရောင် " အပြောင်းအလဲပါပဲ။
ကျမအဖို့တော့ ဆိုဒ်ဘားမှကဗျာတစ်ပုဒ်ဟာ ကျမရဲ့ခံစားမှုကို ကိုယ်စားပြုတယ်လို့ ဆိုချင်ပါတယ်။

======

လွန်ခဲ့တဲ့ သုံးလေးလခန့်ကစပြီး ဘယ်ဆီကနေ ရောက်လာမှန်းမသိတဲ့ အားလပ်တဲ့အချိန်တွေကို ကျမ ပိုင်ဆိုင်လာခဲ့တယ်။ အဲ့ဒီအချိန်ထဲကစပြီး စာလဲ သေသေချာချာ ပြန်ဖတ်ဖြစ်တယ်ဆိုပါတော့။ " စာ " ဆိုပေမယ့် အရင်မြန်မာပြည်မှာ နေစဉ်ကလို မိုးလင်းအိပ်ယာနိုးတာနဲ့ အဆင့်သင့်ပြင်ထားတဲ့ မနက်စာကို စားပြီး ကော်ဖီတစ်ခွက်ဆွဲလို့ တစ်နေ့လုံးအိပ်ယာထဲခွေကာ စာဖတ်နေနိုင်တဲ့ အခွင့်အရေးမျိုးဆိုတာ ဘယ်လိုမှ ပြန်ပြီးဖန်တီးလို့ မရနိုင်တော့တာမို့ စိတ်ထဲဝင်လာတဲ့စာမှန်သမျှ လိုက်ဖတ်မိပါတယ်။ ( အကြောင်းပြ ချက်က သိပ်ပြီး မခိုင်လုံလှဘူးနော် )

အရင်တုန်းက မေ့မေ့လျော့လျော့နေခဲ့မိတဲ့ ဘလော့တွေဆီမှာပါ တစ်ပုဒ်ချင်းဆီ အမြစ်ကနေ လှန် ဖြစ်တော့တာပါပဲ။ ဒီလိုနဲ့.... တချို့ရက်သတ္တပတ်တွေမှာ ကျမဟာ အဲ့ဒီဘလော့ရေးသူတွေရဲ့ စာတွေက လွှမ်းမိုးချုပ်ကိုင်မှုကိုပါ ခံစားလာရတဲ့အထိပါပဲ။ တစ်ဘလော့ချင်းဖတ်ပါတယ်။ တစ်ခုပြီးမှနောက်တစ်ခုကို ပြောင်းဖြစ်တယ်ပေါ့။

အဲ့ဒီမှာ ဟိုး ရှေးခေတ်တုန်းက ဘလော့တွေ အားကောင်းမောင်းသန်ရှိခဲ့ချိန်တုန်းက ဘလော့ဂါတွေ အရှိန်အဟုန်နဲ့ ရေးခဲ့ကြ၊ အပြန်အလှန် Comment တွေပေးခဲ့ကြတာတွေကို ပြန်မြင်ရတာ တကယ်ကို ကြည်နူးစရာကောင်းလှပါတယ်။ Click ကလေးတစ်ချက်ထဲနဲ့ မိမိကိုယ်မိမိ ကိုယ်စားပြုနေရတဲ့ " မျက်နှာစာအုပ် ယဉ်ကျေးမှုခေတ် " ထဲမှာ ကျမလဲ ပျော်ဝင်စီးမျောနေမိသူပါပဲ။ သို့ပေမယ့် ဘလော့ယဉ်ကျေးမှုကိုတော့ တမ်းတမြတ်နိုးဆဲ...။

ပြန်ဖတ်တဲ့ဘလော့တွေထဲမှာ ကျမဘလော့လဲ ပါတာပေါ့။ ဘယ်နေပါ့မလဲ နော်။း) အဲ့ဒီမှာ ကိုယ့်ရဲ့ အင်မတန်မှ နုံချာလှတဲ့အရေးအသားတွေကို ရှက်ဖွယ်လိလိတွေ့ရတော့တာ။ ရေးခဲ့စဉ်အခါတုန်းကတော့ တကယ့်ကိုပဲ ကိုယ်ရေးတဲ့စာကို ကိုယ့်ဘာသာကိုယ် ယုံကြည်ချက်အပြည့်ရှိမှ တင်ခဲ့တာပါ။ ဒီလိုဆိုရင်ဖြင့် အဲ့ဒီအချိန်တုန်းက ယုံကြည်ချက်တွေကလဲ ခုနေခါမှာ ရှက်စရာတွေဖြစ်နေတာပေါ့။ အဲ့လိုတွေးစရာရှိတယ်နော်။ အဲ့လိုလဲ မဟုတ်ပြန်ဘူး။း)
စကားတွေများနေမိပြန်ပြီ။ လိုရင်းကို ရောက်အောင်သွားစရာရှိသေးတယ်။

ကိုယ်ရေးထားတဲ့စာတွေကို ပြန်ဖတ်တဲ့အခါ ကိုယ့်မိတ်ဆွေဘလော့ဂါတွေ၊ ဘလော့လာဖတ်သူတွေရဲ့ တချို့သော Comment တွေဟာ လက်လက်ထအောင်ကို လှနေပါတယ်။ အဲ့ဒီလို Comment တွေမှ အများကြီးပဲ ပြန်တွေ့ရပါတယ်။ ကျမ ကံကောင်းသားပဲ နော်။

အဲ့ဒါတွေထဲကမှ ... ရေတောင်မနောက်ဘဲ ခြေရာဖျောက်သွားတဲ့ အစ်ကိုတော်တစ်ယောက်ရဲ့ ကွန်မန့်လေး တစ်ခုကို ပြန်မျှချင်ပါတယ်။

ဒီနေရာမှာ အပေါ်ဆုံးတစ်ပိုဒ်မှာ ပြောခဲ့တာလေးကို ပြန်ဆက်စပ်လို့ရပါပြီ။ လွန်ခဲ့တဲ့ သုံးနှစ်ကျော်ကျော်တုန်းက ကျမရေးခဲ့တဲ့ပိုစ့်တစ်ခုမှာ သူရေးသွားတဲ့ ကဗျာအသွားလေးနဲ့ Comment လေးပေါ့။ သူက ကွန်မန့် အဖြစ်ပေးခဲ့တာမို့ ခေါင်းစဉ်လဲမသိပါဘူး။ အဲ့ဒီကဗျာလေးကို ကျမဘလော့ရဲ့ Side bar မှာ ကာလအခိုက်အတန့်တစ်ခုစာ တင်ထားပါဦးမယ်။ အဲ့ဒီကဗျာတင်ထားသမျှ ကာလတစ်လျှောက်လုံးမှာ မကြေးမုံတစ်ယောက် အဲ့ဒီ ကဗျာဆန်နေတယ် လို့ ယူဆနိုင်ပါတယ်။

" ခေါင်းစဉ်မသိပါ "





















ဟင့်အင်း
လှည့်ကြည့်လို့
ဘယ်သူမှမရှိတဲ့ ဘ၀မှာ
ငါဟာနေသားကျနေခဲ့ပြီ
သစ်ပင်အိုပီပီ
အခက်အပွင့်တွေ
ထပ်ဆင့်မဝေနိုင်တော့
ငါ့သစ်ခက်တွေ
တစ်ဖြောင်းဖြောင်း
ကျိုးကျေနေတာပဲ
ကြာလှပြီလေ။

မှီခိုစရာအရိပ်ကို
ဒီလိုဘ၀မှာ
တမ်းတလို့
အိပ်မက်နေလို့
ဘယ်လိုမှ
ပြန်မလှတော့နောက်
ငါဟာ
ခြောက်သွေ့နေဆဲပေါ့။

( ရွာသားလေး- ၀ိုင်တီယူ )

ကဗျာရေးသူ ( သို့မဟုတ် ) comment ပေးခဲ့သူ အစ်ကိုတော်အား စပါယ်ရှယ် ကျေးဇူးတင်ကြောင်း ဒီနေရာကနေပဲ ပြောလိုက်ပါတယ်။

Monday, August 23, 2010

အရိုးဆုံး စကားလုံးများ

ကျနော်တို့ ချစ်ကြတယ်...။
....။
ပွေ့ဖက်ကြတယ်
နမ်းမွှေးကြတယ်
ရီ(ရယ်)မောကြတယ်
သူ့မျက်ရည်တွေ ကျနော့်ရင်ဘတ်ပေါ် စီးဆင်းတယ်။

စိတ်ချင်းချိတ်ပြီး
အိပ်မက်ကမ္ဘာထဲ ညပေါင်းများစွာ ဖြတ်လျှောက်ကြတယ်။
ကြယ်တွေကို ရေတွက်ကြတယ်...။

ဝေးကွာတယ်။
နီးစပ်တယ်။
သူက ကျနော့်ကို နှင်လွှတ်ခဲ့တယ်။
ကျနော်က သူ့ကို ထားပစ်ခဲ့တယ်။

.....
....
ဒီလိုနဲ့...
ကျနော်တို့ ချစ်ကြတယ်..(လှုပ်ခတ်စွာ...တည်ငြိမ်စွာ..)
.....
......။

အလွမ်းနာနဲ့မှ...
ဆေးရုံတက်နေရသူ ကျနော့်အနား...
စကားလုံးတို့ က..မမြင်ကွယ်ရာထိ ပုန်းရှောင်ကြတဲ့အခါ.။
စာဖွဲ့ဖို့ရာ...မစွမ်းသာ..
...။

ရိုးရိုးလေးပဲ လွမ်းတဲ့အကြောင်း
ဒါဟာ..လွမ်းလွန်လွန်းလို့ ရေးတဲ့ စကားလုံး အစုအဖွဲ့များသာဖြစ်ကြောင်း...
သူ နှင့်တကွ
အများ....သိစေအပ်ပါတယ်။...။

mirror
(23.08.2010,On Bus No..197 )

Monday, June 28, 2010

ကြယ်လွဲမိုး(တိုးနှောင်မိုး)

အဝေးကိုစီးဖို့
မြစ်ရဲ့ခြေအစုံကို တောင်းပန်
ကောင်းကင်တစ်ခုပြီးတစ်ခု ဖတ်ခဲ့။
ဘယ်တော့များ ကြယ်ကိုစိုအောင် ရွာမှာလဲ
စကြာဝဠာ ကျစ်ဆံမြီးထဲ
ပွင့်ချင်တိုင်းပွင့်
လှချင်တိုင်းလှ ကြယ်မလေးရေ...
ငါ့ကောင်းကင် လက်တစ်ဆုံးတောင်
မင်း ပုန်းနေတုန်းပဲလားကွယ့်
အာသီသတွေသာ ရှိပြီး
သင်ယူလို့ မရတဲ့မိုးဟာ ငါပဲပေါ့။

တိုးနှောင်မိုး

ဆိုဒ်ဘားမှာ တင်ထားဖြစ်တာ အတော်ကြာပြီမို့ ဘလော့လည်မိတ်သဟာများလဲ ဒီကဗျာကို ရင်းနှီးနှင့်ပြီးသား ဖြစ်ပါလိမ့်မယ်။
ကဗျာအသစ်လဲ လဲချင်၊အဟောင်းလဲ မပြစ်ရက်... ဘာလုပ်ရမယ်မှန်းမသိနဲ့.. လူက ဒွိဟဖြစ်နေမိပါသေးတယ်။ ဒီကဗျာကို တန်ဖိုးထားမိစေတဲ့ အခြားသောအကြောင်းချင်းရာများလဲ ရှိနေသေးတဲ့အတွက် ဘလော့မှာ အမှတ်တရ သိမ်းထားလိုက်ပါတယ်။

စကားစပ်ပြီးပြောရရင် သရေခေတ္တရာမြို့သား ကဗျာဆရာတိုးနှောင်မိုးရဲ့ ကဗျာတွေကို ကလေးဘ၀ထဲက စွဲလန်းခဲ့မိခဲ့တယ်။မှတ်မှတ်ရရ သူနဲ့အတူ စာရေးဆရာမ သွေး(စစ်ကိုင်း) လဲပါတဲ့ ကဗျာစာအုပ်တအုပ် ဖတ်ဖူးရဲ့။ "သက်ပြင်းမှုတ်သံ တဟူးဟူး" ဆိုတဲ့အသုံးကို တအားသဘောကျလွန်းလို့ ခုထိ စွဲနေတာ။အဲ့ဒီ စကားလုံးက သူတို့နှစ်ယောက်ထဲက တယောက်ယောက် ရေးတာပါပဲ။ဘယ်သူလဲသာ မသိတာ။

မှတ်မိချင်တာတွေကိုသာ မှတ်မိတတ်ပြီး မမှတ်ချင်တာတွေကို အကွက်လိုက်၊အကွက်လိုက် မေ့သွားတတ်တဲ့ အကျင့်က ဘယ်ကဘယ်လို ကိုယ့်ဆီ တိတ်တဆိတ်ဝင်ရောက်ခဲ့သလဲ မသိပါဘူး။
ဒါကစကားချပ်။း)

Tuesday, November 03, 2009

လရောင်တစ်ခြမ်း ပန်းနေကြာ (မင်းချမ်းမွန်)

ကဗျာကို ကဗျာလိုပဲဖတ်ပါ၊ခံစားပါ ဆိုတဲ့ ကဗျာဆရာတွေပြောလေ့ရှိတဲ့စကားတခွန်းကို နားလည်ဖို့ အှစှ်စ်အလလ ကိးစားခဲ့ပါတယ်။ခုလှဲလုံးသားတစုံကို အလိုက်ပေးပြီး ကိးစားခံစားနေဆဲပေမယ့်ဘယ်တော့မှ ပြည့်စုံကုံလုံမှာတော့ မဟုတ်။


လတ်တလောသက်ဝင်ယုံကြည်နေမိတာက ကဗျာဆိုတာ ခံစားသှူလုံးအိမ်ကို ထိခလုတ်၊ပါးခလုတ်လေး ဖြစ်စေဦးမှ။

နားလည်အောင် ရေးတာ၊နားမလည်အောင် ရေးတာ ကဗျာဆရာရဲ့ ရူးသွပ်ယုံကည်ရာ ဖြစ်တဲ့အတွက် ကဗျာဆရာသည် ဘာကို ဆိုလိုချင်တာပါလိမ့်လို့ လိုက်လံ စဉ်းစားနေစရာမလို...။ ကဗျာရေးသူက သူဝေဒနာကို သူ့ အခင်းအကျင်းနဲ့ သူပြတယ်။ ကဗျာဖတ်သူက ကဗျာဆရာရဲ့ ဝေဒနာကို ကိုယ့်အနာနဲ့ စားခံစားဖို့ပဲ လိုတယ်။


ခု....

ဆရာမင်းချမ်းမွန်ရဲ့ ကဗျာတပုဒ်၊ ကျမနှလုံးသားကို ထိခလုတ်၊ ပါးခလုတ် ဖြစ်စေလို့ ခင်ဗျားတို့အတွက်လည်း မျှလိုက်ပါတယ်။

တည့်ရင် ရင်ဘတ်ထဲထိ ထည့်လိုက်ဖို မမေ့ကပါနဲ့......


လရောင်တစ်ခြမ်း ပန်းနေကြာ


ဓူဝံကယ်မြောက်အရပ်မှာရှိသလိုပဲ

မြို့တော်ရဲ့ မြောက်စူးစူးတစ်နေရာမှာ

သီရိမင်္ဂလာရွှေဘုံဦးဆိုတဲ့

အ၀ါ

သာသာနာရောင်တွေနဲ့ မြးလွင့်ပျံ

ဆည်းလည်းသံလွင်လွင်လေးတွေနဲ့ တောက်ပ

ပဋိရူပ

အေးမြတဲ့အရိပ်အာဝါသလေးတစ်ခု ရှိပါတယ်။


ဒီလို

သာယာလှပ

မွှေးမြတဲ့နေရာလေးရှိတာကို

လူတွေများများစားစား မသိကပါဘူး

နေပါစေ

မသိလည်းကိစ္စမရှိ

သတိကို မြို့ပြသိလို့

သိကသူတွေ လာလိမ့်မယ်။


ဒါဟာ

အမျိးဘာသာ၊သာသနာနဲ့ ဝံဿာနုရက္ခိတ

ပရဟိတ

ပညာဒါနတွေ ဖြန့်ဝေရာ မဟုတ်လား။


မိုနေးရဲ့ ပန်းရောငှ်င်းနဲ့

ဗန်ဂိုးရဲ့ နေကာက

ကင်းဗတ်စပေမှာ ပွင့်တယ်၊

ဂေဂင်ရဲ့ အ၀ါနဲ့

ဟောဒီ ရွှေဘုံဦးနေကာတွေက

ပညာရှိရာ

နေရှိရာဘက် မျကှ်ာလှည့်

ဝင်းမှည့်တဲ့ အားမာန်အလင်းတွေနဲ့

မနက်ခင်းရဲ့

အဖြရောင်လေညင်းမှာ ပွင့်ကတယ်

ရဲရင့်တက်ကွရနံတွေနဲ့

တင့်တယ်ခမ်းနားပါပေရဲ့...။


အဲ့ဒိဝန်းကျင်မှာ

စပါးပင်နဲ့ သစ်ပင်တွေဝန်းရံလို့

အပင်တွေရှင်သန်ဖို ဓာတ်မြေသဇာလိုအပ်သလို

လူတွေမှာ

စိတ်အာဟာရ(သိုမဟုတ်)...

အရသာတစ်ခုခု လိုအပ်တယ်။


နေရောင်ပူပူမှာ

ဘယ်သူမှ မကူးခတ်ချင်ဘူး

ကျေးငှက်တွေလို

လွတ်လပ်စွာ ပျံမြးချင်ကလိမ့်မယ်။


ကျောပေမှာ တငွေ့ငွေ့လောင်နေတဲ့

နေရောင်ကို လက်နဲ့သပ်ချဖို

သူတို့စာဖတ်နေကတဲ့ အသံတွေ

အခက်အခဲတွေကို ပက်ထုတ်

ပညာကို

ယက်သဲ့ကျင်ယူနေကတဲ့ ဟန်တွေက

အားမာန်တွေနဲ တဖျတ်ဖျတ်

သူတို....ဓားတောင်ကိုလှော်ခတ်လို

မီးပင်လယ်ကို ကျော်ဖြတ်နေကတယ်။


ဟိုးဖက်ကမ်းမှာ

နမ်းစရာ

ပညာပန်းတွေရှိတယ် မဟုတ်လား။


ပညာပဒီပေါ၊ ဣဓအဓိပဇ္ဇောတော

လောက၌ ပညာဆီမီးသည် အတောက်ပဆုံး ၊

ပညာသမ္မာ အာဘာနတ္တိ၊

ပညာနှင့်တူသော အလင်းရောင်မရှိ

ပညာရေအိုး လူမခိုး...တဲ့လား

တန်ဖိုးကတော့ ကီးမားပါပေရဲ့။


ဒီယနေ့ E ခေတ်မှာ

ပညာရဲ့ အခန်းကဏ္ဍ၊ပဓာနကျလာတယ်

ညာနေလို့ မရဘူး

ညံ့နေလို့မရဘူး

ညည်းနေလို့ မရဘူး

ပညာမတတ်ရင် လူရာမ၀ငိုင်ဘူး။


ချစ်သားတို အတတ်ပညာသင်ကုန်လော့

အဘယ်ကောင့် ပျင်းရိဘိသနည်း

ချစ်သားတို နေတိုင်းအတတ်ပညာသင်ကုန်လော့

အတတ်ပညာမရှိသောသူသည်

သူ၏၀န်ထမ်းဖြစ်တတ်၏

အတတ်ပညာရှိသောသူကို

သူတစ်ပါးတို့ ပူဇော်အပ်၏...တဲ့

လောကနီတိကျမ်းက

နေကာပန်းတွေကို လှမ်းအသိပေးတယ်။

ပညာရဲ့ အမြစ်တွေက ခါးသက်ပေမယ့်

အသီးကတော့ ချိမြိန်တယ်လို့

အရစ္စတိုတယ်က လှမ်းပြောတယ်

အာဖရိကကယ်ပြာကီး

နယ်ဆင်မင်ဒဲလားကလည်း

ပညာရေးဟာ

ကမ္ဘာကြီးကိုပြောင်းလဲပစိုင်တဲ့

အစွမ်းထက်ဆုံးလက်နက်ပဲ ....တဲ့။

တကယ်တော့

ပညာရေးဆိုတာ

လူတိုင်းရဲ့ ရပိုင်ခွင့်ပါ

ယောက်ျားမိန်းမ၊ကလေး ဘယ်သူမဆို

ကမ္ဘာ့ဘယ်နေရာမှာ နေနေ

အားလုံးရရှိသင့်တဲ့ အခွင့်အရေးပဲ

အဲ့ဒီလို....

ယူနက်စကိုကလည်း ကျားကန်အားပေးခဲ့။


ဒါပေမယ့်

လူတိုင်းအတွက် ပညာရေး

နေပူလမ်းဟာ ထွက်ပြေးနေတယ်။

ဘယ်လိုမှ လိုက်လိုမမှီဘူး

ဆန်ပေးမှ ဆီရမယ့်ပုံမျိ

လှေမရှိဘဲ

မြစ်ကိုဘယ်လိုဖြတ်မလဲ

တက်မရှိရင် လက်နဲ့လှော်လိုရသေးတယ်။


နေပူပူမှာ

ငူငူကီးရပ်နေလို ဖြစ်မလား

ဘယ်သူလာကူပါ့မလဲ။


တချို့က

စိတ်ကူးသစ်နဲ့ စာနာသနား

နေရောင်ကို ကွေအောင်မျှားသလို

မြစ်ကို တံတားထိုးကတယ်

အတ္တကိုရှေတန်းမတင်ကဘူး

လောကကို အလှဆင်ကတယ်။


ဗားတော့ဗရက်ရဲ့ ကဗျာထဲကလို

ှင်းတွေသိပ်သိပ်သည်းသည်းထူထူထပ်ထပ်ကျနေရင်

ပဲကလေးတွေ အညှောင့်မပေါကိုင်မှာကို တွေးပူပြီ

လဲသူကိုထူ၊ငူသူကို မတ်စေတယ်

ရပ်သူကိုဖေး ကိုယ်ငွေ့ပေးတယ်

ငါးကလေးတွေ ရေမနစ်စေရဘူး။


လာ....

ဒီမှာ ရင်ငွေလှုံ

ပညာစုံအောင်သင်ကမယ်

လရောင်တစ်ခြမ်းပဲရရ

ပန်းတစ်ပွင့်မှ မထစ်အ မကန်းစေရဘူး။


ဒီမှာ

ရှင်မဟာရသာရ

သံဝရပျို့မှာ ရေးထားသလို

ကျောက်ရည်တိုးအောင်၊ သွေးသောယောင်သို့

စောင်စောင်မမ ဆုံးမတတ်စွာ

မြတ်ဆရာတွေနဲ စနစ်တကျ။


ဒီမှာ

သစ်ပင်ကို သစ်ပင်လိုမြင်အောင်သင်ကား

သစ်ပင်ကို သစ်သားလိုမြင်တတ်တဲ့

ကင်နာမဲ့ ခါးသကှ်လုံးသား

မျိးမပွားစေရဘူး။


ရေစီးမှာ လရောင်ကောက်ရင်း

လောကဓံမြစ်ရိုးထဲ

တစ်ယောက်ကို တစ်ယောက်သယ်ပိုး

မုန့်ကြိးလိမ်အမူအကျင့်ကို မုန်း

ဖြောင့်မှန်တဲ့

အဖြရောငှ်လုံးသားပွေဖက်မယ်။

မိုးလေတွေဘယ်လိုမွှေမွှေ၊မရွေတဲ့စိတ်နဲ

ှင်းခါးတွေကို ဘယ်လိုပုတ်ပုတ်၊မဆုတ်မယ့်စိတ်နဲ့….

လာ...

ရွှေဘုံဦးမှာ ပညာရွှေမှုန်တူးက

ဘ၀အနာဂတ်တောက်ပအောင် ရွှေချက

ပြီးတော့

ပင်လယ်ခေါင်ရေ၀ဲမှာ လှေကွဲလိုမှောက်သူချင်း

တစ်ယောက်ကိုတစ်ယောက် ဖေးကူစောင့်ရှောက်က

တစ်ယောက်ကျောတစ်ယောက်

အလျားမှောက်တံတားခင်း

ဖြတ်သန်းခြင်းကို ဖြတ်သန်းက

စိန်ခေခြင်းကို စိန်ခေါ်ကြ

ဟိုးအမြင့်က ကယ်တွေမှာ

သင်တို့နာမည်ရေးထိုးုင်အောင် ကိးစားက

ဦှးောက်ခါးတောင်းကျိက်ရင်း

အောင်စိတ်တွေနဲ့

အောင်ပွဲတွေကို ရိတ်သိမ်းက

အားလုံးငြိမ်းငြိမ်းချမ်းချမ်း

နေကာပန်းလို မိုးလင်းမယ်။


ကွန်ပြတာတဂျောက်ဂျောကှ်ိပ်နေတဲ့

ခေတ်ကီးရဲ့ မနက်ခင်း

ပြတင်းပေါက်က ချောင်းကည့်လိုက်တော့

စက်မသိပ္ပံလောင်းရိပ်အောက်မှာ

အလိမ်အညာတွေနဲ

ကမ္ဘာကီး မလိမ္မာသေးဘူး


ဒါပေမယ့်

ဟောဒီ...ပြာလဲ့လဲ့မိုးကောင်းကင်အောက်မှာ

ပတ်ဝန်းကျင်လိမ်မာဖို့

သူတို့လိမ္မာဖို့

တစ်နေ့မှာ

လရောင်ကို ကိးချည်အိပ်ဖို့

ခမ်းခမ်းနားနား ပညာသင်ကား

နေကာပန်းများပွင့်နေတယ်။


မိတ်ဆွေတိုရေ..

သူတို့အတွက် အရေးပေလိုအပ်နေတာကလည်း

အမှားအမှန်ပိုင်းခြားဝေဖန်တတ်သော

"ပညာ..." ဆိုတဲ့

အသက်ကယ်ဆေးတစ်ခွက်ပဲ မဟုတ်လား။


မင်းချမ်းမွန်

(လေးထောင့်ကန်၊သီရိမဂလာရွှေဘုံဦးကျောင်း ပရဟိတပညာသင်တန်းသို အမှတ်တရ)



Saturday, April 25, 2009

သတိရခြင်းဆိုတာ

သတိရခြင်းဆိုတာ
လွတ်လပ်တယ်၊
တိကျသေချာတယ်၊
သိုဝှက်ဟန်ဆောင်မှု ကင်းတယ်၊
ကျယ်ဝန်းတယ်၊ နက်ရှိုင်းတယ်၊
အနှောင့်အယှက် ကင်းတယ်၊
လုံခြုံတယ်၊
အချက်အလက် ပြည့်စုံတယ်၊
ဒါပေမယ့်....
အထီးကျန်ဆန်တယ်၊
ဝမ်းနည်းစရာ ကောင်းတယ်၊
မရေရာတဲ့ မျှော်လင့်ချက်ရှိတတ်တယ်၊

အဆိုးဆုံးကတော့၊......
တစ်ဖက်သတ်ဆန်တယ်၊၊


အယ်ဖြူ(၁၉၇၁-၂၀၀၄)

ခရီးသွားဆောင်းပါးလေးတွေ(အတွေ့အကြုံလို့ သုံးနှုန်းရင်ကျမအတွက်ပိုကိုက်ညီမယ်ထင်ရဲ့)ရေးဖို့စိတ်ကူးထားပါတယ်..။
စိတ်ရော၊လူရောမအားလပ်သလို၊ဘယ်တော့များမှ ပြန်ကောင်းမယ်မသိတဲ့ အင်တာနက်ကော်နက်ရှင်ကြောင့်
ဓာတ်ပုံနဲ့မှတွဲရက်ပိုစ့်တင်ချင်တဲ့အတွက် ခုလောလောဆယ် ခရီးနဲ့ပတ်သက်လို့ ပိုစ့်မတင်ဖြစ်သေးပါဘူး။
ဒါကြောင့် အားလုံးကို တောင်းပန်ပါတယ်။အားလုံးကိုအားကြီးချစ်ပါတယ်..။
ဆရာ၊ဆရာမတွေ၊အစ်ကိုတွေ၊အစ်မတွေ၊သယ်ရင်းတွေ၊မောင်လေးတွေ၊ညီမလေးတွေ
အားလုံးကိုချစ်တယ်..ဒီလောက်ဆို ကျေအေးမယ်ထင်ပါတယ်.. :P

ခုတင်လိုက်တဲ့ကဗျာကို အရင်တုန်းကလဲ ကျမဘလော့မှာတင်ဖူးပါတယ်။ဘလော့စစချင်း ၂ပုဒ်မြောက်မှာပါ။
ခုတောကျောင်းဆရာ၊အရင်တုန်းက မုတ်သုန်ဆီကနေ ကူးယူလာတဲ့ကဗျာပါ။စရေးခါစဆိုတော့ စည်းတွေ၊ဘောင်တွေဆိုတာလဲ
သိပ်မတွေးမိတော့သူ့ဆီကနေ မတောင်းပဲယူလာတာပါ။နောက်တော့မှ ပြောပြဖြစ်ပါတယ်။
ရှာဖွေထားတာလေး အသင့်ယူသုံးမိတာကို ဘာမှမပြောတဲ့အတွက် ကျေးဇူးပါ ကျောင်းဆရာရေ့။

ဖတ်ဖူးကြသူတွေလဲရှိမယ်ထင်ပါတယ်..။မဖတ်ဖူးသူတွေရော၊ဖတ်ဖူးသူတွေရော ကြိုက်မယ်မျှော်လင့်ပါတယ်..။
မကြေးမုံတော့ အသည်းခိုက်အောင် ကြိုက်ပါတယ်။ခုလက်ရှိ စိတ်ခံစားမှုနဲ့ တစ်ထေရာတည်းလဲကျနေလို့ တင်ဖြစ်သွားတာပါ..။

အားလုံးကိုချစ်ခင်လေးစားလျက်ပါ..။

Wednesday, February 25, 2009

မောင်စိမ်းသစ်ရဲ့ စိတ်ကူးရွက်ကြွေ

စိတ်ကူးရွက်ကြွေ

ငါဟာ ကဗျာဆရာပါ
လစဉ်ထုတ်မဂ္ဂဇင်းတွေမှာ
ဟောတစ်ပုဒ် ဟောတစ်ပုဒ်မပါတာတစ်ခုပါပဲ
ရောဘတ်ဖရော့စ်လည်း ကဗျာဆရာလယ်သမား
ငါလည်း ကဗျာဆရာလယ်သမား
ဘာများအားငယ်စရာရှိလို့လဲ
ငါဟာ လက်ဖက်ရည်သောက်ချင်လို့
လက်ဖက်ရည်ဆိုင်ထိုင်တာလား
လက်ဖက်ရည်ဆိုင်ကိုသောက်ချင်လို့
လက်ဖက်ရည်ဆိုင်ကို ထိုင်တာလား
အခုချိန်ထိ ကွဲကွဲပြားပြား ငါနားမလည်သေးပါလား.......။

ထိုင်နေကျ လက်ဖက်ရည်ဆိုင်က
စနစ်တကျမပြုံးတတ်သေးတဲ့ စားပွဲထိုးလေးကို
ဝါကျအကျိုးအပဲ့တွေ ငါပေးပစ်ခဲ့ရဲ့...။

သွားကြစမ်း.........သွားကြစမ်း
ဘယ်မှန်တစ်ချပ်တစ်လေမှ
ငါ့ရှေ့ကို ဖြတ်လျှောက်မလာကြစမ်းနဲ့
ငါ့ကိုယ်ငါ လွမ်းနေတတ်သူတတ်သူမို့ပါကွယ်။
ဟိုမှာကုက္ကိုလ်ရွက်တွေ တဖျောဖျောကြွေလို့
ငါ့ကိုများ တရားချနေကြလေသလား။

ကြွက်တွေက ငါတို့စပါးတွေကိုစားလို့
ငါတို့က ကြွက်သားကိုဟင်းချက်စား
သံသရာလည်တည်ဆိုတာ ဒါကိုခေါ်တာများလား။
ဘယ်သူမဆို ကိုယ့်ပြဇာတ်ကိုယ် ငြင်းဆိုလို့ရခဲ့ဖူးပါသလား။

သေချာတယ်
ကိုယ့်မျက်နှာကိုယ် လက်သီးနဲ့ထိုးဖို့
ငါ တစ်ခါမှမကြိုးစားခဲ့ဖူးတာ သေချာတယ်။

ငါ့ကဗျာတွေဟာ
ငါ့အကြောင်းတွေချည်းသာ ရေးဖွဲ့ထားတာပါလို့
လူတချို့က ဝေဖန်နေကြလေရဲ့။

ပညာရှင်တစ်ချို့ကတော့ ကဗျာဆိုတာ အနုပညာပစ္စည်းတဲ့
ဘယ်သူမှမပိုင် အနုပညာကသာ ပိုင်သတဲ့။

မောင်စိမ်းသစ်
ရယ်စရာမဂ္ဂဇင်း၊ဒီဇင်ဘာ၊၂၀၀၆

Monday, January 19, 2009

မြွေအရေခွံတပ် ဦးခေါင်း

လက်ရှိစိတ်ခံစားမှုအခြေအနေနဲ့ အဆင်ပြေဆုံး၊အထိဆုံးကဗျာတစ်ပုဒ်ပါ..။ကဗျာလဲမတင်ဖြစ်၊မမျှဖြစ်တာ
ကြာပြီနဲ့မို့...ဒီလထုတ်ချယ်ရီမှာ ပါတဲ့ကဗျာတစ်ပုဒ်ကို တင်ဖြစ်ပါတယ်။အားလုံးနားလည်လက်ခံပေးကြမယ်လို့ မျှော်လင့်ပါတယ်။


မြွေအရေခွံတပ် ဦးခေါင်း

ဒီနေ့
ပျော်ရွှင်မှုထိပ်ဆုံးစာရင်းမှာ
ကိုယ့်နာမည်ပါသလား။
တစ်ခုပြီးတစ်ခု မပြည့်နိုင်တဲ့ ကမ္ဘကြီးထဲ
ခပ်ထည့်မိတာနည်းနည်း
ခပ်သောက်မိတာများများ
ခပ်မိတာချင်း ခတ်ခဲ့မိတော့
အခက်သား။
အသက်မပါတဲ့ ဖဲအပွင့်ကိုဆက်ဆွဲ
ရွှေကိုရွှေနဲ့
ငွေကိုငွေနဲ့
ငါးစာတပ်ပြီး မျှားနေရတဲ့ မြစ်ပြင်ထဲမှာ
အာဟာရနဲ့ ထောက်ကူပေးထားရတဲ့ အရေပြား
နက်တယ်။
ကျောနံပါတ် ၁၀၉၊၁၁၀
ပြောင်းရွှေ့ကြေးလိုသလောက်ရတဲ့သူပဲ
ကိုယ်တိုင်ခြေထောက်နဲ့ ကစားရတာထက်
အပျော်အခလေးကြေးတင်လိုက်
အဲသလိုကစားနည်းကြိုက်သူဘေးမှာ
အိမ်မက်တွေ တွန့်ကြေနေရတာနဲ့
ဘယ်တော့မှ မမေ့နိုင်တော့ဘူးနဲ့
ဟုတ်လား ဆွီတီ။
ဆိုကတည်းက
ငါဟာ ငတုံးငအတစ်ကောင်ဆိုတာ
ဝန်ခံပါတယ်။
အမေ့အိမ်မှာ
ပြန်မပြောနားမထောင် ခြေလက်သုတ်သင်
ကျောလျားရှည်ကြီးနဲ့
ငါတော့ခက်တယ်တဲ့။
အမေမကြာခဏ
အော်ဟစ်ဆူခဲ့ရတဲ့ငါဟာ
အမေရှိရင် ထမင်းရှိတယ်။
အမေရှိရင် ငွေရှိတယ်။
အဆင်မပြေဘူးလား။
ဆိုမှတော့
ခုလို အဆင်မပြေချင်ရင်
ရေသောက်တာလည်း သွားကြားညှပ်တာပဲ။
မိုးထဲရေထဲ ဖိနပ်ပြတ်တယ်။
အချစ်မကြိုက်တဲ့ဆံပင် ရှည်ရှည်လာတယ်။
မီးစာလည်းကုန်ပြီ
ရေကလည်း ခန်းပြီ။
ငွေသံကြေးသံတစ်ချွင်ချွင်ဂီတနဲ့
မကခုန်နိုင်တဲံ ဒီနေ့
ဘောက်ဆူးမရတော့တဲ့ စားပွဲထိုးလေးကအစ
ရေခဲသေတ္တာထဲက တစ်ရေးနိုးလာတဲ့ အသားတစ်စ
မျက်နှာပေးမျိုး
" ဟေ့လူကြီး ခင်ဗျားဘာသောက်မှာလဲ"
ကျေးဇူးပြုပြီး
လူ့ပေါ်ကြော့တစ်ယောက်မှာလည်း
ပြုပြင်မှုယန္တရား မထားရဘူးလား။
ငါပေးခဲ့တဲ့ အချစ်နာမည်မပြောင်းလိုက်နဲ့ ကေသီ
ငါပေးခဲ့တဲ့ ကျောနံပါတ် ၂၃ အင်္ကျီပြန်မပေးခဲ့ပါနဲ့ ဂျော်နီ
ငါဖြောင့်ပေးခဲ့တဲ့ အချစ်ဆံပင် ပြန်မကောက်လိုက်ပါနဲ့ ဟန်နီ။
ပျံကျ ညနေခင်းလေးမှာ
ဝေ့၀ဲတိမ်းရှောင်သွားကြသော
လူမှုဘာသာဗေဒအခင်းအကျင်းများ
ဝမ်းနည်းလက်စလမ်းပေါ်
ပျော်ရွှင်မှုထမင်းဟင်းလေးများတွေ့ဖို့ရာ
ကျွန်တော် အိမ်ပြန်နောက်ကျပါမယ်
မေမေ။ ။

စောနဒီ(မြစ်ကြီးနား)

Saturday, November 29, 2008

မြို့လယ်လမ်း

တစ်နွေပူဆဲ
လူထူထပ်သော၊ကွန်ကရစ်တောဟု
စေးချောမြို့လမ်း၊သစ်ရိပ်နွမ်းလျ
စီတန်းရုပ်ရှင်၊ဆူညံယာဉ်ပြေး
ဆင်ဝင်ရှေ့ပေါက်၊တွန့်ကောက်မြွေပတ်
လက်မှတ်တိုးရောင်း၊ပေါင်မုန့်တောင်းကြ
သောင်းပြောင်းရုတ်ရုတ်၊စိတ်ရှုပ်ဒေါသ
ထိုးကြ ကြိတ်ကြ၊ရဲသားစောင့်ရသည်။

တရုန်းရုန်းပင်
ပခုံးထမ်းဟန်၊လက်တွန်းလှည်းတို့
မုန့်ပဲသရေစာ၊ခေါ်အော်ဆူပူ
စားပါ ၀ယ်ပါ၊သည်ကိုလာနော်
လက်မှာလင်ပန်း၊အင်္ကျီနွမ်းနှင့်
မရမ်းချဉ်စပ်၊ဆီးထုပ်ထပ်၍
ကွန်းရှပ်ငါးမုန့်၊ချိုမြုံ့သကြား
ဆားပဲလှော်ရွ၊လစက္ကူကြည်
ဖျော်ရည်သီးချဉ်၊ခွက်ချင်ရောင်းဆဲ
မွန်းလွဲထိန်ညီး၊ချွေးဒီးဒီးယို
မီးလိုဝမ်းစာ၊အေးချင်ရှာကြ။

ဘတ်စ်မှတ်တိုင်၌
ညောင်းထိုင်ခဲ့ပြီ၊လူစည်ကားလှ
ကားတစ်ခြမ်းစောင်း
တွဲလောင်းစီးလာ၊ငါးသေတ္တာသို့
လူတစ်ရာမက၊မတ်တပ်ထလိုက်
ကတ်ကြေးကိုက်နှင့်၊ခါးပိုက်နှိုက်မှ
ခုန်ချလှမ်းတက်၊လုယက်အားခဲ
သွားမြဲခရီး၊နေ့တိုင်းစီးလည်း
မညည်းညူသာ။


သူတောင်းစားမူ
ငါးပြားဆယ်ပြား၊ပေးပါလားရှင်
သနားကယ်ပါ၊စွန့်ကြဲမှာလား
ဆာလောင်ထမင်း၊မျှော်ငေးရင်းက
ရိုးကြွင်းဟင်းကျန်၊တောင်းမြည်ကြံစည်
တေးသီဆိုပြန်၊နူဝဲပြစား
ဘိုးဘွားခါးကျိုး၊ဆိုးမျက်ကန်းရွဲ့
လက်တန်းရွတ်သူ၊ဆုပေးသူတို့
ပေးလှူမလောက်၊ရောက်လာကြမြဲ။

တိုက်နံဘေး၌
အုတ်ဆွေးရေစိမ့်၊မြေအက်နိမ့်စောင်း
ရေပုပ်မြောင်းဟောင်း
ယင်တလောင်းလောင်း
လဲလျောင်းမိန်းမော၊သေငယ်မြောသူ
ရောဂါကပ်မြှေး၊ဆေးနှင့်ဝေးစွ
လမ်းဘေးမှာပျောက်၊အလောင်းကောက်မှ
ရောက်ခဲ့ဆေးရုံ၊ရင်ခွဲရုံသို့
စုန်ဆန်တွင်းပြင်၊ကြောသေးမျှင်တို့
နေ့စဉ်ခွဲစိတ်၊ဆေးကျောင်းသိပ္ပံ
အဖိုးတန်ခဲ့။

ထိုခဏ၌
လှပဖိတ်လက်၊မှနပြိုးပြက်နှင့်
ကားထက်ပြေးဝင်၊စက်အေးချင်ထင့်
ပေါင်ပင်ချုံကြား၊နတ်မယ်ဖွားသို့
သွေးသားရောင်းသူ၊ပြုံးညှို့မြူနှင့်
လူစုံသည့်ဘား၊စပျစ်ခါးကျွန်းမှ
ပန်နုနှုတ်လွှာ၊မျက်ရစ်ပြာနှင့်
ကျဖြာမြိတ်ထုံး၊မြညိုကုံးနှင့်
သလုံးဖြူနု၊ထဘီတိုနှင့်
ကိုယ်ဟန်ကြော့ရွှင်၊ရင်ချီချီနှင့်
ပစ်မှီထိုင်ခုံ၊အိညံ့တုန်မှ
သက်လုံးနွဲ့နွဲ့၊မောပြေခဲ့ဟန်
ခေတ်ရဲ့ပန်းချီရေးခဲ့သည်။

ကြည်အေး
ရှုမ၀မဂ္ဂဇင်း၊ဇွန်၊1972 ၊စာ-23

Thursday, October 30, 2008

မိုးမချုပ်ခင် အိမ်ပြန်မယ်

ဖြစ်သလို
ပြီးဆုံးသွားတဲ့အတိတ်မှာ
ကိုယ့်စိတ်တွေ မဖြူစင်ခဲ့ဘူး..။

ကိုယ်ကိုယ်တိုင်
စိတ်ရှိလက်ရှိ ဆွတ်ခူးစားသုံးခဲ့တဲ့
အရည်ရွှမ်း သစ်သီးတစ်လုံးအတွက်
ဆုံးရှုံးမှုတွေ နောင်တမရ
တသသစွဲမက် ဆဲ......

အမှားတစ်ခုအပေါ်
အမှားတစ်ခုက အရိပ်ထိုးကျပြန်တော့
ကိုယ့်ရာဇ၀င်ဟာ
မှောင်သထက်မှောင်ကျ
တရားရစရာမမြင်
ရှင်လျက်နဲ့ အဓိပ်ပါယ်ကင်း
တွင်းတူး မြှုပ်ပစ်ရတော့မယ်.....

ဘာပဲဖြစ်ဖြစ်လေ
ရတောင့်ရခဲ ဘ၀တစ်ခုအတွက်
အမည်းစက်တွေကင်းစင်ဖို့
ရှေ့ဆက်စီးဆင်းရမယ့်မြစ်မှာ
ညစ်ပတ်တဲ့စိတ်ကိုရေချိုး
မိုးမချုပ်ခင် အိမ်ပြန်မှဖြစ်မယ်.........။

မောင်နှင်းပန်(ရေနံချောင်း)
ချယ်ရီမဂ္ဂဇင်း၊ဒီဇင်ဘာလ၊၂၀၀၇ မှပြန်လည်ကူးယူဖေါ်ပြပါသည်။

Wednesday, October 29, 2008

လွမ်းဆွတ်

အိပ်မက်တွေ
လာရာလမ်းအတိုင်း လှည့်ပြန်ကြ
ညရေ လွမ်းဆွတ်...။

ပန်းတွေ
အပွင့်အတိုင်း ကြွေကြွေကျ
နွေရာသီရေ လွမ်းဆွတ်...။

ဒိုင်ယာရီတွေ
မျက်ရည်အတိုင်းစီးကျ
အနမ်းရေ လွမ်းဆွတ်...။

ဌေးကြည်(စလင်း)
ချယ်ရီမဂ္ဂဇင်း
၂၀၀၈ ခုနှစ်၊စက်တင်ဘာ
အတွဲ ၁ ၊အမှတ် ၁၅၆

Thursday, October 02, 2008

ပဲ့တင်တောမှာ


ဘယ်အရာမှ
ပျောက်ရှ ဆုံးရှုံးမနေလို။
ဘယ်အရာမျှ
ထာဝရ...
ပျောက်ရှဆုံးရှုံးမနေကြ။
ရင်မှသော် လည်းကောင်း...
နှုတ်မှသော်လည်းကောင်း...
လက်မှသော်လည်းကောင်း...
အကြောင်းကြောင်းကြောင့်။

ပေါင်းစည်းချို့တဲ့
နေရာမဲ့ချိန်၊ ချည့်နဲ့တိမ်မြုပ်
ခံစားရုပ်တွေ...
စကားရုပ်တွေ...
ရှင်ပြန်နေလျက်၊ပွင့်ဝေခက်လည်း
သက်ဆက်လှုပ်ရှား၊ရသအားတွေ
ပွားစည်နေသော၊ပဲ့တင်တောမှာ
ဘယ်အရာမျှ၊ ထာဝရ...
ပျောက်ရှ ဆုံးရှုံးမနေကြ။...။

မောင်မြင့်မြတ်

ပြီးခဲ့တဲ့တစ်ပတ်လောက်တုန်းက အိမ်မှာစာအုပ်စင်ပြန်ရှင်းတော့ ကဗျာစာအုပ်ရယ်လဲမဟုတ်ပဲ ဟိုးတုန်းကဆရာများရဲ့ကဗျာတွေကိုစုပြီးချုပ်ထားတဲ့ စာအုပ်လေးတစ်အုပ်သွားတွေ့တယ်၊အဲ့ဒိထဲကမှ ဆရာမောင်မြင့်မြတ်ရဲ့ ကဗျာကိုပြန်လည်ဖေါ်ပြခြင်းဖြစ်ပါတယ်...။

Saturday, September 27, 2008

ပုသိမ်

ရွှေမုဋ္ဌော
ရင်ပြင်ပေါ်မှာ
ကျွန်တော်ကြာငါးခိုင်ပွင့်ခဲ့ပြီ။

င၀န်မြစ်ဟာ ကောက်ကွေ့တယ်
ကောက်တဲ့သူတွေ့ရင်တော့ကွေ့သွားမှာပေါ့လေ။

မြို့လည်မှာ
ရွှေလက်ဘက်ရည်ဆိုင်
ကဗျာဆရာတွေ ရွှေတူးဖော်နေကြတယ်

အို
ကိုးဆူကျောင်းလမ်း
တစ်ခါက ပန်းပွင့်တွေပြန်လည်ရှင်သန်ပါတော့။

လွမ်းတယ်
' ဂျီတီစီ ' ဆရာများအဆောင်က
ညဂစ်တာသံ
ခံစားချက်ပြင်းပြင်းတွေ လွမ်းတယ်

လွမ်းတယ်
အပင်နှစ်ဆယ်ကျေးလက်ထိပ်က
ဆံပင်ညှပ်ထားတဲ့
ကြက်မောက်ပန်းနီနီညိုညိုတွေ လွမ်းတယ်။

လွမ်းတယ်
မြောင်းမြ ပုသိမ်ချစ်သူအိမ်ဖွဲ့နွဲ့တဲ့
သူငယ်ချင်းကဗျာဆရာတွေရဲ့
ရင်ခုန်သံဆိမ့်ဆိမ့်တွေလွမ်းတယ်။

လွမ်းတယ်
ဦး ဘာမုန့်ပါသေးလဲ တဲ့
အိ၊မွန်၊ပို၊ဆက်၊သက်၊ဇင်၊ချမ်း
မြစ်ဝကျွန်းပေါ်သမီးကလေးတွေ လွမ်းတယ်

အ၀ါ
အစိမ်း
အနီ
ထီးသုံးလက်ဆောင်းထားတဲ့
ကျွန်တော့်ကို ယဉ်ယဉ်ကျေးကျေး နှုတ်ခွန်းဆက်သနေတဲ့
ဧရာဝတီမြို့ကြီးရေ....။

နေပူပူ
မိုးစွေစွေ
နှင်းခါးခါး
နောက်တစ်ခါ အရောက်လာရင်
ထီး ကုဋေ ကဋာဖြစ်ပါစေသတည်း။

မောင်သင်းပန်
သည်းထိတ်ရင်ဖို၊အောက်တိုဘာ၊2003

အရင်တုန်းကပြောခဲ့တဲ့အတိုင်းပဲပြောရရင်ဖြင့်.....,
ကျမ ကဗျာတွေတင်ပါတယ်..။ဒီလိုတင်ရာမှာ ရည်ရွယ်ချက်သည်

တစ်ခုထဲပဲရှိပါတယ်။အဲ့ဒါက ကျမခံစားမိတဲ့ကဗျာတွေကို ကျမရင်ထဲလေးနက်သလိုသူတကာတွေကိုလဲ
မျှဝေချင်တဲ့ဆန္ဒတစ်ခုတည်းကြောင့်သာဖြစ်ပါတယ်။
အထူးသဖြင့်ကဗျာတွေဆိုလေးနက်ကြတဲ့အဝေးရောက်အစ်ကို၊အစ်မ၊
သူငယ်ချင်းများ လွယ်လင့်တကူခံစားနိုင်ရန်အတွက်ရည်ရွယ်ပါတယ်..။

Tuesday, September 23, 2008

သူငယ်ချင်းအတွက် သီချင်း

မင်းရဲ့အသံလမ်းထိပ်ဆိုင်က
ငှက်ပျောခိုင်လောက်မချိုမြိန်ပါ။
မင်းရဲ့အကျင့်နောက်ဖေးပေါက်က
ခွေးတသိုက်လောက်မဖြူစင်ပါ၊
မင်းရဲ့အကျင့်စကား
ပူနွေးနေတဲ့ဟင်းအိုးထဲက
ကြေကွဲလွယ်တဲ့ကြက်ဥပြုတ်အလား။
နောက်ဆုံးတော့လည်း
ငါတို့မတည့်
မတည့်လည်းအတူနေ
ငါ့ရဲ့သူငယ်ချင်းတွေ။

ဂျူစီ

ကျမကျောင်းတုန်းကသူငယ်ချင်းရဲ့လက်ရာပါ၊
ဒါကိုပြန်တင်ချင်လို့ သူ့ဆီကခွင့်တောင်းရင်း ငယ်ငယ်ကကဗျာစာအုပ်ထုတ်လို့
ပါမောက္ခချုပ်ရဲ့ warning ပေးခံရတာလေး ပြေးသတိရမိပါတယ်...။