Wednesday, February 25, 2009

မောင်စိမ်းသစ်ရဲ့ စိတ်ကူးရွက်ကြွေ

စိတ်ကူးရွက်ကြွေ

ငါဟာ ကဗျာဆရာပါ
လစဉ်ထုတ်မဂ္ဂဇင်းတွေမှာ
ဟောတစ်ပုဒ် ဟောတစ်ပုဒ်မပါတာတစ်ခုပါပဲ
ရောဘတ်ဖရော့စ်လည်း ကဗျာဆရာလယ်သမား
ငါလည်း ကဗျာဆရာလယ်သမား
ဘာများအားငယ်စရာရှိလို့လဲ
ငါဟာ လက်ဖက်ရည်သောက်ချင်လို့
လက်ဖက်ရည်ဆိုင်ထိုင်တာလား
လက်ဖက်ရည်ဆိုင်ကိုသောက်ချင်လို့
လက်ဖက်ရည်ဆိုင်ကို ထိုင်တာလား
အခုချိန်ထိ ကွဲကွဲပြားပြား ငါနားမလည်သေးပါလား.......။

ထိုင်နေကျ လက်ဖက်ရည်ဆိုင်က
စနစ်တကျမပြုံးတတ်သေးတဲ့ စားပွဲထိုးလေးကို
ဝါကျအကျိုးအပဲ့တွေ ငါပေးပစ်ခဲ့ရဲ့...။

သွားကြစမ်း.........သွားကြစမ်း
ဘယ်မှန်တစ်ချပ်တစ်လေမှ
ငါ့ရှေ့ကို ဖြတ်လျှောက်မလာကြစမ်းနဲ့
ငါ့ကိုယ်ငါ လွမ်းနေတတ်သူတတ်သူမို့ပါကွယ်။
ဟိုမှာကုက္ကိုလ်ရွက်တွေ တဖျောဖျောကြွေလို့
ငါ့ကိုများ တရားချနေကြလေသလား။

ကြွက်တွေက ငါတို့စပါးတွေကိုစားလို့
ငါတို့က ကြွက်သားကိုဟင်းချက်စား
သံသရာလည်တည်ဆိုတာ ဒါကိုခေါ်တာများလား။
ဘယ်သူမဆို ကိုယ့်ပြဇာတ်ကိုယ် ငြင်းဆိုလို့ရခဲ့ဖူးပါသလား။

သေချာတယ်
ကိုယ့်မျက်နှာကိုယ် လက်သီးနဲ့ထိုးဖို့
ငါ တစ်ခါမှမကြိုးစားခဲ့ဖူးတာ သေချာတယ်။

ငါ့ကဗျာတွေဟာ
ငါ့အကြောင်းတွေချည်းသာ ရေးဖွဲ့ထားတာပါလို့
လူတချို့က ဝေဖန်နေကြလေရဲ့။

ပညာရှင်တစ်ချို့ကတော့ ကဗျာဆိုတာ အနုပညာပစ္စည်းတဲ့
ဘယ်သူမှမပိုင် အနုပညာကသာ ပိုင်သတဲ့။

မောင်စိမ်းသစ်
ရယ်စရာမဂ္ဂဇင်း၊ဒီဇင်ဘာ၊၂၀၀၆

5 Responses to “မောင်စိမ်းသစ်ရဲ့ စိတ်ကူးရွက်ကြွေ”

Welcome said...

ဆားငံတယ် .. ..

ကဗျာလာဖတ်တယ် ညီမရေ။

ကဗျာကောင်းတစ်ပုဒ်ကို မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ညီမလေးရေ....

ချမ်းမြေ့ပါစေ...

Anonymous said...

ကဗျာလေး ဝေမျှပေးတာ ကျေးဇူးး) နောက်ထပ်ရှိရင် တင်ပေးအုံး။