Showing posts with label မေၾကးမံု. Show all posts
Showing posts with label မေၾကးမံု. Show all posts

Wednesday, February 06, 2013

သင်းကွဲ


၁၆ နှစ်ကတည်းက သင်းကွဲခဲ့
အခု ငယ်တဲ့အရွယ်လည်းမဟုတ်တော့ဘူး။

သူတို့ပျော်နေကြသလား၊ သူတို့ဝမ်းနည်းနေကြသလား
သို့မဟုတ်
ပျော်တစ်ဝက် ငိုတစ်ဝက် ဖြစ်နေကြသလား
သတ္ထုကြိုးမျှင်တွေကနေတဆင့်၊
ထိုမှတဆင့်တက်ပြီး
လေလှိုင်းကြားကတဆင့် တွက်ဆ/ခဲ့ရ
ဒီည/ ဒီဘဝ။

တခါတရံများကျတော့ မတတ်နိုင်မှုများစွာကို
အတိတ်ကံဆိုပြီး လွှဲချကြည့်တဲ့အခါ
နေသာထိုင်သာပဲ ရှိသွားတော့သလိုလို။

အခု .. ငယ်တဲ့အရွယ်လည်းမဟုတ်တော့ဘူး
ဒါပေမယ့် ထမင်းရည်ပူငှဲ့နေတဲ့ အမေ့ကျောပြင်နား ပါးအပ်လို့ ငိုချင်တုန်း။

မကြေးမုံ
( ၀၇-၀၁-၂၀၁၃ )

Friday, April 13, 2012

ကိုယ်တိုင်ရေး ပုံတူ



ဒီရက်တွေထဲ လက်ရေးနဲ့ စာရေးရတာကို အတော်သဘောကျနေမိတယ်။
ဟိုတို့တို့ ဒီတို့တို့လေးတွေမှန်သမျှ လက်ရေးနဲ့ပဲ ရေးနေဖြစ်တယ်။ အခု ဒီကဗျာမပီ၊ စာမပီတဲ့ ပါဒလေး သုံးလေးခုကိုလဲ လက်ရေးနဲ့ပဲ ချရေးလိုက်ပါတယ်။ ခေါင်းစဉ်က အငဲ သီချင်းတစ်ပုဒ်နဲ့များ တူနေမလား မသိပါဘူး။ အခုလောလောဆယ်တော့ တခြားလဲ ဘာမှမခံစားနိုင်၊ မစဉ်းစားနိုင်သမို့ .. ဒါလေးပဲ ရွေးလိုက်ပါတယ်။

 ရာသီက အရူးရင့်နေစေသလို စိတ်ကလဲ ရောဂါရင့်နေတဲ့ ကာလ၊ သမယ ပေါ့။

ရေးပြီးလို့ ဓာတ်ပုံလဲရိုက်ပြီးကာမှ နောက်ထပ်တစ်ကြောင်းလောက် ထပ်ထည့်လို့ရသေးတာပဲ လို့ တွေးမိတယ်။
" ငါက အရည်မရ၊ အဖတ်မရ ခံစားချက်တွေနဲ့ အသက်ရှင်နေမိတဲ့ လူပါ " လို့လေ။


နှစ်သစ်မှာ ပျော်ရွှင်ကြပါစေ။
MIRROR
( 13-04-2012 )