Monday, December 22, 2008

အထီးကျန်ခြင်းများနဲ့ သုံးရက်တာ......


အထီးကျန်ခြင်းဆိုတာ
ထိမရ၊တွေ့မရတဲ့ စိတ္တဇနာမ်...။

အထီးကျန်ခြင်းဆိုတာ
အဆုံးသတ်အတွေးကို တွေးမရတဲ့မိစ္ဆာ

အထီးကျန်ခြင်းဆိုတာ
သီချင်းတွေကို ခြောက်သွေ့စေတဲ့ စိတ်ရဲ့တစ္ဆေ

အထီးကျန်ခြင်းဆိုတာ....
ကြောက်ရွံ့ခြင်းများနဲ့ မလင်းတဲ့ ညတွေ

အထီးကျန်ခြင်းဆိုတာ....
အိပ်ရေးပျက်ညတွေကို အဖော်လုပ်ပြီးကုန်ဆုံးရတဲ့ အမှောင်ကမ္ဘာ

ငါ..
အဲ့ဒိ အထီးကျန်ခြင်းကို သိပ်...မုန်း...တယ်...။

7 Responses to “အထီးကျန်ခြင်းများနဲ့ သုံးရက်တာ......”

Anonymous said...

မုန်းတယ် အထီးကျန်တာကို
အဲ့လိုလူတွေက တစ်ယောက်တည်း ကြိတ်ခံစားရတော့ သူများတွေနဲ့ မတူပဲ ထူးဆန်းနေတက်တယ်တဲ့ သူငယ်ချင်းတစ်ယောက်က အထီးကျန်နေတဲ့ ငါ့ကို အဲ့လိုပြောတာပဲ ။

( အထီးပဲကျန်တော့ အမ ကထွက်ပြေးသွားတာလား :P )

Welcome said...

အထီးကျန်တယ်ဆိုတာ
တစ်ကယ့်ကို နားလည်ရခက်ပါတယ်
ကိုယ်ကိုယ်တိုင်လုပ်ယူတာလား
သူတစ်ပါး ပယောဂကြောင့်လား ပေါ့
လတ်တလော ဖြစ်မိတာကတော့
ကွန်နက်ရှင်မကောင်းရင်
တစ်ကိုယ်ထဲ သိပ်အထီးကျန်တယ်လို့ ထင်မိတယ် ခဏခဏပါပဲ။
အထီးကျန်တယ်ဆိုတာ
အလိုမကျမှု တစ်မျိုးပါ။
ခံစား နားလည်ပေးနိုင်ပါတယ် .. ..
http://winzaw-mdy.blogspot.com

Anonymous said...

အထီးကျန်တာကို အနော်လည်းမခံစားနိုင်ဘူးဗျို့
ဒီမှာဆိုခဏခဏအထီးကျန်နေရတာ (အမပျောက်သွားလို့) :P
နောက်တာပါ။ အိမ်ကိုလည်းလွမ်း။ တစ်ယောက်တည်းပဲနေရတာဆိုတော့ အရမ်းအထီးကျန်တယ်အစ်မ။ ဘ၀တူတွေ ဘာမှအားအငယ်နဲ့း)

ATN said...

လမင်းကြီးနှင့် လွဲရသဖြင့် သင် ငိုကြွေးနေလျှင်
ကြယ်ပွင့်ကလေးများနှင့် လွဲရပေဦးမည်... တဲ့...

ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးတဲ့ စာတပုဒ်ကို ပြန်သတိရလို့ ပြောပြတာပါ...

Anonymous said...

ဟင့်အင်း
လှည့်ကြည့်လို့
ဘယ်သူမှမရှိတဲ့ ဘ၀မှာ
ငါဟာနေသားကျနေခဲ့ပြီ
သစ်ပင်အိုပီပီ
အခက်အပွင့်တွေ
ထပ်ဆင့်မဝေနိုင်တော့
ငါ့သစ်ခက်တွေ
တစ်ဖြောင်းဖြောင်း
ကျိုးကျေနေတာပဲ
ကြာလှပြီလေ

မှီခိုစရာအရိပ်ကို
ဒီလိုဘ၀မှာ
တမ်းတလို့
အိပ်မက်နေလို့
ဘယ်လိုမှ
ပြန်မလှတော့နောက်
ငါဟာ
ခြောက်သွေ့နေဆဲပေါ့

အထီးကျန်ခြင်းဆိုတာ မဖိတ်ခေါ်ဘဲဇွတ်တရွတ်ဝင်တည်းခိုတတ်တဲ့ဧည့်သည်တစ်ယောက်ဆိုရင်လည်းဟုတ်တယ်..
ညီမလေးကဒီလိုကဗျာလေးတွေလည်းရေးတတ်တာဘဲ
များများရေးပါ..အားပေးနေတယ်...
အထီးကျန်ခြင်းတွေမှလွန်မြောက်နိုင်ပါစေ

mirror said...

မောင်မျိုး-->သယ်ရင်းတွေပဲဟဲ့..တူနေတာမဆန်း၊
ကိုဝင်းဇော်--->နားလည်ပေးနိုင်တယ်ဆိုတော့ တိုးပြီးခင်ရပြန်ရောလား။ပိုစ့်တွေများများရေးနိုင်ပါစေလေ..
ကာတွန်းလေး--->အားပေးတယ်ဆိုတော့ အားတွေလဲတက်ရသလို ၀မ်းလဲသာပါတယ် ငါ့မောင်ရေ..။
အစ်ကိုကြီးအောင်သာငယ်--->အစ်ကိုကြီးတော့ အဖရာပေါ့လေ.။ဟုတ်လား အဲ့လိုမှတ်ပါတယ်။ခံစားလွယ်တဲ့ ညီမကိုလာဆုံးမတဲ့ စကားလေးပြောခဲ့တာ ကျေးဇူး။
ကိုရွာသားလေး--->ရေးတတ်လိုက်တာ။ကဗျာဆရာကလဲ။ကြုံရင် ဒီကဗျာကို ပြန်တင်ဦးမယ်။
အစ်ကိုဆောင်းယွန်းလ--->မြှောက်ပေးသွားတဲ့အတွက်ရော၊ဆုတောင်းပေးတဲ့အတွက်ရော...ကျေးဇူးတင်တယ်လို့ ..။