Thursday, December 04, 2008

အရပ်ထဲ ဇာတ်ပွဲသွားကြည့်ကြမယ်...((((((ဟယ်......)))))))

မြန်မာ အမျိုးသားမှန်လျှင်
၁ ) ရဟန်းဝတ်ဖူးရမယ်
၂ ) ပုဂံရောက်ဖူးရမယ်
၃ ) ဇာတ်ပွဲ ကြည့်ဖူးရမယ်..

(ဆရာမကြီး ဒေါ်ခင်မျိုးချစ်)


အဲ့ဒိစာပါထည့်သွင်း ကြေငြာထားတဲ့ ဇာတ်မင်းသားလေးဖိုးချစ်ရဲ့
ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ဒီဇင်ဘာ ၄၊၅၊၆ ရက်နေ့များမှာ မိုးအလင်းကပြမယ့်
မြန့်မာဇာတ်သဘင်ကို ကျမသွားကြည့်မလို့လေ....။

ဒုတိယနေ့ ကြည့်မယ်လို့တော့ စိတ်ကူးထားတယ်...
ဒုတိယနေ့ကို ဘာလို့ရွေးရတာလဲဆိုတော့ အကြောင်းရှိတယ်..

ပထမနေ့ဆို ဇာတ်က အခင်းအကျင်း၊အပြင်အဆင်မှ အစပေါ့
စပြီး ပြင်တုန်း၊ဆင်တုန်းပဲရှိသေးတော့ သိပ်ပြီးအဆင်မပြေလောက်သေးဘူးလို့
ကျမထင်ပါတယ်...
ဖိုးချစ်လို နိုင်ငံကျော် ပြည်သူချစ်ဇာတ်မင်းသားလေးကတော့
ဒီလိုဖြစ်၊မဖြစ် မပြောတတ်သေးပါဘူး
ဘာပဲဖြစ်ဖြစ် ပထမဆုံးနေ့မှာ ဇာတ်အဖွဲ့ဝင်တွေရဲ့ အာရုံဝင်စားမှုလဲ
အားမကောင်းသေးတော့ ခါတိုင်းဆို ကြည့်ရတာ သိပ်ကိုအားရခဲ့တယ်မရှိလှဘူး၊

တတိယနေ့ကျတော့လဲ နောက်ဆုံးနေ့ဆိုတော့ သိမ်းချင်နေကြတာနဲ့
ဒရောသောပါးနဲနဲဖြစ်နေတယ်လို့ ထင်တယ်လေ....
ဒါကြောင့် ဒုတိယနေ့ကို ကြည့်မယ်လို့ ရွေးထားပါတယ်....

ဖျာလက်မှတ်က ရှေ့ဆုံးတန်းကနေ နောက်ထိ....
17000 ကျပ်၊15000 ကျပ်၊10000 ကျပ်လို့ သတ်မှတ်ထားပါတယ်..။
ထိုင်ခုံနဲ့ကြည့်မယ်ဆိုရင်တော့ တစ်ခုံကို 2500 ပါ၊ရုံဝင်ကြေးက တစ်ဦးကို 2000 ကျပ်ပါတဲ့....။
ဖျာလက်မှတ်က နဲနဲတော့ဈေးကြီးတယ် ထင်တာပဲ....ဒါပေမယ့်
ဇာတ်ဆိုတာ ဖျာနဲ့ကြည့်မှ အရသာတကယ်ရှိတာနော်...။
ဆောင်းအေးအေးမှာ ကွေးကွေးပြီးကြည့်ရတာ....သိပ်ကိုပျော်စရာကောင်းတာ.........။

ဆိုတော့ကာ.......ဒီဇင်ဘာ ၆ ရက်နေ့ည၊ကန်တော်ကြီးမျှော်စင်ကျွန်းမှာ မင်းသားလေးဖိုးချစ်တစ်ယောက်...
သူပြောခဲ့သလို မြို့တော်ရန်ကုန်နဲ့ မြန်မာ့ ဇာတ်သဘင်အနုပညာ အလှမ်းဝေးသွားမှာစိုးလို့
ကဖို့ စီစဉ်ဖြစ်တာပါ ဆိုတဲ့အတိုင်း ဘာတွေများတင်ဆက်ဦးလေမလဲလို့ ကျမသွားကြည့်ပါဦးမယ်...။

9 Responses to “အရပ်ထဲ ဇာတ်ပွဲသွားကြည့်ကြမယ်...((((((ဟယ်......)))))))”

ATN said...

ညီမရေ..
အကိုက...
၁) ရဟန်း မ၀တ်ဖူးဘူး... (၆ တန်းတုန်းက ရှင်ပြုဖူးတယ်)
၂) ပုဂံ မရောက်ဖူးဘူး... (ရောက်ချင်သော်လည်း... အခြေအနေက ခွင့် မပေးလို့...)
၃) ဇာတ်ပွဲတွေ ငယ်ကတည်းက ကြည့်ဖူးတယ်... ကြီးလာတဲ့အထိ ဇာတ်ပွဲတွေ ကြည့်တယ်...
ဇာတ်ပွဲတွေကိုလည်း ကြိုက်တယ်...

ဒါဆို အကိုက မြန်မာ အမျိုးသား မဟုတ်တော့ဘူးလား?

i agree with Sayamagyi
but i hope there is always an exception
think about the situation we have been facing under the stupid military government

Anonymous said...

ရဟန်းမ၀တ်ရသေးး အမေက နေအုံးဆိုလို့ 
ပုဂံက သွားချင်ပေမယ့် မန်းနီးမရှိလို့ ..
ဇတ်ကတော့ အရင်ကကြည့်ဖြစ်တယ် လူပျိုပေါက်တုန်းကပေါ့း)

mirror said...

အဟားဟား ဟား
ထင်တော့ထင်သား...ညီမရဲ့ အစ်ကိုတွေ၊
မောင်တွေတော့ ဒီစကားကို ဘာမှထင်မြင်ချက်မပြောပဲရေးလိုက်ရင် ဒီလိုဖြစ်လိမ့်လို့......

အစ်ကိုကြီးအောင်သာငယ်ရယ်...
အစ်ကိုက မြန်မာအမျိုးသားကြီးစစ်စစ်ပါအစ်ကိုရ
ညီမတင်မဟုတ်ဘူး လူတိုင်းသိပါတယ်...
စိတ်မကောင်းဖြစ်ရဘုးနော် ငါ့အစ်ကို...

မောင်မျိုးလေးက လူပျိုပေါက်တုန်းက ကြည့်ဖူးတယ်ဆိုတော့ ခုလူပျိုသိုးကြီးလား..
အဟားဟား စိတ်ဆိုးနဲ့ ခင်လို့နောက်တာ

Welcome said...

ကိုရင်ဝတ်ဖူးတယ်၊ ရဟန်းလည်းခံဖူးတယ်၊ ပုဂံလည်းေ၇ာက်ဖူးတယ်။ အဲ ဇာတ်ပွဲတော့ မကြည့်ဖူးသေးဘူး၊ အချိန်ရရင် မြန်မာ အမျိုးသား တစ်ယောက်ဖြစ်ဖို့ သွားအားပေးလိုက်အုန်းမယ်....
http://winzaw-mdy.blogspot.com/

Anonymous said...

ရဟန်းတော့ဝတ်ဖူးတယ်ခင်ဗျ၊ ပုဂံတော့ရောက်ဖူးဘူး၊ ပိုက်ပိုက်အမြဲပြတ်နေလို့၊ ဇတ်ပွဲလည်းကြည့်ဖူးဘူး၊ စတိတ်ရှိုးတွေဆိုရင်တော့ ရှေ့ဆုံးကနေ သွားဒန့်စ်ဖြစ်တယ်၊

ဆရာမကြီး ပြောသလို ကိုရင်ရော ရဟန်းရော ၀တ်ဖူး
ပါတယ်၊ ပုဂံကိုလည်း ၅ ခေါက်ထက် မနည်း ရောက်
ဖူးပါတယ်၊ ဇာတ်တွေရော အငြိမ့်တွေရော အခါများစွာ
ကြည့်ဖူးပါတယ်၊ သို့ပေမဲ့ ဒီဆိုရိုးဟာ မြန်မာ-ဗုဒ္ဓဘာ
သာ အမျိုးသားများ အတွက် ဖြစ်မှာပါ၊ ဘာသာခြား
အမျိုးသားများ အတွက်တော့ ပုံစံတစ်မျိုးပေါ့။ အခုခေတ်
ှဇာတ်ပွဲခတွေ ဈေးကြီးတာ သိရလို့ အံသြမိပါတယ်
ညီမရေ။

ညီမလေးရေအကိုတို့အတွက်ပါဇာတ်ပွဲပိုကြည့်လာခဲ့နော်
ပြီးတော့ပြန်ပြီးဖောက်သည်ချပေးဦး

ရွှင်လန်းပါစေ...

ဇာတ်သမားပြန်ရင် မှတ်သားစရာကျန်ခဲ့ရမယ်တဲ့ ... မှတ်သားခဲ့တာလေးတွေ ဖေါက်သည်ပြန်ချပါဦးနော်။

Phyo Evergreen said...

ဇာတ်ပွဲတော့မကြည့်ဖူးသေးဘူး...။ ရဟန်းဝတ်ဖို့ကလည်း အသက်မပြည့်သေးဘူး...။
ပုဂံတော့ရောက်ဖူးတယ်...။