Friday, February 20, 2009

မြို့တော်ရန်ကုန် ပူသည်

ရန်ကုန်ရာသီဥတုက ခုမှ ဖေဖော်ဝါရီရဲ့ လလည်ပဲရှိသေးတယ်။နောက်လာမယ့် မတ်လနဲ့ ဧပရယ်၊မေလဆန်း
တွေမှာ ပူဖို့မကျန်တော့အောင်ကို လက်ကုန်ပူလို့နေပါရောလား။ညနေတုန်းက ၅ နာရီခွဲမှာဝရံတာဘက်
တစ်ချက်ထွက်ရပ်ကြည့်လိုက်တယ်။ခြေမချနိုင်ဘူး။ပူလိုက်ပုံများ။

ပူတယ်။....ရာသီဥတုက တကယ်ပူတယ်...။အဲ့လို ကျမကညည်းညူမိတော့ အရှေ့အလယ်ပိုင်းတို့၊သြဇီတို့..
စသဖြင့် မြန်မာပြည်ထက်ပိုပူတဲ့သူတွေကိုတော့ အားနာမိပါရဲ့..။နဲနဲလေးပိုသွားတယ်ဆိုလဲ တောင်းပန်ပါ၏ အစ်ကို၊အစ်မတို့ရေ........။

ပူတယ်...မြို့တော်ရန်ကုန်က တကယ်ပူတယ်...။(ကျမက မြန်မာပြည်ကို ဘားမားလို့ပြောရတာ အာတွေ့တတ်ပြီး
ရန်ကုန်ကို မြို့တော်ရန်ကုန်လို့ ခေါ်ရတာကို ပိုကြိုက်ပါတယ်။ဘယ်သူတွေ ဘာပြောပြော၊ဘာလုပ်လုပ်နေ...
ရန်ကုန်ကတော့ မြို့တော်ရန်ကုန်ပါပဲ...)။
ဟုတ်ကဲ့...မြို့တော်ရန်ကုန်က လွှတ်ပူနေပါတယ်။

တစ်တောင်သာသာအကျယ်နဲ့ နောက်ဘက်ကို လေးပေလောက်သာရှည်တဲ့ အခန်းလေးထဲက အမ်ပီးသရီး၊
အမ်ပီဖိုး ပြင်ဆရာကိုကြည့်ရတာ၊မြင်ရတာလဲ ပူတယ်။....။

ရန်ကင်းကို၊ရန်ကင်းကို လို့ မလာတဲ့ခရီးသည်ကို အော်ခေါ်နေတဲ့ 107 အောက်ဆိုက်ကားစပါယ်ယာကိုမြင်တော့
လဲ ပူတယ်..။

၄၅ ကောက်ရိုးကားပေါ်တက်လိုက်တယ်...။အိုး.........ကောင်းလိုက်တာ...သဘာဝရဲ့လေ............။
အဲ့ဒိလေနုအေးလေးက လာထိတွေ့တော့ အပူဒဏ်က နဲနဲတော့ လျော့သွားသလို ရှိသား...။တချက်လေး
မျက်စိမှိတ်ပြီး ဇိမ်ယူမယ် အကြံ.အရှေ့က အမျိုးသမီးဆီက ဆံပင်တွေအထွေးလိုက်ကမျက်နှာဆီလာရိုက်........။
အင်း ..သူလဲ ပူလို့နေရှာမပေါ့..။

တစ်ရပ်ကွက်လုံး တစ်ထိန်းထိန်းမြည်နေတဲ့ မီးစက်သံနဲ့ ဆူနေတဲ့ ဒီရပ်ကွက်ကြီးကလဲ ပူတာပဲ...။
ဘာကြောင့် ဘာကို၊ဘယ်သူ့ကို ဒေါသကြီးနေမှန်းမသိ...ဒေါသချွေးတွေတစ်လုံးလုံးနဲ့ ရောင်းဝယ်ဖောက်ကား
လုပ်နေကြတဲ့ လူကြီးတွေကိုကြည့်တော့လဲ ပူလိုက်တာ.........။

ညနေစောင်းတော့ အပူရှိန်က မာယာများပြီး နဲနဲကျသွားသယောင်နဲ့ ညကျတော့လဲ ပြန်ပူလာတာပါပဲ။
တစ်နေ့လုံးအပူငွေ့မှန်သမျှ စုပ်ယူထားတဲ့ တိုက်ခန်းနံရံက လွှတ်ထုတ်နေတဲ့ အပူငွေ့တွေ..မညှာမတာ..။
ဘယ်သူရက်စက်သလဲကွယ်...........။


(ဘာရယ် ရည်ရွယ်ချက်မရှိပါ..။စိတ်ထဲခံစားရသလိုရေးမိလိုက်ပါသည်..။နားလည်ခွင့်လွှတ်မယ်လို့ထင်ပါသည်)

14 Responses to “မြို့တော်ရန်ကုန် ပူသည်”

အားပါး..ဖတ်ရတာ ပူလိုက်တာ..:P

စတာပါ..ကမ္ဘာကြီး ပူနွေးနေတာကြာပါပြီ။
အပြင်ကလည်း ပူ ရင်တွေလည်း ပူ..

အင်း ဖတ်ရတာနဲ့ကို တော်တော်ပူနေပြီး)

MANORHARY said...

အပူပြိုင်ကြရအောင်း)
တောမီးလောင်လောက်အောင်တာ့မပူသေးဘူးမဟုတ်
လား..တရားနဲ့ဖြေ...း)

kay said...

ညီမကြီးရေ- အတိုင်းသား ခံစားလို့ရတယ်။ ဘာလို့ဆို..အဲလို ခံစားခဲ့ဘူးလို့ပေါ့ကွယ်။

အခုလေးတင် အမေက ရန်ကုန်မှာအရမ်းပူပြီး မီပျက်တဲ့ အကြောင်းဖုန်းထဲမှာ ပြောသွားတယ်.. ဟူး.. :o
နာဂစ်ကြောင့် သစ်ပင်တွေမရှိတော့ ပိုပူနေမှာပေါ့..

ATN said...

အား.... ကိုယ့်ဘာသာတောင် အတော် ပူနေရတဲ့အထဲ... အိမ်တွေလည်မိကာမှ အပူတွေ ဟပ်တယ်... မြန်မြန်လစ်မှပဲ...း)

Anonymous said...

ဒို့ ယ မှာ မပူဘူး ဟီးဟီးး)
စတာနော့် ငါလည်း ရွှေမျိုးပဲ မ ..ယ ဘူးး

NangNyi said...

???????? ???????????.. ??????????????? ???????????????

NangNyi said...

ပူတာလည်းပူတာပေါ့ဗျာ. တဂ်ထားတာလေးလည်း ရေးပေးဦးမှပေါ့.. လို့ရေးတာ ဘာလို့ ?? တွေပဲပေါ်တာလည်းမသိ.. ဟီး

ပူတော့ပူတာပေါ့။ ဒါပေမယ့် အဲဒီအပူတွေကို ပြန်လာပြီးကိုယ်တိုင်ကြုံချင်လိုက်တာ။ ၄၅ကားကိုလည်း လွမ်းတယ်။

အေးဗျ၊ ကမ္ဘာတဘက်က ရွှေပြည်ကြီးရဲ့ မြို့တော်ရန်ကုန် ပူနေတာကို ဒီကနေ ရေခဲနေတဲ့ ရာသီဥတုနဲ့ အတူဖတ်ရတယ်။ ကျနော်ကဖြင့် တနေ့တနေ့ သတင်းစာထဲမှာ ဘယ်နိုင်ငံကတော့ အပူချိန်ဘယ်လောက်နဲ့ ဒီလောက်အပူဆိုရင် ငါတို့နိုင်ငံလောက်ပူတာနဲ့ တွေးလိုက်၊ နွေမြန်မြန်ရောက်ပါစေလို့ ဆုတောင်းလိုက်နဲ့ပဲ။ :)

pandora said...

အတွင်းပူ အပြင်ပူ နေရာတကာ ပူ..
အပူတွေ မျှခံစားသွားတယ် mirror ရေ

Anonymous said...

အခုတော့မပူဘူး။ ဆိုင်က အဲယားကွန်းဖွင့်ထားတယ် ဟီဟိ။