Saturday, February 28, 2009

ရင်ထဲရောက်နေတဲ့ သီချင်း

ခေတ်နောက်ကျတဲ့အတွေးနဲ့ အချိန်ရေစီးကြောင်းထဲနစ်မျော
တစ်သက်လုံးမှားနေဦးမလား မြင်ကြည့်လိုက်အဖေရေ ကျနော့်ဘ၀..
ဘ၀က စွန့်စားခြင်းတဲ့လား အချိန်တိုင်းလူ့သမိုင်းများရေး...
အစွမ်းအစသတ္တိမရှိလို့လား အမြဲတမ်းလမ်းများပျောက်ရှဆဲ..ရေး.....ဟေး......

ဘ၀က စွန့်စားခြင်းတဲ့လား...အချိန်တိုင်းလူ့သမိုင်းများရေး..
အစွမ်းအစသတ္တိနည်းလွန်းတော့..အမြဲတမ်းလမ်းတွေပျောက်ရှဆဲ.ရဲ..

လူသားတိုင်းဘ၀အတွက် စွန့်စားကြ...လူ့သမိုင်းကိုအချိန်တိုင်းရေး....
အားကျလို့ စွန့်စားကြည့်လိုက်တိုင်း ခုထိလမ်းပျောက်ဆဲ..
ငါ့ဘ၀တွေးမိတိုင်း..ကံတရားနဲ့ အချိန်တိုင်းဝေး...အစွမ်းအစသတ္တိနည်းလွန်းတော့
အမြဲတမ်းလမ်းတွေပျောက်ရှဆဲ..

ကိုအငဲဆိုထားတဲ့ သီချင်းပါ..ကျမကြားသလောက်တွေကိုလိုက်ရေးထားတာ..သူ့ရဲ့ " ဇစ်မြစ် "ဆိုတဲ့ခွေထဲမှာ။
သူ့သီချင်းတွေကိုဆိုရင် အားလုံးနီးပါးအလွတ်ရပါတယ်။ဒါပေမယ့် သီချင်းခေါင်းစဉ်တွေနဲ့သီချင်းနဲ့တွဲပြီး မမှတ်မိပါဘူး။ထင်တာကတော့ " လမ်းပျောက်သူ"လို့ ထင်ပါတယ်။သိတဲ့သူများ လက်တို့ခဲ့ပါ...။စာသားတွေလဲ မှားတဲ့နေရာတွေ မှားနေနိုင်ပါတယ်...။ပြင်ပေးလို့လဲရပါတယ်..အရင်ဘလောဂ့်တုန်းကလဲ တင်ဖူးတယ်။ လတ်တလော ကိုယ်တိုင်စာမရေးနိုင်လို့ ကဗျာလေးတစ်ပုဒ်လို ခံစားရတဲ့ဒီသီချင်းလေးကို တင်ဖြစ်ပါတယ်။

2 Responses to “ရင်ထဲရောက်နေတဲ့ သီချင်း”

Welcome said...

သီချင်းဖွင့်ပြီး တိုက်ကြည့်တယ်။
နာလည်း ခေါင်းစဉ်မတွေ့ဖူး .. ..

ကက်ဆက်ခွေပဲရှိတယ် သေသေချာချာနုားမထောင်ဖြစ်သေးပါဘူး ညီမလေးရေ..