Monday, February 09, 2009

နန်းညီမှလက်ဆောင်

အဟမ်း အဟမ်း... အားလုံး အသံကြားပြီး လန့်သွားကြပါသလား.. “ဟ.. ဟ .. မေရာလည်းမဟုတ်ဘူး.. ဘယ်သူကြီးတုန်း” ဆိုပြီး.. မှန်ပါတယ်.. ကျွန်မနန်းညီပါ.. ဒီနေ့ တပို့တွဲလပြည့်နေ့လေ ဟုတ်တယ်မဟုတ်လား.. အဲဒါ လကိုမုန်းသူ နန်းညီနဲ့ လချစ်သူ မမေရာတို့ ရူးကြောင်ကြောင်လုပ်ကြပါတယ်.. သူ့ဘလော့မှာ တစ်ခုခု ၀င်ရေးပေးစမ်းပါ တဲ့.. အဲဒါနဲ့ ပျော်ပျော်ကြီး ၀င်ပြီး ရေးလို့နေပါတယ်..

စတာ.. စတာ.. အတည်ရေးပါ့မယ်.. မမေရာနဲ့ နန်းညီ စခင်တဲ့အကြောင်း..
စတာကတော့ တောင်ကြီးတန်ဆောင်တိုင်ပါပဲ.. အယ်ရှားလေး တန်ဆောင်တိုင်မှာ တောင်ကြီးပြန်ပြီး မီးပုံးပျံလုပ်တာ.. နန်းညီက ကျန်ခဲ့ရတယ်လေ.. အဲ့ဒါနဲ့ မကျေနပ်ကျေနပ်နဲ့ပဲ.. တောင်ကြီးချယ်ရီမြေဘလော့ကနေ မီးပုံးပျံတိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ဖို့.. ညဘက်ကြီး အင်တာနက်ဆိုင်ကိုရောက်ခဲ့တာ..

အဲ့မှာ ဆိုင်ထဲမှာ ကြည့်နေတဲ့ အစ်မ ၃ ယောက်ရှိနှင့်နေတယ်.. ကိုးနက်ရှင်က ကျလိုက် ပြတ်လိုက်.. မတက်လိုက်နဲ့ ဆိုတော့ ဒီစက်ကမရရင် ဟိုစက်ပြေးကြည့်.. ဟိုစက်ကကျ.. ဟိုဘက်စက်ပြေးနဲ့.. ၀ရုန်းသုန်းကားပါပဲ.. နောက်တော့ ဆံပင်တိုတို မျက်မှန်လေးနဲ့ အစ်မက ဆိုင်ကောင်တာမှာ ပိုက်ဆံရှင်းပါတယ်.. ဒီကကြည့်ရတာ အားမရပါဘူး.. မနက်ဖြန် တောင်ကြီးတက်မယ်.. အဲ့ကသွားကြည့်မယ်တဲ့.. ဆိုင်ကလူတွေက နန်းညီနဲ့ရင်းနှီးနေသူတွေဆိုတော့ကာ “ဟာ ဒါဖြင့် အဲ့အရူးမလေးကိုခေါ်သွားစမ်းပါတဲ့.. ကားလတ်မှတ်မရလို့ မသွားရတာ.. ” ဆိုပြီး.. အဲ့မှာ သူက လှည့်ကြည့်ပါတယ်.. ပြုံးပြတယ်.. လိုက်ခဲ့လေ လို့ကျမခေါ်တော့.. နန်းညီလည်း ဘာမှမပြောတော့ဘူး..

အဲလိုနဲ့ နောက်နေ့ သူတို့တောင်ကြီးတက်သွားပါတယ်.. ပြန်လာတော့ အဲ့ဆိုင်မှာပဲ သူလည်းသုံး.. နန်းညီလည်းသုံးဆိုတော့ မျက်မှန်းတန်းမိနေပြီး.. နောက်တော့ သူက ဘန်နာလုပ်ချင်လို့ ဆက်သွယ်လာတော့မှ ဂျီတော့မှာ အပြန်အလှန် စကားပြောဖြစ်တာပါ.. ဘန်နာလုပ်ပေးခ ကြေးအိုးဆီချက်လိုက်ကျွေးတဲ့နေ့မှ သေချာ မြင်ဖူး စကားပြောဖူးသွားပြီး.. ခုတော့လည်း အင်မတန်ချစ်စရာ အစ်မကြီးကိုဖြစ်လို့.. နန်းညီအိမ်လည်း လိုက်လည်သေးတယ်.. သူ့ရွာပြန်ပြီး ထန်းရည်သောက်ဖို့ကိစ္စကလည်း ခုထိတော့ စီစဉ်လို့မရသေး.. တစ်နေ့တော့သွားဖြစ်မှာပါ.. ငယ်ငယ်ကတည်းက မိန်းကလေးသူငယ်ချင်းရှားတဲ့ နန်းညီက .. ခုမှ အစ်မတစ်ယောက် ကောက်ရလိုက်လို့ အတော်လေးတော့ ပျော်မိသား.. ပြီးတော့ အစ်မက ရေကလျှံ စေတနာကကောင်းကိုးဗျ.. (ဟိ).. မကြာခဏလည်း မုန့်လိုက်ကျွေးတယ်.. မကြာခဏလည်း အရစ်တက်ပါတယ်.. (ရစ်ချက်ကတော့ ရင်နင့်စရာတွေပါ.. တကယ်... မောင်ရှင်းသန့်တို့ဆို သိမှာပဲ)..

အခုလည်း ပြန်ခါနီးမှာ.. အွန်လိုင်းရောက်လာ. .. ပို့စ်ရေးပေးပါပြောလို့.. ကမန်းကတမ်းဝင်.. ရေးနေရတာ..
စာဖတ်သူ ပရိတ်သတ်များ.. အောက်မှာသာ ရှုကြပေတော့..

nye: သိဘူး
စားခဲ့တယ်

mirror: ကောင်းတော့ ကောင်းတယ်မလား..။

nye: သိဘူး

mirror: စိတ်ညစ်လို့ဗျာ
ပိုစ့်တစ်ပုဒ်လောက်ရေးပြီး ငါ့ဘလောဂ့်မှာတင်ပေးစမ်းပါ

nye: ဟင်
ဘာရေးရမယ်

mirror: မသိဘူးလား

nye: ရေးချင်တာရေးရမှာလား

mirror: အင်း
ပေးမယ်
ပါစ့်ဝါဒ့်

nye: အင်း
ကေ
ရေးချင်တာရေးမှာနော်

mirror: အင်း
ဘာဖြစ်နေမှန်းကို မသိဘူး

nye: ရူးနေတာ

mirror: မှားပဲ မှားနေတာ
ဟုတ်တယ် ရူးသွားလဲ ကောင်းတာပဲ

nye: လက်သီးနဲ့ပိတ်ထိုးပစ်ရမယ်
အဲဒါ

mirror: ဘယ်သူ့က
မှုတ်ဘူး ဘယ်သူ့ကို

nye: အစ်မကို

mirror: ငါလဲ ပြန်ထိုးမှာ

nye: အစ်မ ပြန်ရေးမလား
ညီ့ဘလော့မှာ
ရေးမလား ရေးမလား

mirror: အင်းလေ
ခုတော့ ဘာရမလဲ

nye: ဟမ်

mirror: ခုတော့ မရေးနိုင်သေးဘူးလေ
ညီက ခုရေးခိုင်းတာလား

nye: အေးလေ.. အပြန်အလှန်

mirror: ခု က
ဘာမှ မတွေးတတ်ဘူး
ဖြစ်နေတယ်လေ
နောက်နေ့ရေးပေးမယ်

nye: တော်ပီ

mirror: လုပ်ဟာ
ပြန်သေးဘူး မလား

nye: မပြန်သေးဘူး

mirror: အေးလေ
ရေးပေးခဲ့ ငါ့ဟာက ခုပျင်းစရာကြီး

nye: ((ဒီနေ့ တပို့တွဲလပြည့်နေ့လေ ဟုတ်တယ်မဟုတ်လား.. အဲဒါ လကိုမုန်းသူ နန်းညီနဲ့ လချစ်သူ မမေရာတို့ ရူးကြောင်ကြောင်လုပ်ကြပါတယ်.. သူ့ဘလော့မှာ တစ်ခုခု ၀င်ရေးပေးစမ်းပါ တဲ့.. ))
အဲ့လိုလေးအစချီထားသည်

mirror: အင်း

nye: ရေးနေတုန်း
ခဏ
သိပ်တော့အရှည်ကြီးနဲ့ အလေးနက်ကြီးမရဘူးနော်
တထိုင်ထဲရေးတာဆိုတော့

mirror: ဘာ ညားညား
ဟိ ကျေးဇူးလဲတင်တယ်၊ပိုတောင် ချစ်သွားပြီး ငါ့ညီမလေးကို

ဒီလောက်ဆို တော်သေးပြီနော်..

11 Responses to “နန်းညီမှလက်ဆောင်”

Welcome said...

ဏားအလည်ဘူး သယ်ချင်းရ။

MANORHARY said...

အော်..ဒီလိုလည်းလုပ်လို့ရပါလားလို့
မှတ်သားရင်း..
ဘယ်သူ့ကိုများအဲလိုခိုင်းလို့ရမလဲလို့
ရှာလိုက်ပါဦးမယ်။
း)

khin oo may said...

အင်း. ဒီလိုလေးလဲကောင်းသားဘဲ

:P said...

ဘာညားညား ဆိုတာ ဘာလဲဟင်...
အန်းတစ်မို့ မသိပါ..(ငယ်သူမို့ မသိပါ မဟုတ်)

မီယာ said...

မီးပုံးပျံ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်လိုက်ရတယ်.. တပျော်တပါးကြီး လူတွေ အများကြီး စကားပြောကြတာ

ATN said...

ထွင်ကြပါပေ့...
ဘလော့အထူးပြုလုပ်မှု-ဆိုပြီး ခေါင်းစဉ်တပ်ပြီး
Award တခုလောက် ချီးမြှင့်ဖို့တောင် စိတ်ကူးရသွားတယ်...
နေဦး Proposal တင်ကြည့်ဦးမယ်... ဟဲဟဲ...

အဲ့လို လုပ်လို့ရတယ်ပေါ့လေ
ဒါဆို ကျွန်တော်လဲ ရေးခိုင်းဦးမှပဲ

Anonymous said...

မိုက်တယ် ဒီအစီအစဉ်။
အမ ခင်မင်းဇော်

NangNyi said...

ခွိခွိ .. အားပေးကြတယ်တော့ ..

Anonymous said...

၂ယောက်ပေါင်းပြီး ဆော့နေတာများ
ပျင်းထူ နဲ့ အရူးမ ၂ယောက်လေ ဟားဟား
ပြောရတာ အရသာရှိ ဟီဟိ

Anonymous said...

စိတ်ကူးကောင်းတယ်...........း)
ငပေါ ၂ယောက်ပေါင်းကြတာပေါ့ မေရာ ကရစ်တယ်တဲ့ ဝေးဝေးရှောင်မယ် ။