Saturday, October 25, 2008

အသက် ၂၃

စာအုပ်တစ်အုပ်မှာဖတ်ဖူးတဲ့စာကြောင်းလေးပါ။

The Last birthday that's any good is 23.(Andy Rooney)

စာရေးသူ ဘာသာပြန်ပေးထားတာက

"အရာရာမှာ အကောင်းဆုံးဖြစ်တဲ့ လူ့ဘ၀ရဲ့ နောက်ဆုံးမွေးနေ့ဟာ
အသက် ၂၃ နှစ်ဖြစ်တယ် "တဲ့။(အင်ဒီရော်နီ)

တကယ်ပဲဒီနေ့ဟာ အကောင်းဆုံးဖြစ်တဲ့ နောက်ဆုံးမွေးနေ့လား။

ဒီနေ့ ကျမအသက် ၂၃ နှစ်ပြည့်ပါတယ်။
အမေ့ကိုသတိရတယ်။
မွေးစကနေ ခုအသက် 23 နှစ်ရှိတဲ့အထိ ကျမကို
အမေတစ်ယောက်ထဲ ရုန်းကန်ပြီး လူ့လောကထဲကိုတွန်းပို့ပေးခဲ့တာတွေ၊
အမေ့သတ္တိတွေ၊အမေ့ခွန်အားတွေကို
ပြန်လည်သတိရအောက်မေ့ရင်း....။

5 Responses to “အသက် ၂၃”

Anonymous said...

Happy Birthday, Mirror
:)

၂၃ နှစ်မှသည် ၂၃၀ထိ ပျော်ပျော်ပါးပါး စာတွေလဲရေးနိုင်ပါစေ

blue sand

Anonymous said...

"အရာရာမှာ အကောင်းဆုံးဖြစ်တဲ့ လူ့ဘ၀ရဲ့ နောက်ဆုံးမွေးနေ့ဟာ
အသက် ၂၃ နှစ်ဖြစ်တယ် "တဲ့။ တကယ်ဆို နောက်မွေးနေ့ ကမကောင်းတော့ဘူးပေါ့ အဲ့လိုလားမသိး) ကျနော်လည်းမလိုတော့ပါလားနော် အိုတဲ့စာ၇င်းထဲပါပြီး ဟားဟား Happy Birthday မမေရာ ပျော်ရွှင်စရာမွေးနေ့ လေးဖြစ်ပြီး ရှေ့ဆက်လျှောက်ရမယ့် လမ်းတွေ သာယာ ဖြောင့်ဖြူးပါစေဗျာ ..။

(ဘာမှလည်းမကျွေးဘူးး )

mirror said...

ကဲပြော ဘာကျွေးရမလဲ၊
စားချင်တာပြော..။
မလာနိုင်တာကတော့ တတ်နိုင်ဘူးနော...:)
အလကားနောက်တာပါ မောင်မျိုးရယ်
အကျွေးမှတ်ထားပေါ့...ရန်ကုန်လာတဲ့အခါကျွေးပါ့မယ်...။

့ဟတ်ပီးဘတ်ဒေးပါ ညီမရေ...

ATN said...

မွေးနေ့ဆိုတာ အမေ့ ကျေးဇူးကို ပြန်အောက်မေ့ရတဲ့နေ့ပဲ။

ခုလို အမေ့ကျေးဇူးကို သိတတ်တဲ့ သူတယောက်
ဘ၀ခရီးလမ်းတလျှောက်မှာ ခလုပ်မထိ ဆူးမငြိပါစေနဲ့...

၂၃ မှသည် ၁၀၀ အထိ

ပျော်ရွှင်ဘွယ်မွေးနေ့ ဖြစ်ပါစေ ညီမရေ့