Monday, December 29, 2008

ဓာတ်ပုံလက်ကျန်ရှင်းတမ်း

အညာမှာနေတုန်းက ရိုက်ထားတဲ့ပုံလေးတွေ ပြန်တင်လိုက်ပါတယ်။မျက်စိနောက်တယ်ဆိုရင်တော့ ခွင့်လွှတ်ကြပါလေ...။
ဒီတစ်ခါ နောက်ဆုံးတင်ခြင်းပါ...။ဘာဖန်တီးမှုမှ မပါတဲ့ကျမရဲ့ ကင်မရာစုတ်စုတ်လေးနဲ့ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေပါ...။



ရွာတစ်ရွာကနေ နောက်တစ်ရွာကိုကူးတိုင်း ဒီလိုအပင်တွေနဲ့ပြည့်နေတဲ့ ကွင်းပြင်ကြီးကိုဖြတ်ရတယ်..။ကျမလဲ ဘယ်ရမလဲ။ကိုအငဲရဲ့ "ဒီကွင်းပြင်ကြီးကို...တို့ဖြတ်ဖူးတယ်....ဒီမြက်ပင်စိမ်းတွေ..ခြောက်သွေ့ကာ ညိုမွဲနေ..ဒီကောင်းကင်ကြီးလဲ ဟိုအရင်လို မလှတော့ဘူး..." လို့အော်ဆိုပြီး နွားလှည်းစီးခဲ့တာပေါ့..။
အဲ့ဒိအချိန်တုန်းကသာ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲနေလို့ စိတ်ပင်ပန်းခဲ့ရတာ..ခုပြန်တွေးတော့ လွမ်းမောစရာ..:'(



ဒီပုံကိုကျတော့ ကျမဆရာက ရှေ့ကနေရိုက်သွားတယ်..။ကျမက သူ့အိုင်ဒီယာကို ကောင်းမလားထင်ပြီး လိုက်ရိုက်ထားလိုက်တာ..။



ဒီပုံကျတော့လဲ အလင်းရောင်နဲ့ မြတ်စွာဘုရားရဲ့ သင်္ကန်းအရောင်တွေကို ဟပ်နေတယ်လို့ ခံစားရလို့ ရိုက်ခဲ့ပါတယ်..။
(အဟဲ အရောင်တွေ အကြောင်းပြောနေတော့ ပန်းချီတွေဘာတွေ နားလည်လားလို့ အထင်မကြီးလိုက်နဲ့ဦးနော်။မျဉ်းတောင်ဖြောင့်အောင် မဆွဲတတ်ပါဘူး )



အရောင်တွေ စပ်ပုံကိုသိပ်သဘောကျလို့ပါ...။


ပုဂံဘုရားတစ်ဆူထဲက နံရံဆေးရေးပန်းချီတစ်ခုပါ။ဘုရားနာမည်တော့ မမှတ်မိတော့တာ ခွင့်လွှတ်နော်...:)


ဒီဓာတ်ပုံကို ကျမဘာသာကျမ တံတိုင်းကြီးလို့ နာမည်ပေးထားတယ်..။



အညာရွာမှ အမေအို...။

အားလုံးကိုလေးစားခင်မင်လျက်........။


11 Responses to “ဓာတ်ပုံလက်ကျန်ရှင်းတမ်း”

ပုဂံပုံ့တွေမဟုတ်လား၊အဲ့လိုတံတိုင်းကြီးဘေးမှာ
ငယ်ငယ်ကဓါတ်ပုံရိုက်ဘူးတယ်၊အတိတ်ကိုသတိ
ပြန်ရလာတယ်ဗျာ။ကျေးဇူးပါ။

Anonymous said...

အညာပုံရိတ်တွေက လွမ်းမောစရာတွေနဲ့ ရောက်ဖူးချင်တယ် ။ဓာတ်ပုံတွေ အတွက် ကျေးဇူး မေရာ ..........။

Anonymous said...

ပုံတွေက သဘာဝလည်းကျ သွားချင်စရာလည်းကောင်းပါဘိ။း(
သွားချင်တယ်.. သွားချင်တယ်.. လိုက်ပို့ပါသားကို။

Anonymous said...

ဓာတ်ပုံတွေလာခံစားသွားတယ်၊ ပုံလေးတွေ ကြည့်ပြီး မြန်မာပြည်ကိုလွမ်းမိတယ်၊ မျှဝေပေးတာကျေးဇူး အထူးတင်ပါတယ်

သက်ဝေ said...

ဓါတ်ပုံတွေ သိပ်လှတယ်...
တနေ့ နေ့ တော့ ပြန်ရောက်ဖြစ်ဖို့ 
ဆုတောင်းရမှာဘဲ...

ATN said...

ဓါတ်ပုံဆရာမမှန်း ခုမှပဲ သိတော့တယ်...
အောင်မြင်ပါစေ ...း)

Welcome said...

ကင်မရာသာquality မကောင်းသာ
ထွက်လာတဲ့ ပုံတွေ ကောင်းမွန်လွန်းပါတယ်။
နောက်ဆုံးတော့ မဖြစ်စေချင်ပါဘူး
အမြဲ လာအားပေးမယ့်သူတွေ ရှိနေပါတယ်။
ခံစားတင်ပြမှုတွေ အတွက် ကျေးဇူး

http://winzaw-mdy.blogspot.com

ညီမလေးရိုက်ထားတဲ့ဓာတ်ပုံကအသက်ပါတယ်ညီမ
လေးရေ...

Anonymous said...

မမ Mirror ရဲ့ ကင်မရာက မကောင်းဘူးသာပြောတယ် ပုံ တွေက အလင်းအမှောင်ယူပုံတွေေ၇ာ အိုင်ဒီယာတွေပါ အရမ်းကောင်းတယ်ဗျာ ။

ကျနော်လည်း ဓါတ်ပုံ ရိုက်တာ အရမ်းဝါသနာပါတယ်ဗျ ။

သစ်ပင်ပုံကို ရိုက်ထားတာကလည်း တကယ် ပါရမီရှင်ပဲဗျာ အရမ်း ကောင်းတယ်။

တံတိုင်းပုံ ကလည်း နေရာယူမှန်မှန် နဲ့ရိုက်ထားပြီး နာမည်ပေးထားတာနဲ့ဆိုတော့ ညှို့ယူ တဲ့အားပါနေတယ် ဗျာ ။ သဘောကျတယ် ။

ဘုရားပုံတွေ လည်းဒီလိုပဲ တကယ့် နာမည်ကြီး ဓါတ်ပုံဆရာတွေရဲ့ လက်ရာနဲ့ မကွာဘူး ။

မဘွားအို ရဲ့ပုံကတော့ အလင်းအမှောင်သာညီသွားရင် တကယ့် မာစကာ ပိခ်ျ ပဲ ။ အလင်း နဲနဲ လိုသွားတယ် ။

ကျနော်လည်း အမ Mirror ရဲ့ လက်ရာတွေ ကိုမှီ ဖို့ ကြိုးစားလိုက်ပါအုံးမယ် အမကြီးရေ ...... ။

လေးစားလျှက်

mirror said...

ဟုတ်ကဲ့ ကျမရဲ့လက်ရာတွေကို ခုလိုဝိုင်းချီးကျူးကြတော့ နေတောင်မနေတတ်တော့ဘူး..။:)

ဘာပဲဖြစ်ဖြစ်အမှန်တကယ် ၀မ်းသာပါတယ်..။

မောင်လေးဥာဏ်လင်းထူး..ကျေးဇူးတွေကို သိမ်းထားလိုက်ပြီ။

မောင်မျို..ဒီတစ်ခေါက်ပြန်လာရင် ပိုက်ပိုက်များများစုလာပြီး သွားလည်ပေါ့..။
Guide လိုရင် ငါအလကားလိုက်လုပ်ပေးပါ့မယ်..။လမ်းစရိတ်ပဲ..ခံ..။:P

ကာတွန်းလေ..။ပြန်လာရင် ဆက်သွယ်.။လိုက်ပို့မယ်..။:P

ကမာနီလာ..လွမ်းအောင်လုပ်မိတာဆိုရင်တော့ ခွင့်လွှတ်ပေါ့..နော..။:)

မသက်ဝေ..ဆက်လက်ဆုတောင်းပါ..တနေ့နေ့ပြည့်မယ်လို့ ညီမယုံပါတယ်..။

အစ်ကိုကြီးအောင်သာငယ်..သိပ်မမြှောက်နဲ့နော်..ကျေးဇူးအထူးတင်ကြောင်း

ကိုဝင်းဇော်၊အစ်ကိုဆောင်းယွန်းလ..ကျေးဇူး

မောင်လေး ရှင်းသန့်...ဟုတ်တယ် အဘွားအိုပုံက အလင်းလိုနေတယ်..အမှောင်လဲလိုတယ်ထင်တယ်..(သိဘူးသေချာတော့)၊Crop လုပ်ထားလို့လဲ ပါမယ်ထင်တယ်..မူရင်း Quality မပါတော့တာ၊
ကျေးဇူးပါ ငါ့မောင်ရေ

NangNyi said...

အဘွားအိုပုံကိုကြိုက်မိတယ်