Wednesday, February 25, 2009

အရပ်ကူပါ လူဝိုင်းပါ...

ပြီးခဲ့တဲ့တစ်ခေါက်နယ်ပြန်တုန်းက အမေဇွတ်အတင်းခေါ်လို့ လိုက်သွားရတဲ့ ဗေဒင်ဆရာမက စက်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ပြဿနာဖြစ်မယ်၊စိတ်အနှောက်အယှက်ဖြစ်မယ်လို့တော့ ဟောခဲ့သားပဲ။သိပ်မယုံခဲ့ဘူး။ အဲ့ဒိဗေဒင်တွေဘာတွေနဲ့ စကားကိုပြောမကြည့်ချင်တာ..။ကိုယ့်စိတ်အစွဲကြောင့်ပဲလားတော့ မသိဘူး။
အမေ့ဆီကပြန်လာထဲကပျက်လိုက်တာ၊ပျက်လိုက်တာ....။နုတ်ဘုတ်က ဘာဖြစ်မှန်းမသိဘဲ ထိုးရပ်သွားတယ်..။ သီချင်းနားထောင်တဲ့ဟာက ကိုယ်လဲဘာမှမလုပ်ရပဲ lock ကျသွားတယ်..။
ခုတော့ တကယ်ဖြစ်နေတာဆိုတော့ကာ ယုံရမလို...................။

ဒီထက်ဆိုးတာတွေ ဗေဒင်ကဟောထားတာတွေရှိသေးတယ်..။ခုသေးသေးကွေးကွေးလေးတွေက ဖြစ်နေတော့ နဲနဲတောင်လန့်လာပြီ..။အမေက ယတြာတွေဘာတွေတောင် တောင်းပြီးသား။ကျမကလဲနယ်မှာအကြာကြီး မနေနိုင်တော့ ရန်ကုန်မှာ မမေ့မရော့ သေချာလုပ်နော်သမီးလို့မှာလိုက်တာတွေကိုပဲ အဲ့စာရွက်လေး
ပျောက်နေတာကိုပြန်ရှာပြီး ဟုတ်သော်ရှိ၊မဟုတ်သော်ရှိ လုပ်လိုက်ရကောင်းမလားလို့တောင်
တွေးမိ၊ကြံစည်မိတယ်..။နားလည်တတ်ကျွမ်းတဲ့သူအတွက်ဆိုရင်တော့ ဒီလောက်လေးက ဘာမှပြဿနာမဟုတ်သလို၊ဘာအရေးလဲကွယ်..။ခုဟာက ဒီခလုတ်ဖွင့်ရင် ဒါရတယ်..။မီးလာချင်ရင် မီးခလုတ်ဖွင့်လိုက် ဆိုတာလောက်ပဲသိထားတဲ့ကျမအဖို့တော့တော်တော်လေးစိတ်အနှောက်အယှက်ဖြစ်စရာ...။

တစ်ခုပျက်လိုက်..သူများဆီပို့ပြီးပြင်လိုက်..ကြားထဲက အကူအညီတောင်းခံရတဲ့လူတွေကိုလဲ အားနာလှပြီ...:)
ခုလဲ ၂ ခုပျက်နေတယ်..။သိတဲ့လူများ ကူညီကြပါဦး..။

နုတ်ဘုတ်

hard disk ကိုအရင်ရှိပြီးသားဟာကို အပြင်ထုတ်ပြီး အသစ်ကိုအထဲထည့်ထားတယ်။အဲ့ဒိအခါ အရင်အဟောင်းထဲက data တွေမှန်သမျှ ပြန်လိုချင်တိုင်း disk အဟောင်းကို external hard diskအဖြစ်ပြန်သုံး
နေရတယ်...။အဲ့ဒိလိုလုပ်နေခဲ့တာ အရင်ကအဆင်ပြေတယ်...ခုကျတော့ညက စပြီး ဘာဖြစ်သွားတယ်မသိဘူး။
hub မှာသွားတပ်လိုက်တာနဲ့ နုတ်ဘုတ်လေးတစ်ခုလုံး ဘာမပြော၊ညာမပြောနဲ့ ပိတ်ပိတ်ကျသွားတယ်...။ စိတ်ညစ်လိုက်တာ...တစ်ယောက်ထဲရယ် စိတ်တွေတိုပြီး ဘာလုပ်လို့လုပ်ရမှန်းလဲမသိဘူး။ချက်ချင်းလဲ
ပြန်ဖွင့်လို့မရဘူး။၂နာရီလောက် ကြာအောင်စောင့်ပြီးမှ ပြန်ဖွင့်ကြည့်တော့တော့ ရတယ်..။
တစ်ခါပြန်တပ်ကြည့်တယ်...ပြန်ပိတ်သွားပြန်တယ်....။ဆိုတော့အရင်အဟောင်းထဲက လိုသမျှအချက်အလက်တွေကို မသုံးပဲနေရတော့မလိုဖြစ်နေပါတယ်...။ဘယ်လိုလုပ်ရမယ်ဆိုတာ သိတဲ့သူများ သိများအကြံဥာဏ်လေး မစခဲ့ကြပါ...။ ဘာဖြစ်တာလဲဟင်...။ဘယ်လိုဆက်လုပ်ရမလဲ..........ဆိုတာလေး သိသလောက်ပြောခဲ့ပါ...။

နောက်ထပ်တစ်ခုက ပျက်တာတော့မဟုတ်...။ဒါမယ့်ပစ္စည်းအကောင်းက သုံးမရဖြစ်နေတာပါ..။

မီးအားမြှင့်စက်….

မီးမလာတဲ့အကြောင်းပဲ ပြသနာလုပ်ပြီးပြောနေသလိုများဖြစ်နေပြီလား…..။တောင်းပန်ပါ၏။ ခုလဲ အဲ့အကြောင်းနဲ့ပဲ ဆက်စပ်လို့ အကူအညီတောင်းချင်ပါတယ်.။မီးက ၁၁ နာရီ သို့မဟုတ် ၅နာရီမှာ လာတတ်ပါတယ်။၅ နာရီက မသေချာတတ်ပေမယ့် ညဘက်ရောက်ရင်တော့ လာလေ့ရှိတယ်။
မလာတော့လဲ မလာလို့ လာတော့လဲ အဆင်မပြေပြန်ပါဘူး။သို့ကလို ညဘက်လာတဲ့ မီးအားက ည ၁၂ နာရီ လောက်ဆို ၂၅၀ ကျော်သွားပြီ…။မီးအားမြှင့်စက်က တတီတီနဲ့အော်…..။ဘာမှလဲ လုပ်လို့မရ…။
တယ်လီဗီးရှင်းလေးမှ ကြည့်မရ။ကွန်ပြူတာလေးမှသုံးမရ….။သီချင်းလေးမှ နားထောင်မရ...:(

အဲ့ဒါလေးလဲ လုပ်ကြပါဦး………..။မိတ်ဆွေတစ်ယောက်ကတော့ပြောပါရဲ့...။မီးအားမြှင့်စက်မခံပဲနဲ့ ဒီအတိုင်းသုံးပေါ့တဲ့...။အဲ့လိုကျတော့လဲ နေ့လည်ဘက်လေးတစ်ခါတစ်လေယောင်မှားလာတဲ့ ပါဝါအားကို သုံးမရ
ဖြစ်မှာစိုးရသေးတယ်..။နောက်ပြီး ညဘက် ၂၅၀ကျော်နေတဲ့အချိန်မှာ ဒီအတိုင်း မီးအားမြှင့်စက်မခံပဲ သုံးရင်ရော အန္တရာယ်ရှိမှာလားမသိ။ မီးအားတွေ များလွန်းတော့ ရှော့တွေဘာတွေလဲဖြစ်မှာကြောက်သေးတယ်..။

ညည်းခြင်းတွေကို သည်းခံပြီးဖတ်ခဲ့ရတယ်ဆိုရင် အပေါ်မယ် ကဗျာတစ်ပုဒ်ဖတ်ပါ...:P

6 Responses to “အရပ်ကူပါ လူဝိုင်းပါ...”

NangNyi said...

မမေ့မရော့ မဟုတ်ဘူး.. မမေ့မလျော့.. သတိထားပါ အစ်မဂျီး ဟွန်းဟွန်း..

နုတ်ဘွတ်ပျက်တာလား .. ဒါများ.. 09 99 အစရှိသော ဖုန်းလေးကိုခေါ်.. လုပ်ပါဦးလို့ ခု ရေးထားသလို အကုန်ပြန်ပြောပြလိုက်.. :P

Welcome said...

သယ်ချင်း (မယုံဘူးဆို၊ ခုတော့ ကြောက်နေပီပေါ့)
HDD အဟောင်းထဲက Data တွေကို CD နဲ့ ထုတ်ထားလိုက်ပါ။ ပြန်ယူရတာလည်း လွယ်တာ ပေါ့။ CD တစ်ချပ်စာ မပြည့်လောက်ပါဘူး။

မီးကတော့ ကံသေကံမ ပြောလို့ မရဘူး။ ကြားကနေ UPS ခံထားရင်တော့ စိတ်ချရပါတယ်။ မီး over ဖြစ်သွားရင်လည်း cutout လုပ်ပေးမယ် လေ။ UPS 6oo V လောက်ဆို အဆင်ပြေမှာပါ။

အဆင်ပြေပါစေ ..

MANORHARY said...

အုံဖွ....း)
အပြီးပျက်သွားပြီမဟုတ်လား ...း)

ATN said...

ယတြာချေလိုက်လေကွယ်...း)

NangNyi said...

ဦးငယ်ပြောတာ ဟုတ်တယ်ဗျို့.. ယတြာချေ.. ယတြာကောင်းရင် မင်းလောင်းတောင် ဘာဖြစ်တယ်ဆိုလား.. ကြားဖူးတယ်ဟုတ် ;P
ယတြာအနေနဲ့ အိမ်ကရှိသမျှ ပျက်တတ်တဲ့ ပစ္စည်းတွေရှေ့မှာ “ဥုံ မပျက်နဲ့ မပျက်နဲ့”လို့ ဖနောင့်သုံးချက်ပေါက်ပီးရွတ်.. ပြီးရင် သနပ်ခါးရေပက်.. (တစ်ခါထဲ ရှော့ဖြစ်ကရော)

Anonymous said...

နန်းညီရဲ့ အဲလိုမလုပ်ရဘူး။ မှားနေတယ် ယတြာက။
နုတ်ဘုတ်ကို အပေါ်က လက်အုပ်ပြီး “ဥုံ ပြောင်းကန် ပြောင်းကန်” လို့ ၁၀၈ အုပ်ရွတ်။
ပြီး ဖယောင်းတိုင် ၉ တိုင်ထွန်း။
ဘာကြီးပဲ ဖြစ်နေဖြစ်နေ ထမငြှိမ်းနဲ့။
(ဒါဆိုရင် ... ကောင်းရောလား...။)
(ဟင့်အင်း နိုတ်ဘုတ် အရည်ပျော်ရော)