Friday, December 19, 2008

ဒီလိုတွေးမိတယ်.....

ဒီရက်ထဲ ဘာစာမှမရေးဖြစ်ပါ။စိတ်ပါဝင်စားမှုလဲ အားမကောင်းသလို၊တခြားသော ပတ်ဝန်းကျင်အခြေအနေကလဲ အဆင်မပြေလှပါ။ဒီကြားထဲ တစ်ချက်၊တစ်ချက်ကြားရတဲ့ ပဋိပက္ခလေးတွေကလဲ စိတ်ထဲမယ် ကသိကအောက်ဖြစ်ရသည်။စင်ပေါ်ကလူတွေကတော့ ဘယ်သို့ခံစားလေမယ်မသိ၊သို့သော် ခုမှ ဒီပတ်ဝန်းကျင်သို့ရောက်တာ လသားအရွယ်ပဲရှိသေးတဲ့ ကျမအတွက်တော့ ဒါကထိတ်လန့်စရာတစ်ခုပဲ။တစ်ယောက်ထဲ ကိုယ့်ဘာသာကိုယ် တွေး၊ထင်၊ကောက်ချက်ဆွဲပီး ဒီသံသရာထဲဝဲနေမိတယ်ဆိုပါတော့လေ။

နောက်ထပ်တစ်ခုရှိပါသေးသည်။ဒါကတော့ ကျမရဲ့ရှေ့ဆက်မယ့် လမ်းကိုစဉ်းစားနေခြင်းပါပဲ။
ကိုငှက်ရဲ့ သီချင်းတစ်ပုဒ်လိုသာပ။ဝါသနာထက် ကိုယ်(အို)၀မ်းရေးခက်ပီ၊ဒီသီချင်းဟာ ငါ့ရဲ့နောက်ဆုံး သီချင်းဖြစ်ရင် ဖြစ်မယ်...။
ဆိုသလိုပေါ့။ကျမလဲ ၀မ်းရေးအတွက် အထုပ်လေးတွေထုပ်ချေမှ ဖြစ်တော့မယ်လို့တွေးမိပါသည်။ဒါကြောင့် အထုပ်ကလေးတွေထုပ်နေတုန်းမှာ ကျမရဲ့ ရေးချင်သလိုရေးထားသော စာများလဲကျဲနေပါမယ်။အစ်ကို၊အစ်မ၊မောင်နှမများဆီလဲ အလည်ရောက်ဖို့ နှေးနေပါဦးမယ်...။ဒါပေမယ့် အားလုံးကို အားမနာတမ်းဆိုးရ၊ပြောရရင်ဖြင့် ကျမဆီကိုတော့ မကြာမကြာလာလည်မယ်လို့ မျှော်လင့်နေကြောင်းပါ။

3 Responses to “ဒီလိုတွေးမိတယ်.....”

pandora said...

လာလည်ပါတယ် mirror ရယ်

နှစ်သစ်နဲ့အတူ အားလုံး အဆင်ပြေပါစေ

ATN said...

အားလုံး နားလည်တယ်...
လုပ်စရာရှိတာ လုပ်ပေါ့... ငါ့ညီမရေ့...
တခါတခါလည်း... တခုခုအတွက်... တခုခုနဲ့... လဲလှယ်ရတတ်တာပဲလေ...
လောကကြီးမှာ... ၂ ခုခုကို တပြိုင်နက်တည်းရဖို့... လွယ်တာမှ... မဟုတ်တာ...

အစစ အရာရာ အဆင်ပြေပါစေ... ငါ့ညီမရေ့...

Wish you Merry X'Mas &
Very Happy New Year!!!!

အကိုကြီး
ATN

kay said...

အားလုံး အဆင်ပြေပါစေ ညီမရေ-
ဒီလိုပဲလေ..ဘလော့ဆိုတာ..ရေးသူရဲ့ စိတ်အနေ အတက်အကျ.. အချိန်ပေးတာ..မပေးနိုင်တာ..ပျော်တာ..မပျော်တာ..အားလုံးကို ရောင်ပြန်ဟပ်တာပဲ။

မရေးချင်တုန်းလဲ..မရေးနဲ့ပေါ့ကွယ်။
အလွယ်တကူတော့..စိတ်ဓါတ်မကျပါနဲ့။