Wednesday, October 29, 2008

ဆေးလိပ်နဲ့လူများ

မနေ့တုန်းက အလုံက Parisian မှာကော်ဖီသွားသောက်ကြတယ်..။
အစ်မနဲ့ သူကလေးနှစ်ယောက်လဲပါတယ်..။
အကြီးမက ၃ နှစ်ပြည့်တော့မယ်..။
အငယ်လေးက ခုမှ ၃ လသားပဲရှိသေးတယ်..။
အပြန်ကားငှားကြတော့ ထိုးရပ်လာတဲ့ကားပေါ်ကကားဆရာက လက်ထဲမှာစီးကရက်နဲ့..။
ဒီနေရာမှာကျတော့ ကျမအားမနာတတ်တော့ပါဘူး..။
ကျမမျက်စိက ချက်ချင်းအဲ့ဒိဆေးလိပ်ဆီကိုရောက်သွားတယ်..။
ကားဆရာကလဲသိပါတယ်..။
ချက်ချင်းလက်ထဲက ဆေးလိပ်ကိုတောက်ထုပ်ပစ်လိုက်တယ်..။
ကျမကြည့်လိုက်တော့ ဆေးလိပ်ကမီးညှိကာစပဲရှိသေးတယ်..။အဲ့ခါကျတော့မှ အားနာမိတော့တယ်..။
တကယ်ဆို မီးလေးငြိမ်းပီး ထားလိုက်ရောပေါ့..။
ထားပါတော့လေ..၊ကားဆရာကို ကျမစိတ်ထဲကကြိတ်ပြီးလေးစားဂုဏ်ယူမိတယ်..။
ကားပေါ်ကဆင်းတော့တောင် ခါတိုင်းပြောနေကျလို ကျေးဇူးအစ်ကိုလို့မပြောမိပဲ
ဆောရီးနော်အစ်ကို ဆိုပြီးယောင်မှားပြောမိခဲ့သေးတယ်..။

လူတိုင်းမှာ ကိုယ့်အခွင့်အရေးနဲ့ကိုယ်ရှိကြတယ်ဆိုပေမယ့် ကိုယ့်ရယူထားတဲ့အခွင့်အရေးကြောင့်
သူများမှာ ထိခိုက်စေတာမျိုးဆိုရင်တော့ မကောင်းဘူးပေါ့..။နောက်ပြီး အငှားကားဆိုတာက
ကျမတို့စိတ်ကြိုက်ရွေးချယ်ပိုင်ခွင့်ရှိတယ် မဟုတ်ဘူးလား..။ဒါဆို ကျမတို့စိတ်ကြိုက်ရွေးချယ်ပိုင်ခွင့်မရှိတဲ့
ဘ၀တွေမှာကျတော့ရော...ဘယ်လိုတွေကြုံရတတ်သလဲ........။


ဒီနေ့..။
ကျမတို့ Favourite Place စိမ်းလန်းစိုပြေကိုသွားကြတယ်..။
အကြီးမ တူမလေးပဲပါတယ်..။သူကဟိုဟိုဒီလျှောက်ကစားတယ်..။
ကျမတို့က ကိုယ့်စားပွဲမှာပဲထိုင်နေရင်းက သူ့ကိုလိုက်ကြည့်နေရုံသာ..။

စားလို့သောက်လို့ပြီးခါနီးတော့ ဘေးစားပွဲကိုလူသုံးယောက်ဝင်လာတယ်..။
သူတို့ပုံစံတွေကို ကျမပြောပြချင်တယ်..။ပုံစံတွေလို့ပြောတာက သုံးယောက်လုံးကပုံတူတွေမို့လို့ပါ..။
ဘယ်လိုပုံစံတွေဖြစ်မလဲ..။သိပ်ချစ်လို့ ပုံစံတူတွေဖြစ်နေတာတော့မဟုတ်နိုင်ပါဘူး။
ဆံပင်ကလဲ ပုံစံတူ၊တိုနံ့နံ့တွေ၊နောက်ပြီး စတိုင်ပင်တွေကိုပဲဝတ်ထားတယ်..။
အပေါ်က Sport Shirt လို့ခေါ်ရမယ့် ရှပ်လက်တိုတွေနဲ့..။အရောင်သာကွဲချင်ကွဲမယ်..။
အဆင်ဒီဇိုင်းကတော့ အတူတူတွေပဲ..။ပတ်လည်စင်း ရှပ်တွေ၊
လမ်းလျှောက်ပုံ ကကျတော့ရော..တစ်ပုံစံတည်း။ဘယ်ညာ၊ဘယ်ညာအော်ပြီးလျှောက်နေသလိုပဲ ..။
ညီလို့ ညာလို့ ။ကဲ ဘယ်သူတွေဖြစ်မလဲ..။စဉ်းစားသာကြည့်ပါတော့..။ဘယ်သူတွေဖြစ်မလဲဆိုတာ..။

အရိပ် အရောင်၊အနံ့၊အငွေ့အသက်ရရုံနဲ့ ရင်ထဲကပျို့အန်ချင်လာတယ်..။
တကယ်..။ကျမတူမလေးရပ်နေတဲ့စားပွဲဆီကိုသူတို့ဦးတည်သွားနေတယ်..။
ကလေးဆန်တယ်ပဲပြောပြော တူမလေးကို ချက်ချင်းလှမ်းခေါ်လိုက်တယ်..။
စိတ်ထဲမှာလဲ ဘာလို့သူတို့က လူကြားသူကြားထဲထိရောက်လာတာလဲလို့တွေးပြီး ဒေါသထွက်နေမိတယ်..။
ခုလက်ရှိအခြေအနေမှာ သူတို့တွေကိုနေရာတကာမှာတွေ့နေရတယ်..။တော်တော်စိတ်ပျက်ဖို့ကောင်းတယ်..။
ကင်းလိပ်ချောလို ပျောင်ချော်ချော်နဲ့..။

သူတို့သုံးယောက်လုံးလက်ထဲမှာလဲ ဆေးလိပ်ကိုယ်စီနဲ့..။
Thanks for No Smoking ဆိုတဲ့စကားကိုပဲ နားမလည်တာလား။
ဒါမှမဟုတ် လူ့စည်းကမ်းဆိုတာကိုနားမလည်တာလား။
ဒါမှမဟုတ် မရတဲ့လူ့အခွင့်အရေးကို လူကြားသူကြားထဲမှာမှ တရားဝင်လာပြီး အသုံးချပြတာလား..။

သူတို့အနားမှာ 3 နှစ်အရွယ်ကလေးငယ်တစ်ယောက်ရှိနေတယ်..။
ဘုမသိ၊ဘမသိနဲ့ သူတို့ကို မော့ကြည့်နေတယ်..။
သူတို့မသိဘူးလား။ကိုယ့်အပြုအမူက တခြားတစ်ယောက်ကို၊အထူးသဖြင့်
ဘာမှမသိနားမလည်တဲ့ ကလေးငယ်တစ်ယောက်ကို ထိခိုက်နေတယ်ဆိုတာ..။
လူသာမာန်ဆိုရင်တောင် ကျမဒီလောက်ထိ ဒေါသဖြစ်လိမ့်မယ်မထင်ပါ..။

ဆေးလိပ်သောက်တာ အပြစ်လို့ ကျမ လုံးဝမယူဆပါ..။
လူတိုင်းမှာ ကိုယ်နှစ်သက်ရာကိုယ်လုပ်ခွင့်ရှိပါတယ်..။
ကိုယ့်ကိုယ်ကိုကျေနပ်နေကြရင်ပြီးပါတယ်..ဘယ်သူမှ ဘာမှလိုက်ပြီးခံစားနေစရာလဲ
မလိုအပ်ပါဘူး..။ဒါပေမယ့် လူသားချင်းစာနာစိတ်ကလေးရှိဖို့တော့ လိုတာပေါ့..။
မဟုတ်ဘူးလား..။

ကျမပြေးသွားပြီး တူမလေးကိုပြေးသွားပြီး ခေါ်လိုက်တယ်..။
သူ့ကို ဆေးလိပ်အနံ့အသက်တွေနဲ့ဝေးရာ..၊ညစ်ညမ်းတဲ့ပတ်ဝန်းကျင်နဲ့ဝေးရာ ကျမခေါ်သွားမိပါတော့တယ်..။
ကျမသူ့ကို ဒီပတ်ဝန်းကျင်မှာ မကြီးပျင်းစေချင်ဘူး..။
ဒီမှာရှိနေတဲ့ ကလေးတိုင်းကိုရော ဒီပတ်ဝန်းကျင်မှာ၊ဒီခေတ်ပျက်ထဲမှာ မကြီးပျင်းစေချင်ဘူး။

6 Responses to “ဆေးလိပ်နဲ့လူများ”

Anonymous said...

ကားဆရာ အစ်ကိုကြီးကိုလေးစားတယ် ဟိုကောင်လေး ၃ ယောက်ကိုတော့ ခေတ်လူငယ်ဆိုတော့ နားလည်ပေးလိုက်ပါတယ်း) ကျနော်က ဆေးလိပ်မသောက်တက်ပါဘူးကြော်ငြာ ဟဲဟဲ

Anonymous said...

ရှင်သန်ပေါက်ဖွားရာနေရာတွေ၊ တိုးတက်ကြီးပြင်းရာ နေရာတွေကို ရွေးချယ်ပိုင်ခွင့် ကျုပ်တို့ဆီမှာ အပြည့်အ၀ ရှိရင်တော့ ကောင်းတာပေါ့လေ....အဲ့သလိုမှ မဟုတ်ရင် တွေးပြီးခံစားနေရတဲ့သူတွေမှာသာ ဒဏ်ရာတွေ ရနေတော့မှာ..သိပ်မခံစားပါနဲ့လေ။

mirror said...

ကျေးဇူးပါ မောင်မျိုးရေ...
ဟိုကောင်လေးသုံးယောက်က သာမာန်ခေတ်လူငယ်ဆိုရင်
ကိုယ်ကခွင့်လွှတ်နိုင်ပါတယ်ဟာ..
သူတို့အဆင်အပြင်တွေကို နင်ပြန်ကြည့်ဦးလေဟာ
ငါဘာကြောင့်စိတ်တိုလဲဆိုတာတွေရမပေါ့...

Anonymous said...

အဲ့ဒီသုံးယောက်ကတော့ ..... ဒီလိုပါပဲ အမရယ်။ ဘယ်အသိုင်းအဝိုင်း ဘယ်ဝန်းကျင်မှာဖြစ်ဖြစ် ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူတွေလည်း ရှိနေကြတာပေါ့ ။ ခက်တာက အမပြောသလိုပဲ ဒီလိုခေတ်ပျက်ကြီးထဲမှာ ကောင်းတဲ့သူက ရှေ့ထွက်ဖို့ခက်တယ်လေ ။ အထူးသဖြင့် ခုန ပုံစံတူသုံးယောက်တို့ရဲ့ လောကထဲမှာဆို ခုချိန်မှာ စိတ်ကောင်းစိတ်မြတ်ရှိတဲ့သူတွေက နောက်ဘက်ခပ်ကျကျမှာပါပဲ ။ အဲ့ဒီလိုလူကောင်းတွေ ရှေ့ထွက်လာရင်လည်း အရင်ကစကားနဲ့ ပြောရရင် ဖြုတ်ထုတ်သတ်ခံရလိုက်မှာပါပဲ ။အဲ့လို ထုံးစံသာဓကတွေကလည်း အများကြီးရှိခဲ့ပါတယ်။ ဆက်ပြောရင် ရှည်နေပါဦးမယ်။ ဒီစာအတွက်ကျေးဇူးပါ အမရေ ။
ဒါနဲ့ ကျနော်က အရပ်သားမိဘဘိုးဘွားတွေက ဆင်းသက်လာတဲ့ အရပ်သားစစ်စစ်ပါ ။ လူမဆန်သူ တစုအတွက်ကြောင့် လူမှန်တချို့ အမျက်ခံရမှာမလိုလားပါဘူး ။ အားလုံး လွတ်လပ် ငြိမ်းချမ်းပါစေ ။။။

Anonymous said...

အမပြောတာမှန်ပါတယ်...လောကမှာ ဒါမျိုးလူ့အခွင့်အရေးဆိုတာကို နားမလည်ပဲနဲ့ လုပ်ဆောင်နေတဲ့သူတွေရှိပါတယ်...ဒါပေမယ့် အဲဒီလိုမကောင်းတဲ့လူတစ်ချို့ကြောင့် အကုန်လုံးအဲဒီလိုလို့မမှတ်စေချင်ဘူး ....

ဆံပင်ပုံစံ တိုနန့်နန့် ၊ စပို့ရှပ် ၊ စတိုင်ပင် နဲ့
ဆင်တူ ၀တ်ပြီး “ စား ” နေတဲ့ လူတွေကို
ကျနော် ဒီလို မြင်ပါတယ်

“ .......... ။ ......................။ ........................... ။ ”