ဧပရယ်ကို ငါမသာယာနိုင်ခဲ့တာ
ခုနှစ်ပေါင်းများစွာ ရှည်ကြာ....
တထောင့်ကိုးရာကိုးဆယ့်ငါး
အဆိုးဆုံးဧပရယ်
နာကျင်မှုကို စတင်စမ်းသပ်ခြင်း.....။
ဝဋ်နာကံနာ....
ပြီးတော့ မတ်တပ်နာ...
ဧပရယ်ပေါင်းများစွာ
ငါနင်းလျှောက်လာခဲ့
ဘယ်တဦးတယောက်မှ
ငါ့နွေလောက် ပူမှာမဟုတ်ကြဘူး
(လို့)ပြောရင်...
ပိတောက်တွေက ရီ(ရယ်)မောကြဦးမယ်။
နာတယ်။
ခံစားမှုက နာတယ်။
ဦးဏှောက်ကို တဖြည်းဖြည်းလှိုက်စား
အို...ဘ၀တဏှာ၊ဒုက္ခသစ္စာတွေ...
ကုန်ပဲမကုန်နိုင်သေးဘူးလား
ငါ... နာ.... လွန်းလို့ပါကွယ်...။
ငါ့ မတ်တပ်နာ
ပြီးတော့
ငါ့ ၀ဋ်နာ၊ကံနာ....။
Mirror
ကဗျာလို့ နာမည်မတပ်ချင်ပါဘူး။ စိတ်ထဲရှိတာတွေ ချရေးလိုက်တာပါ။
Thursday, April 15, 2010
« Newer Post
Older Post »
5 Responses to “၀ဋ်နာ၊ကံနာ”
ဖတ်ရင်း ဖတ်ရင်း ကိုယ်ပါ ရော နာ လာတယ်..။:P
အော် ဧပရယ်နာ...။
ဥုံ..ဖွ.. ပျောက်ပါစေ။း(
ဝဋ်နာကံနာတွေ လွင့်ပါးပျောက်ကွယ်မယ့် ဧပရယ်က ညီမလေးဆီကို ရောက်လာဦးမှာပါကွယ်...
ကဗျာဖတ်ပြီး ငိုချင်သွားတယ်.....
ကိုယ့်မှာလည်း များလိုက်တဲ့ ၀ဋ်နာကံနာတွေ ဆိုပြီး...
ဥုံဖွ.. ပျောက်စေဆိုတဲ့ ဆရာမက မဲ့နေသေး
ဒီလိုပြုံးပြရတယ် :D
ကောင်းသွားမှာ မပူနဲ့ အေးဆေး
ုဖြစ်ချင်ရာဖြစ်ဆိုတာ လူညံ့တွေပဲ လုပ်တာ
Post a Comment