Tuesday, September 23, 2008

လမ်းပေါ်မှာလေ

မြေနီကုန်းကနေ လှည်းတန်းကို အသွား...ပြည်လမ်းမပေါ်မှာ.....
မြေနီကုန်း ဒဂုံစင်တာဘေးကနေ စပြီး လှည်းတန်းရောက်တဲ့အထိပဲလို့ဆိုရမယ်॥ကားက ဘီးတစ်လိမ့်ချင်းပဲ သွားနေရတယ်.....ကားနောက်လိုက်နဲ့ ကားဆရာ ရဲ့ ဆဲသံ အော်သံတွေကြားမှာ ကားပေါ်က ခရီးသည်တွေကတော့ ဘာမှစိတ်ခံစားမှု မရှိသလို...တနည်းပြောရရင် သည်းခံနိုင်စွမ်းအားကို ပါရမီဖြည့်ကျင့်နေကြပုံပါပဲ॥အဲ့ဒီထဲမှာ ကျမလဲ ပါတယ်...

မြေနီကုန်းကနေ ဟံသာဝတီ အ၀ိုင်းထိ ပိတ်လိုက်တဲ့ ပိတ်လိုက်တဲ့ကားတွေ...မနည်းမနောပဲ
ဟံသာဝတီအ၀ိုင်းမှာ "အ၀ိုင်းပတ်ယာဉ် ဦးစားပေးပါ " ........ ဒီလိုမျိုးရေးမထားပေမယ့် ကားဆရာများခမျာ လှည်းတန်းဘက်က တက်လာတဲ့ ကားတန်းကြီးကို စိတ်မရှည်စွာနဲ့ပဲ စောင့်နေပါတယ်...အ၀ိုင်းပတ်ယာဉ်ကလဲ များပဲများလွန်းလှတယ်လို့ ကျမစိတ်ထဲ တွေးနေမိပါတယ်....ဟိုဘက်ခြမ်းမှာရော ကားတန်းက ဘယ်ထိရှည်နေမလဲ နောက်ပြီး အဲ့ဒီကားတန်းက လှည်းတန်းထိများ ပြန်ရောက်နေပြီလား....
လှည်းတန်းမရောက်ခင် နာနတ်တောလမ်း မီးပွိုင့်မှာပဲ ထပ်ပိတ်ဦးမလား.....
ကားပေါ်က ခရီးသည်တွေကတော့ ချွေးသံရဲရဲ.....နောက်ပြီး ညီထွဋ်သီချင်းလို ရှင်သန်ရဲရဲ....

တရွေ့ရွေ့နဲ့ ကားတန်းက ဟံသာဝတီအ၀ိုင်းနားထိ ကပ်လာပြီ...
"တောက်...ဘာလို့ဒီလောက်ပိတ်နေရတာလဲ ကွာ "
ရော်.. ဒီလူနဲ့တော့ ခက်နေပါပြီ..ရှေ့နားက ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်း (TTC) ရှိတယ်လေ
ဒါက ကျမအတွေး...ကလေးတွေ ကျောင်းဆင်းချိန်မို့ထင်ပါရဲ့..
ဒါပေမယ့် စမ်းချောင်း (၂)နားမှာတော့ ပိတ်ဘူးဟ..ဘာဖြစ်တာလဲ မသိဘူး။


ခဏနေတော့မှ အားလားလား ကျမထင်တာ ဘယ်ဟုတ်ရပါ့လဲ ......

တစ်ဘက်ခြမ်းကနေ ကားမဲမဲ အတန်းလိုက်ကြီး ဖြတ်သွားပါရောလား.....................(ဘာတွေလဲတော့ မသိ)...


မိနစ် ၃၀လောက်အချိန်ကုန်ပြီးတဲ့ အခါမှာတော့ ကျမလဲ လှည်းတန်းကိုရောက်ပါတော့တယ်...

No response to “လမ်းပေါ်မှာလေ”