ကျမ ဘလောဂ့်ရေးနေတဲ့အကြောင်းညတုန်းကစဉ်းစားမိတယ်.သို့သော် သူတကာလိုတော့ ဖွင့်လျက်သား ကိုယ်စာမျက်နှာလေးရှေ့ဝယ် ထိုင်ပြီးစဉ်းစားနေရခြင်းမျိုးတော့ မဟုတ်ရပါ..သတိထားမိတာ တစ်ခုက ကျမစာတွေဟာ သရော်စာလဲ မဟုတ် ...အပျော်ဖတ်လဲ မဟုတ်...ရသလဲ မဟုတ်..ပညာရပ်ဆိုင်ရာလဲ မဟုတ်... ဒါဆိုဘာများဟုတ်တာရှိသေးလဲ...
တကယ်တော့ စာပေရေးရာနဲ့ ပတ်သက်ရင် စာဖတ်ရုံသက်သက်က လွဲပြီး တခြားဘာမှ မသိ၊မတတ်ပါဘူး...
စာပေကို ခွဲခြမ်းစိတ်ဖြာဖို့ဆိုတာ ပိုဝေးရောပေါ့.. သူများစာကို မဆိုထားနှင့်။ ကိုယ့်စာကိုပဲ ဘာတွေပေါလိမ့်လို့ ပြန်တွေးရတဲ့ အခြေအနေဆိုတော့ ဒီစာရေးတဲ့သူရဲ့ အဆင့်အတန်းကို ခန့်မှန်းသိရှိနိုင်လိမ့်မယ်လို့ ထင်ပါတယ်...
အရင်ဆုံးသရော်စာဆိုတာ ဘာတွေပါလိမ့်လို့တွေးမိတယ်..အဖြေကတော့ သိသလိုမသိသလိုပါပဲ
နောက်..အပျော်ဖတ်..ဒါလဲ ဘာတွေလဲဆိုတာ ရေးရေးတော့ မြင်သလိုလိုပဲ..
နောက် ရသ ..ဒါကတော့ ဝေးပေါ့..ဘယ့်နှယ့်မှ မဖြစ်နိုင်ဘူး....
နောက်ဆုံး ပညာရပ်ဆိုင်ရာ..အထူးသဖြင့် ခုလုပ်နေတဲ့ ဘလောဂ့်ဂင်းနဲ့ ပတ်သက်တာတွေ ငါဘာများတတ်တာရှိလဲ လို့စဉ်းစားမိတယ်...
ဘာမှ မသိပါဘူး သူများပေးတဲ့ တမ်းပလိတ်နဲ့ သူများလင့်ခ်ပေးတဲ့သူတွေနဲ့..ဘာမှ မတတ်....... :)
ဒါဆိုဘာကြောင့်များ ကျမစာတွေရေးနေတာလဲ..စာတွေလို့တောင် အမည်တပ်လို့မရတန်ဘူးထင်ပါရဲ့..
ဆရာမ ဂျုးရေးတဲ့ "ကျမ ဖတ်ဖူးသော စာအုပ်များ" ဆိုတဲ့ စာအုပ်ရဲ့နောက်က စာတစ်ပိုဒ်ကို ပြေးသတိရမိတယ်..
သူငယ်စဉ်က စာရေးဖို့ စဉ်းစာတိုင်း ဖြစ်တတ်လေ့ရှိတဲ့ စိတ်ခံစားမှုကိုပြောတာလို့ ထင်မှတ်ရပါတယ်...သေချာတော့ မမှတ်မိတော့ပါဘူး....အကြမ်ဖျင်းပြောရရင် ရေးရမှာ မ၀ံ့တဲ့စိတ်..ဆရာ့ ဆရာကြီးတွေရဲ့ စာတွေကို ဖတ်ပြီး ကိုယ့်ကိုယ်ကို သိမ်ငယ်တဲ့စိတ်၊ ငါ့စာတွေက အဆင့်အတန်းမှမှီရဲ့လား..စသည်ဖြင့်ပေါ့ ..ဒါက သူငယ်စဉ်အခါတုန်းကပါ..ခုချိန်မှာတော့ ဆရာမဂျုးက မြန်မာပြည်ရဲ့ Best Seller စာရင်းဝင်တစ်ယောက်ပါ...ဒါကိုဘယ်သူမှ မငြင်းနိုင်ပါဘူး..
ကျမလဲ ခုအဲ့လိုပါပဲ..ကိုယ်ရေးချင်တဲ့ အကြောင်းအရာလေးတွေ၊ကိုယ့်ဖန်တီးချင်တာလေးတွေကို ကိုယ့်ဘာသာကို တွေးမိတဲ့အတိုင်းရေးနေမိတာပါပဲ..
ဒါကိုမှ လာဖတ်တဲ့ သူတွေရှိတယ်ဆိုတာ တွေ့ရတော့ ဘာပြောရမှန်းမသိအောင်ကို.. ကျေနပ်နေမိတာပါ(မျက်စိလည်လမ်းမှားပြီး ရောက်လာတာလည်းဖြစ်နိုင်ပါတယ်..)
အဆုံးသတ်ပါတော့မယ်.. ရေးချင်ရာလျှောက်ရေးနေတာလဲ တော်တော်ကိုရှည်လာခဲ့ပြီ..
ညတုန်းက မမြင်ရဘဲ စဉ်းစားတုန်းကလိုပဲ ခုမနက် သေချာပြန်ဖတ်ကြည့်တော့မှ ကျမစာတွေဟာ "အငေါ့တူး" စာတွေပဲဖြစ်နေတယ်ဆိုတာ ပိုသေချာသွားတော့တယ်... တော်တော်လေးလဲ နင့်နေအောင် စိတ်မကောင်းဖြစ်မိတယ်.. ခေတ်သစ်စာပေတစ်ခုလို့ပဲ ကိုယ့်ဘာသာကို အမည်တပ်ပြီးနေလိုက်ပါတော့တယ်....
ကျမစိတ်တွေဟာ.. ခုချိန်မှာ ပြောချင်တာမပြောရ..လုပ်ချင်တာ မလုပ်ရ...နေချင်သလိုမနေရ..သွားချင်သလို မသွားရ..
ဒီ အတ္တစိတ်တွေနဲ့ လှောင်ပိတ်ပြီး..ဘယ်သူ့ကို ငေါ့နေမှန်းမသိတော့ပါဘူး....
Tuesday, September 23, 2008
« Newer Post
Older Post »
No response to “စိတ်နဲ့ကိုယ်နဲ့”
Post a Comment