Tuesday, September 23, 2008

၄၅ ကားပေါ်ကထိုင်ခုံတွေ

ဒီညနေ ရန်ကုန်ညနေခင်းက အခါတိုင်းနဲ့ မတူဘူးလို့ ကျမစိတ်ထဲ ထင်နေမိတယ်....ဘာလို့ဆိုတော့ ခါတိုင်းညနေတွေ ဘယ်လိုရှိမယ် ကျမ မတွေးခဲ့ မလေ့လာခဲ့ဘူးအိပ်နေတာက များပါတယ်တကယ်ပြောတာ မယုံမရှိနဲ့အလုပ်မရှိ အကိုင်မရှိမနက်ပိုင်းလေး တက်စရာရှိတဲ့ ကျုရှင်လေးသွား၊နေ့လည်အတန်းတွေကိုတော့ ပျင်းတာနဲ့ပဲ ဖျက်ထားတာ တော်တော်ကြာပြီ... အင်တာနက်သုံး ...ပြီးတော့အိမ်ပြန်အိပ်...ကောင်းလိုက်တဲ့တနေ့တာ လုပ်ငန်းဆောင်တာများကွယ်.......(မတူတာက အဲ့လို)
ဒီနေ့တော့မြို့ထဲကို အိမ်ကခိုင်းတဲ့ကိစ္စတစ်ခုရှိလို့ မြို့ထဲကို ၄၅ ဘတ်စ်စီးပြီးသွားတယ်॥ကျမက ၄၅လိုင်းကို သဘောကျတယ်॥ကျောင်းတက်စဉ်အခါကလဲ တခြားလိုင်းတွေ မစီးဘူး...အထူးသဖြင့် တက္ကသိုလ်တွေကိုသွားတဲ့ လိုင်းတွေဆိုပိုမစီးဘူး....

ဒီတစ်ခါလဲ ခါတိုင်းလိုပဲ ၄၅ကားပေါ်ကို ဆိုက်ဆိုက်မြိုက်မြိုက်တက်မိပါတယ်॥၄၅ ကောက်ရိုးကား (စော်ဘွားကြီးကုန်း-ဆူးလေ)ပေါ်ရောက်သွားတော့ ခုံလွတ်တွေမှ အားကြီးပဲ॥ဒါနဲ့ ပျော်ပျော်ပါးပါးကြီး ထိုင်လိုက်တာပေါ့ ဘယ်ရမလဲ ဒါ မဟာအခွင့်အရေး॥နောက်ပြီး ရတောင့် ရခဲ...အဲ မထိုင်ခင်မှာတောင် ဒီက သေချာရွေးလိုက်သေးတာ... ဘုန်းကြီးခုံလား... အတက်အဆင်းနဲ့ နီးရဲ့လား ၊ နီးလွန်းပြန်လဲ မကောင်းဘူးလေ တော်ကြာ အ၀င်တိုက် အထွက်တိုက်က ဖြစ်ဦးမယ်॥အလယ်မကျ တကျ॥ထွက်ရလဲ လွယ်မယ့်နေရာလေး ရွေးထိုင်ပေါ့...လှည်းတန်းမီးပွိုင့်မှာတင် ကားက တော်တော်ကြာပါတယ်...လူတွေကလဲ မီးပွိုင့်ကနေ တက်လာတာကိုပဲ ကားတစ်စီးလုံးရှိသမျှ ခုံတွေအကုန်လုံးပြည့်... မတ်တပ်တွေလဲ များလာတယ်...

ဒါပေမယ့် မြေနီကုန်းရောက်တော့ လူတွေတော်တော်များများဆင်းသွားကြတယ်........
အဲ့ဒီမှာက ဘာဖြစ်လဲဆိုတော့ မြေနီကုန်းက ခုမှတ်တိုင်ပြောင်းထားတယ်...
အရင်တုန်းက မီးပွိုင့်ကျော်မှ।ခုကျတော့ မီးပွိုင့်မရောက်ခင်မှာ॥မှတ်တိုင်မဟုတ်ဘူးမှတ်လို့ မဆင်းသေးတဲ့လူတွေများမှာလဲ ကားနောက်လိုက်ကအော်တာကို ခံကြရသေးတယ်...ဒီမှာက ဒီလိုပဲ ဘယ်နေ့က ဘာတွေပြောင်းလဲသွားခဲ့လဲ ဘယ်သူမှ မသိပါဘူး॥
ဒါပေမယ့် ...........................

မသိတာသည်... မသိတဲ့သူရဲ့ အပြစ် ဖြစ်ဖြစ်နေတတ်တယ်....

လူတွေကဆင်းသွားကြပြီ॥ထိုင်ခုံတွေလဲ လွတ်တန်သလောက်လွတ်သွားပြီး ....အဲ့ဒီ အချိန်မှာကျမတွေ့ရတာကတော့....လူတစ်ယောက် .... အ၀တ်အစားက သပ်သပ်ရပ်ရပ်....အပေါ်က စပို့ရှပ်အဖြူ।အောက်က စတိုင်ပန် အမဲ နဲ့ ॥တော်တော်လေးသပ်သပ်ရပ်ရပ်ရှိတယ်ဆိုရမယ်।ထိုင်ခုံတစ်ခုကနေ ထလာပြီး...(ဒါပေမယ့်) သူကပိုကောင်းမယ့်ခုံကိုထပ်လိုက်ရှာနေတယ်....ဟိုပြောင်း...ဒီပြောင်း....
မှတ်တိုင်ကတက်လာတဲ့ လူတွေမှာတော့ ဘယ်နေရာထိုင်လို့ ထိုင်ရမယ်မှန်း မသိ...
သူရို့တွေကရော....သူတို့နေရာမရခင်တော့ မျက်နှာငယ်လေးတွေနဲ့ပေါ့... နောက်တစ်မှတ်တိုင်လောက်နေပြီးလို့ သူတို့နေရာရသွားခဲ့ရင်ရော॥ဒီလိုပဲ....တစ်ခါ ကိုယ်ထိုင်နေတဲ့ခုံကိုလဲ လက်မလွှတ်ရက်...နောက်ထပ်ကောင်းမယ့် ခုံကိုရှာ..... လုပ်ကြဦးမယ်တူပါတယ်.....
တချို့ဆိုရှိသေးတယ် ကိုယ်ထိုင်ရုံတင်မကဘူး အတူပါလာတဲ့ အမျိုးတွေကိုလဲ လှမ်းခေါ်လိုက်သေး.....

ကျမတွေးမိတယ် ကျမကရော... ဒီလူနဲ့တူတူပဲလား.... လူ့စိတ်ဆိုတာကရော ဒီလိုပဲလား....
ရပြီးသားနေရာတစ်ခုကို မက်မောတွယ်တာရုံတင်မက .....ထပ်ထပ်ပြီးတော့
ပြင်ဆင်မွမ်းမံချင်တာလောကဓမ္မတာလား.....


သူ့နေရာလဲ ပျောက်မှာစိုးတယ်.... သူများကိုလဲ သူနေရာကောင်းမပေးချင်ဘူး...ထပ်ပြီးလဲ ရှာနေသေးတယ်......

No response to “၄၅ ကားပေါ်ကထိုင်ခုံတွေ”