Thursday, February 12, 2009

နေ့များ.....ဘ၀များ.....


ဒီနေ့နဲ့ မနက်ဖြန်အမှတ်တရအဖြစ် ဒီပုံကိုတင်လိုက်ပါတယ်။နတ်မောက်မြို့က သူငယ်ချင်းတစ်ယောက်ဆွဲထား
တဲ့ပုံပါ။ကျမရဲ့ ပိုစ့်တစ်ခုမှာလဲ တင် ခဲ့ဖူးပြီးသားပါ။အဲ့ဒိပိုစ့်တုန်းက အစ်မတစ်ယောက်က နာမည်လာပြောသွား
တယ်၊ပုံရဲ့ နာမည်က ရရင်ရ မရရင်ချ တဲ့။(တခြားသူတွေဆွဲတဲ့ ဒီလိုပုံတွေအများကြီးရှိပါတယ်)

တစ်လက်စထဲ၊ကြုံတုန်းလေး ဆက်ရေးပါရစေ..........။ကျမက လွန်ခဲ့တဲ့ ၂ ရက်စပြီး ကျမဂျီတော့ခ်မှာ
"Feb 14 is later than Feb 12 and Feb 13 " လို့တင်ထားဖြစ်ပါတယ်။
ဓာတ်ပုံကိုတော့ အစ်ကိုတစ်ယောက်ဆီကတောင်းယူထားတဲ့ ဗိုလ်ချုပ်ပုံကြမ်းလေးနဲ့ပါ..။
အဲ့ဒိ message နဲ့ပတ်သက်ပြီးလို့ မရှင်းသင့်ပဲ၊မရှင်းချင်ပဲ ဖြေရှင်းရတာလဲ အခါခါ...........။နင့်ရဲ့ အယူအဆကို ငါလက်ခံပါတယ်။ဒါပေမယ့် ဘာဖြစ်သည်၊ဘာဖြစ်သည်ဆိုတာတွေ..စသဖြင့် အမျိုးမျိုးပေါ့လေ.....၊
အဲ့ဒိမှာ စိတ်ရောကိုယ်ပါ ချွတ်ချုံကျရတဲ့ စကားတစ်ခုကတော့ ကျမခုတက်နေတဲ့ သင်တန်းကညီမလေးတစ်ယောက်ရဲ့ အမေးပါ...။

"အစ်မ ဘယ်သူ့ပုံကြီးတင်ထားတာလဲ" တဲ့..။
နှုတ်တွေဆွံ့အ......ဘာဆက်ပြောလို့ပြောရမှန်းမသိ....။"အဲ့ဒိပုံကို အစ်မပို့ပေးမယ်.။သိမ်းသွားလိုက်၊
အိမ်ပြန်ရောက်ရင် ညီမလေးရဲ့ အမေကိုမေးကြည့်လိုက် "လို့ ..ကျမ ပြန်ပြောလိုက်ပါတယ်။

စိတ်ထဲကနေလဲအေးပေါ့လေ..ခြသေ့င်္တွေပဲမြင်နေရတော့ ခြင်္သေ့တွေပဲ သတိထားမိမှာပေါ့လို့ တွေးလို့...။
ဒါဟာ ငါတို့ခေတ်မဟုတ်၊ဒါဟာ ငါတို့အတွက် ဗိုလ်ချုပ်တည်ဆောက်ခဲ့တဲ့ ဘ၀တွေ မဟုတ်သေးပါဘူးလို့ ကိုယ့်ကိုယ်ကိုအားပေးနေရတယ်။နောက်တော့ ဒီကဗျာလေးလဲ ပြေးသတိရမိတယ်။

ဒါ
ငါတို့ခေတ်တဲ့လား
မဟုတ်ဘူး
ဒါ
ငါတို့ခေတ်မဟုတ်သေးဘူး
ငါတို့ခေတ်ဟာ ဒီလိုဖြစ်ခွင့်မရှိဘူး
ငါတို့ခေတ်ကို ရောက်ဖို့ ငါတို့ထူထောင်ရဦးမယ်။

ရေးသူက ညိုထက်(လမ်းသစ်ဦး) ပါ..။

ဟုတ်တယ်...ကျမတို့ခေတ်ကိုရောက်ဖို့ ကျမတို့ကြိုးစားရပါဦးမယ်..........။

10 Responses to “နေ့များ.....ဘ၀များ.....”

Anonymous said...

ဟိုကလေးမ.. ဘယ်သူလဲတော့မသိပါဘူး.. အဲလိုမေးရက်တယ်.. မျက်ရည်တောင်ဝဲမိ..

kay said...

ညီမကြီးရေ- ရှိပါစေ.. သမိုင်းကိုလိမ်ကောင်းလိမ်ကျမယ်..ဖျောက်လို့တော့မရပါဘူး။

အမ အတွေ့အကြုံအရဆို..သိရဲ့သားနဲ့တောင်..ညီမလိုခင်ရတဲ့ သူငယ်ချင်းတယောက်က..အခန်းထဲလာလည်ရင်..နံရံ က..ဒေါ်အောင်ဆန်းစုကြည်ပုံကိ.. `မမ..ဘာလို့အဲပုံကပ်ထားတာလဲဟင်..´လို့မေးခံခဲ့ရဘူးတယ်။ ဘာဖြေလိုက်မိမှန်းတောင် မမှတ်မိတော့ဘူး။

( ဒါနဲ့..အမ ဆီက ဟာ ကဗျာဟုတ်ပါဘူး.. ဘာမှန်းကိုမသိတာ..ဟဲ)

:P said...

ဒီနေ့ နက်စုတ်လို့ ပုံတွေ မပေါ်ကာမှ ပုံတွေ တင်ကြတယ် ... အဲငှယ်..။

ATN said...

တို့ခေတ်ကိုရောက်အောင် တို့ကိုယ်တိုင်ပဲ တည်ဆောက်ရမှာ အမှန်ပဲ...

သိပီ နေ့ထူးနေ့မြတ်မှန်းသိအောင်
ကွန်ချထားတာနေမယ်။

ကိုအောင်သာငယ် ပြောသလိုပါဘဲ ညီမရေ။
အားပေးလျက်ပါ။

မှန်လိုက်တာ ညီမလေးရေ..
ဟုတ်တယ် ငါတို့ခေတ်ကိုငါတို့ထူထောင်ရဦးမှာပါ...

Welcome said...

အမှန်တရားများနဲ့ ထပ်တူထပ်မျှပါ .. ..

Anonymous said...

်အင်...
အဲ့သလို ကောင်မလေးမျိုးလေးတွေ ရှိနေသရွေ့ တို့တိုင်းပြည်တော့ ......