Thursday, October 23, 2008

လှည်းတန်း

စားချင်တာလာစား
အကုန်ရတယ်
ကိုယ်မှာတာကိုယ်စား၊ကိုယ်စားတာကိုယ်ရှင်းရင်ဖြစ်ပါတယ်။

မုန့်ဟင်းခါးနဲ့ ဇီးသံပုရာ၊
ဘိန်းမုန့်နဲ့ ထုံချိုင်း
ကတ်ကြေးကိုက်နဲ့ လေဘေးထည်
ရှမ်းခေါက်ဆွဲနဲ့ ဒိန်ချဉ်
Singapore နဲ့ ကျော်ဦး
ရန်ကင်းနဲ့ကြည့်မြင်တိုင်
ဒါတွေ၊ဒါတွေ
အကုန်မှာ အကုန်ရပါ့။

အိမ်ရှေ့ဝရံတာခြေတစ်ဖက်ချ
ရှေ့က စိန်ဂေဟာအသစ်ကျပ်ချွတ်မှာ
ဆင်းလိုက်တက်လိုက်
တက်လိုက်ဆင်းလိုက်
သူငယ်မများ
အိတ်ကလေးတွေ ဖွင့်ပေးလိုက်
ဒါမှမဟုတ်
အိတ်ကလေးတွေ ပေးဖွင့်လိုက်
ဘာတဲ့
Soft Opening ဆိုပါလား။...။

စည်တယ်၊စည်တယ်
လူတွေ တကယ်စည်တယ်
စည်နေပြီး လူမများတာလား
လူများပြီး ပွဲမစည်တာလား
တော်တော် ဦးဏှောက်ခြောက်ပါရဲ့
အထာနဲ့ စဉ်းစားရတာဒီမှာက။

ရှေ့ကဖြတ်လျှောက်သွားတဲ့မိန်းမငယ်
ခြေနှစ်ချောင်းက လိမ်ဖယ်ဖယ်နဲ့
စကတ်အနံက ခြေပေါင်လည်
အလိုကွယ် ဘယ့်နှယ်ဖြစ်ပါလိမ့်
အဘများ မျက်စိမှုန်ရော့သလား။

စည်တယ်၊
တကယ်စည်တယ်၊
အဲ့ဒါဘာရှိလိမ့်မလဲ
ရုံးစု၊ရုံးစုနဲ့ ဟောဒိလမ်းမကြီးပေါ့။

တစ်ခေါက်တစ်ခါများတော့
အရောက်လာစမ်းပါ့..၊
ဇီးဖျော်ရည်လေး တိုက်ပါ့မယ်။

4 Responses to “လှည်းတန်း”

Anonymous said...

တကယ်လာမှ ထွက်မပြေးနဲ့ နော်.. ဟာဟ ဇီးဖျော်ရည်တော့ မသောက်ဖြစ်တာ ကြာရောပေါ့...

mirror said...

အယ် လာသာလာခဲ့ပါ ကိုဂစ်တာရယ်
ဇီးဖျော်ရည်လောက်တော့ တိုက်နိုင်ပါသေးတယ်...။
ကြိုဆိုပါတယ်.။:)

Anonymous said...

မျက်လုံးထဲ မြင်ယောင်သွားတယ် လှည်တန်းဆိုတာ ဘယ်နားမှာလည်း ကြားတော့ ကြားဖူးတယ် တကယ်လာလည်ရင် ထွက်မပြေးနဲ့ နော်း)

လှည်းတန်းကိုလွမ်းလိုက်တာ..
တချိန်က ပါဝင်ပျော်ရွှင်ခဲ့ဘူးတဲ့နေရာလေးတွေ...
ခုတော့လည်း..