Sunday, February 01, 2009

ပိုစ့်တွေက တစ်ရာမြောက်

ဘယ်သူကမှ ၀ီစီလဲ မမှုတ်ပါပဲနဲ့ ကိုယ့်ဘာသာကိုယ် တာထွက်လာခဲ့တာ....ဘာလိုလိုနဲ့ စာပုဒ်ရေ ၁၀၀ တောင်ပြည့်ခဲ့ပြီ။ဒီပိုစ့်နဲ့ပါ ပေါင်းရင် ၁၀၀ ပေါ့။ပိုစ့် ၉၀ ကျော်လာချိန်မှာ သတိထားမိပါတယ်။
၁၀၀ ပြည့်တော့မယ်လို့.........။ပိုစ့် ၁၀၀ မြောက်ဆိုပြီး ဘာမှလဲ ထွေထွေထူးထူး မရေးချင်တော့ပါဘူး။ဒါကြောင့်
ကျေးဇူးစာရင်းလေးပဲ ပြုလိုက်ပါတယ်။ရာဇ၀င်လေးလဲ နဲနဲလှန်ရင်းပေါ့...။


သိပ်ပြီးကြည့်လို့ မရပေမယ့် မဖြစ်မနေကျေးဇူးတင်ရမယ့်သူက ကျမသူငယ်ချင်း ဘိုဘိုပါ...။သူစတင်ပြီး
သူ့ဘလောဂ့်ကိုကြွားလို့ ကျမက သူ့ဆီကလင့်ခ်တွေကနေ သွားရင်း၊သွားရင်းက ကိုယ်တိုင်လုပ်ကြည့်ချင်စိတ်နဲ့ အရင်တုန်းကထဲက စာရေးတဲ့ပိုးနဲ့ ပေါင်းလိုက်ပြီး ဒီလိုတွေးမိသမျှတွေ ရေးဖြစ်သွားပါတယ်။

သူနဲ့ထပ်တူ ကျေးဇူးတင်ရမှာက ကိုငြိမ်းစုပါ..။စာရေးပြီး တင်ရုံတင်မဟုတ်ပဲ ကျမကလိချင်သမျှ ကလိပြီးလို့ တင်းပလိတ်တွေ ပျက်တိုင်း(အကြိမ်ပေါင်းလဲ မရေနိုင်တော့ပါဘူး)သူ့ကို အနိုင်ကျင့်ပြီး ခိုင်းခဲ့၊တောင်းဆိုခဲ့သမျှ သည်းခံပြီး ပြင်ဆင်ပေးတဲ့ ကျမအစ်ကိုကြီး....။

ညီမရေ့၊ညီမရေ့ နဲ့ လာလာပြီးအားပေးတတ်တဲ့ အစ်ကို၊စကားပြောရင် ကဗျာရွတ်နေသလို သိမ်မွေ့တဲ့
စကားလုံးတွေနဲ့ ပြောတတ်တဲ့ကျမအစ်ကို၊ဒီထက်ပိုပြီး ညီမရဲ့ညည်းတွားတဲ့အသံတွေကို စိတ်ရှည်လက်ရှည်
နားထောင်ပေးတဲ့ ကျမအစ်ကို၊ကိုအောင်သာငယ်၊
အဲ့ဒိ အစ်ကိုနဲ့အတူ.....

ကျမအစ်မ မကေ..........." ညီမရေ ...ရေးပါဦး ရန်ကုန်မြင်ကွင်းလေးတွေ၊ကူပြီး မောရအောင်လို့ " ပြောပြီး အားပေးတတ်တဲ့ အစ်မပါ။အသစ်တင်တိုင်းရောက်ပါတယ် ညီမရေလို့ လဲ ပြောတတ်ပါသေးတယ်။အဲ့ဒိ အစ်ကိုနဲ့၊
အစ်မရဲ့ မှတ်ချက်စကားတွေ ကျမကြားရရင် ကျမခြေထောက် မြောက်ကြွ၊မြောက်ကြွ ဖြစ်ရတဲ့အထိ...........။
သူရို့စာတွေပဲ လိုက်ဖတ်ရင်းက နေရင်းထိုင်ရင်း စိတ်ထဲက ရင်းနှီးလာခဲ့....။ရင်ဘတ်ချင်းနီးတယ်လို့ မှတ်ယူပြီး ပြောချင်ရာပြော၊မန့်ချင်ရာမန့်ပြီး ဆိုးခဲ့သမျှလဲ သည်းခံပေးတဲ့ အစ်ကိုနဲ့ အစ်မနဲ့ပါ...........။
လွန်တာရှိ ၀န္တာမိလို့ တစ်လက်စထဲ တောင်းပန်ပါတယ်။

ပိုစ့်တိုင်းနီးပါးကို နေု့တိုင်းနီးပါး လာလာပြီး မန့်တတ်တဲ့ အစ်ကိုအောင်....။

တစ်ခါတစ်လေမှာ တစ်ကြောင်းထဲသော စာကြောင်းလေးနဲ့ လာလာမန့်တတ်တဲ့ အစ်မပန်ဒိုရာ.....။
တစ်ကြောင်းထဲတွေကပဲ အားအင်တွေ အပြည့်ရလာအောင် ပြောတတ်တဲ့ အစ်မ......။

ခု နေမကောင်းဖြစ်နေလို့ ပိုစ့်တွေမတင်နိုင်ရှာတဲ့ တောကျောင်းဆရာ.....။

ကျောင်းဆရာနဲ့ ဆက်ပြီးမှ ခဏ၊ခဏအင်ဗိုက်လုပ်တာတောင် လက်မခံခဲ့တဲ့ သယ်ရင်းကြီး မောင်မျိုး.........။
(ခုတော့ လက်ခံပြီးစကားပြောဖော်ရနေပါပြီ....ကျေးဇူးကြီးလှပါတယ်..တငှယ်ရှင်းရေ့....)

ဘန်နာလေးတစ်ပုံ ဆွဲပေးပြီး ကြေးအိုးတိုက်လဲတိုက်၊အကင်လဲ ကျွေးရတဲ့ ညီမလေး ညီညီ...။
(နောက်ထပ်တစ်ပုံဆွဲခိုင်းဖို့လဲ မပြောရဲသေးလို့...)

ကျမကို ပုံတူလေးတစ်ပုံဆွဲပေးတဲ့၊နောက်ပြီး အချစ်နဲ့ ပတ်သတ်တဲ့စကားလုံးလှလှတွေကိုဖောချင်းသောချင်း
လှိမ့်ထုတ်သလို ထုတ်နေတဲ့..... ချောင်းထဲက ကိုစိုင်း။

ဒါထက်ပိုလို့...ကျမဆီလာလည်ကြသော....အစ်ကိုများ၊အစ်မများ၊ညီမလေးများ၊မောင်လေးများ အားလုံး........။
(နာမည်တွေတော့ ထည့်မရေးတော့ပေမယ့် စိတ်ထဲမှာ အကုန်လုံးကို ထည့်ထားပါတယ်..)
ဘယ်သွားသွား၊ဘယ်လာလာ ဘလောဂ့်ပေါ်က ဘော်ဒါတွေကို စိတ်ထဲ ထည့်ထည့်သွားတတ်ပါတယ်။

ပိုစ့် ၁၀၀မှာဆားချက်ထားတာက ၂၅၊ရောက်တတ်ရာရာက ၂၅၊ရေးချင်သလိုရေးတာက ၂၅.....ပုဒ်၊ဒီလိုနဲ့....၊
အစိတ်၊အစိတ် သုံးလေးခါစိတ်လိုက်တော့ ၁၀၀ ရှိလာခဲ့ပါပြီ....။ဆက်ပြီးရေးနိုင်ဦးမယ်လို့လဲ မျှော်လင့်ပါတယ်။
ရှုထောင့်မျိုးစုံကနေ ဝေဖန်သုံးသပ်ပေးကြတဲ့အတွက်လဲ အားလုံးကို ကျေးဇူးတင်ရပါတယ်...။
နောက်...အားလုံးကိုလဲ ချစ်တယ်။

21 Responses to “ပိုစ့်တွေက တစ်ရာမြောက်”

Anonymous said...

ချောင်းထဲက ကိုစိုင်းဆိုပါလား ...ဟားဟား
ငါကိုယ်တိုင်ကချောင်းလေးပါဟာ...
ညီမလေးပြောမှ စကားလုံးတွေ လှိမ့်ထွက်လာနေတဲ့
လူစက်ကြီးကို မြင်ယောင်မိတော့တယ်...ကျေးဇူးပါ ငါ့ညီမရေ

khin oo may said...

ဆက်လက်ရေးနိုင်စေရန်.

Anonymous said...

ပို့စ်တစ်ရာတောင် ပြည့်သွားပြီးပဲ တော်တယ် တော်တယ်း) နာ့ကိုရေးထားတာတော့ သိပ်မကောင်းဘူးနော် ဟဟားး ရှင်းသန့်လေးလည်းမပါဘူး အဲ့ကောင်လေးစိတ်ကောက်အုံးမှာ မြင်ယောင်သေး သူကတော့ မမမေရာ နဲ့ ပြောနေတာ နားတောင်ငြီးတယ် ။ စာတွေအများကြီးဆက်ရေးနိုင်ပါစေ သယ်ရင်းရေ့ ။

pandora said...

ပြည်တွင်းကနေ ကျော်ခွ အခက်အခဲပေါင်းများစွာနဲ့ ကိုယ့်ခံစားချက်တွေကို ဖွင့်လှစ်ပြတဲ့ ဘလော့ဂ်လေးရဲ့ ပို့စ် ၁၀၀ ဟာ .. တကယ်တော့ တစ်ရာမက တစ်ထောင်မက ပို့စ်တွေ အများကြီးလိုပဲ တန်ဖိုးရှိပါတယ်။ လွတ်လပ်ခြင်းရဲ့ အရသာကို အားလုံး အပြည့်အ၀ခံစားရကြမယ့် နေ့ကို မျှော်လင့်နေတယ်။
ညီမလေး ချမ်းမြေ့ပျော်ရွှင်စွာ စာတွေ အများကြီး ရေးနိုင်ပါစေ။

ပို့စ် ၁၀၀ မြောက်တာ ၀မ်းသာပါတယ် ညီမရေ။
ပို့စ် ၁၀၀၀ မြောက်မဲ့နေ့ကို မျှော်နေမယ်ဟေ့။

ATN said...

မပန်ပြောသလိုပါပဲ ငါ့ ညီမရေ...

ကိုးနတ်ရှင် နဲ့ ရွာသူ နှောက်ယှက်တဲ့ကြားကနေ ခက်ခက်ခဲခဲ ရေးနေတဲ့... ပြီးတော့ ခေတ်ကို ထင်ဟပ်နေတဲ့ စာတွေက အလွန် အဖိုးတန်ပါတယ်...

ဆက်ရေး ညီမရေ့ အားပေးနေတယ်... ဟေ့...

ပိုစ့် ၁၀၀ မြောက်မှသည် ထောင်သောင်းမက တန်ဖိုးရှိတဲ့
ပိုစ့်တွေ ဆက်လက်ရေးသားနိုင်ပါစေလို့
ဆုမွန်ကောင်းတောင်းပေးပါတယ်။
အနှောက်ယှက်တွေကြားက ဒီလို ပိုစ့် ၁၀၀ မြောက်အောင်
ရေးသားနိုင်တာ ချီးကျူးပါတယ်။

ခင်မင်လျှက် ဖိုးဂျယ်

ပို့စ်တွေအများကြီး ဆက်ရေးနိုင်ပါစေ ညိမလေးရေ
အခက်အခဲတွေကြားထဲကနေ ပို့စ်တွေထွက်လာအောင် ဖန်တီးနိုင်တဲ့ ညီမလေးအတွက် ဂုဏ်ယူပါတယ်

MANORHARY said...

ပို့စ် ၁၀၀ မြောက်မှသည်ထောင်သောင်းသိန်းတိုင်
ချီတက်နိုင်ပါစေ..လို့..

Welcome said...

Congratulations ပါ သယ်ချင်း .. ..
(န့နာမီရှာကြည့်ဒေးဒယ်၊ အတွေ့ဘူး)

တစ်ပုဒ် ဆို တစ်ပုဒ် အရာထင်အောင်ရေးခဲ့တော့
ပို့စ် ၁၀၀ ဆိုတာ မနည်း တဲ့အားပဲ ... ။
နောက်ထက် အစုလိုက်အပြုံ လိုက် အစွမ်းကုန်
အားထုတ် နိုင်စေသော်ဝ်........... ။

အံမယ်..... အံမယ်..... ကိုကြီးမျိုး..... ဘယ်ကဘယ်လို စိတ်ကောက်ရမှာလဲ ။ လာပြန်ပြီ အချွန်နဲ့ မသွားပြန်ပြီ :P

:P said...

ဆက်ဖတ်နေဦးမည်..။

Anonymous said...

(( nyahh :P ))

mirror said...

ကိုစိုင်း...ကျေးဇူးကို ကျေးဇူးက ပြန်တင်နေတော့ ရှုပ်ကုန်ပြီ..။ :P

အစ်မ ခင်ဦးမေ..ကျေးဇူးပါ။

သယ်ရင်းမောင်မျိုး..ရေ့ မှုတ်လို့လား ကဲပြော..။
ကျောင်းဆရာရေ ပြောပါဦး မောင်မျိုးကို ကျမသူ့ကိုအင်ဗိုက်လုပ်နေတာကို ခုထိလက်မခံသေးဘူးလို့ပြောယူရတဲ့ အထိကိုပဲ...။ :P

အစ်မပန်၊အစ်ကိုအောင်၊ကိုအောာင်သာငယ်၊ကိုဂျဲ၊
ကိုဆောင်းယွန်းလ၊မနော်...နားလည်ပြီး ဂရုစိုက်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးပါ။

ကိုဝင်းဇော်ရေ့...အားလုံးကို စိတ်ထဲရှိပါတယ်ဆိုမှ..။ :P စိတ်ချိုးရဘူးဗျ နော်။

မောင်လေးရှင်းသန့်...ငါ့ကို မြှောက်တဲ့နေရာမှာတော့
နိုးတူးပဲ..။မနေတတ်တော့ဘူး။
အေးလေ..မောင်မျိုးကတော့...
ကလေးကတောင်နားလည်တယ်။
သူပဲ...ကောက်ကော်ကနေတာ..။:P)))

မဆင်းဒလား..လာလာဖတ်မယ်ဆိုလို့ ၀မ်းမြောက်ဝမ်းသာ။

ညီမလေး..ညီ.ပြောင်နေလဲ ဖြစ်ပါတယ်။ညီညီ မပြောင်သွားဖို့ပဲ လိုတယ်။:)))

ဂုဏ်ယူပါတယ်လို့ ပြောချင်ပါတယ်
ဆက်ကြိုးစားပါနော်
အားပေးနေမယ်

Anonymous said...

ပို့စ် တစ်ရာတောင် မြောက်ပြီပေါ့... ကောင်းလိုက်တာ... ဒီထက်မက ပို့စ်တွေမြောက်များစွာ ဆက်လက်ရေးနိုင်ပါစေဗျာ...

kay said...

ညီမကြီးရေ- အရောက်နောက်ကျသွားတယ်။
အားပေးနေတယ်။
စာတွေထဲကနေ..ညီမကြီးကို မြင်နေရပါတယ်..ခင်မင်မိပါတယ်။

း)

ပိုစ့်တစ်ရာမှ နောက်ပိုစ့်ပေါင်းများစွာ ရေးနိုင်ပါစေညီမရေ....

Anonymous said...

၁၀၀တောင် ရောက်သွားပြီလားဗျ ရေးလဲရေး
နိုင်ပါ့ဗျာ။

WWKM said...

ပို့စ် ၁၀၀ပြည့်မှသည် ပို့စ်ထောင်ပေါင်းများစွာတိုင်
ပျော်ရွှင်စွာနဲ့ ဆက်လက်ဘလော့ဂင်နိုင်ပါစေ ညီမ ရေ။

Anonymous said...

အယ်...အမ
အပြင်ထွက်တိုင်း ရင်ဘတ်ထဲထည့်သွားတယ်ဆိုတော့ အမ တအားလေးနေမှာ..အဟိ..စတာ စတာ။