Wednesday, April 14, 2010

လွမ်းအောင်ကူချွဲ

လွမ်းလို့ဗျာ..။
ဆားချက်တယ်ပဲ ထားပါတော့။ခေါင်းစဉ်နဲနဲပြောင်းလိုက်တယ်။အရင်က တင်ပြီးသားတချို့လဲ ပါတယ်။

(ချစ်သော ဧရာဝတီ..)
အလွမ်း...ပြန်ချင်စိတ်ကြောင့် စိတ်ကူး...အိမ်မက်ထဲမှာ အိမ်ပြန်ဖြစ်တယ်။


(ဧရာဝတီ၏နှုတ်ခမ်းပေါ်မှ )


(ပုံဂံ နားက ဧရာဝတီ..)
ငါသည် ဧရာဝတီကို ဘယ်နေကနေပဲ မြင်ရ၊မြင်ရ..မြင်တိုင်းရင်ခုန်တတ်သူရယ်။ဓာတ်ပုံရိုက်တာကတော်ချက်။ ဧရာဝတီကို တစ်ခြမ်းပဲပါတယ်။


(Bicycle)
နတ်မောက်မှာတုန်းက..သဲချောင်းထဲမှာဘယ်သူ့ဘီးမှန်းလဲ မသိပါဘူး။ညနေစောင်းလေး၊အိမ်ကိုလွမ်းလွမ်းနဲ့
မြင်လိုက်တဲ့အခိုက်။


(အာနန္ဒာဘုရားနား)
တကယ်တမ်းက ပုံအကြီးရိုက်ထားတာ...မလုပ်တတ်လုပ်တတ်နဲ့ ကလိရင်း၊ကလိရင်းက သေးသေးလေးပဲ ကျန်
တော့တာ..။ဒါလေးပဲ တင်လိုက်တယ်..။


(လတ်ပွတ္တာမြို့ပေါ်က ဆိုက္ကားဂိတ်..)
ဧရာဝတီတိုင်းက နေရာတော်တော်များများက ဆိုက္ကားပုံတွေ အတူတူပါပဲ..။ဒါမယ့် ဟင်္သာတက ဆိုက္ကားတွေ ကျတော့ တစ်မူထူးတယ်။ဆိုက်ကားစီးနေရင် ဘေးကကြည့်ရတာ ခရီးသည်က မတ်တပ်ရပ် နေသလိုပဲ...။


(လယ်တောက အပြန်.......)
လယ်တောက အပြန်၊ပန်ချင်တယ် ခရေဖူးဆိုလို့... အယ် မဟုတ်သေးပါဘူးလေ..။း)


(ရှက်ပြုံး)
နောက်ကနေ ဟေး..ပြန်တော့မလိုလားလို့လဲ အော်လိုက်ရော...လှည့်ကြည့်ပြီးရှက်နေကြတာ...။


(Wild & Free)

(ခ၀ါ)

(မော်လမြိုင်ထောင်)
နောက်ဘက်က မြင်နေရတာ သံလွင်မြစ်လား၊ဂျိုင်း၊အတ္ထရံနဲ့သံလွင်ဆုံတဲ့ မြစ်ဆုံလား သေချာမကွဲပြားတော့ပါ။


(အစိမ်းရောင်- "၀"ပြည်ဘက်က)
ခံစားတတ်တဲ့နှလုံးသားရော၊ဦးဏှောက်တွေပါ ခမ်းခြောက်တော့ အစိမ်းအစိုလေးတွေပဲ ကြည့်ချင်၊မြင်ချင်နေမိ။

အခန်းထဲက သူငယ်ချင်းမနှစ်ယောက်က လူကို လွမ်းအောင်ကူချွဲကြတယ်။ ဖဘမှာရွှေပြည်တော်ကြီးက ဓာတ်ပုံ တွေ တင်လိုက်ကြတာ။အလွန်အကျွံ..။

တင်းထားတဲ့စိတ်ကို ဖြုတ်ချပစ်ခဲ့တယ်။ ဟိုးးးး အဆုံးထိ လွင့်မျောပါ... ပျောက်ကွယ်သွားခဲ့..။


11 Responses to “လွမ်းအောင်ကူချွဲ”

ဘာရယ်တော့ မဟုတ်ဘူး
ပုံလေးတွေနဲ့ အောက်ကစာလေးတွေကို သဘောကျမိပါတယ် ... မကြေးမုံ။

ဒီလိုချစ်စရာ ပုံလေးတွေ နောက်လည်း ကြည့်ချင်ပါတယ်ခင်ဗျာ ... ။
ကျနော်လည်း အလွမ်းပြေပေါ့ ... ။
လေးစားလျက်။

“ငါသည် ဧရာဝတီကို ဘယ်နေကနေပဲ မြင်ရ၊မြင်ရ..မြင်တိုင်းရင်ခုန်တတ်သူရယ်။”

ဒါကတော့ ရပ်နေသူရင်ထဲမယ် ရဲ့ ခံစားမှုပေါ့...။

xxxxxx

မြန်မာပြည်မှာ ပုံမှန်အားဖြင့် ဆိုက်ကားတွေက ဘယ်မောင်းတွေ ။ ဒါပေမယ့် တချို့မြို့တွေမှာ ညာမောင်းတွေ ရှိသလားလို့...ဒွိဟဖြစ်နေတယ် ။

xxxxxx

Crystal said...

လာရောက် လွမ်းမိပါတယ်။ အဲဒီနေရာလေးတွေကို ရောက်တုန်းက ဓာတ်ပုံမရိုက်ခဲ့ရဘူးကွယ်။

jr.lwinoo said...

ဘာလို့ အရမ်းခံစားနေတာပါလိမ့်လို့ မေးရင် ကိုယ်ချင်းမစာသလိုဖြစ်နေမှာ။ ပျော်ရွှင်ပါစေကွယ်။

mirror said...

ကိုနေ့သစ်..ကျမလဲ အဲ့ဒိပုံအောက်က စာလေးတွေကို ကိုယ့်ဟာကိုယ်ပြန်ပြီး သဘောကျနေတား)

ကိုလဒပ ရယ်.. ဘယ်နင်း၊ညာနင်းလုပ်ပါ..။ဘယ်က ဘယ်မောင်း၊
ညာမောင်း လဲ။ :P

မ Crystal ရေ..ဓာတ်ပုံလာကြည့်တာ ကျေးဇူးပါ။

မဂျူ.. မမေးပါနဲ့လေ.. ဒီအမိုက်အမဲကို ...။း)

purplemay said...

ဓါတ်ပုံလေးတွေ တ၀ကြည့်ပြီး caption လေးတွေ တ၀ဖတ်သွားတယ်....း)

littlebrook said...

ငါတော့ ထိပ်ဆုံးကပုံကိုပဲ ရီချင်တယ် လွမ်းအောင်ကူချွဲဆိုပြီး ဘယ့်နှယ် ကတ္တရာစီးပုံးတွေကို ရိုက်ထားတာလဲ ဘာပြောချင်တာလဲ မနဲစဉ်းစားလိုက်ရတယ် .. အောက်ပုံတွေဆက်ကြည့်မှ အော် ဒါကိုးလို့ .. ဟွန်း ကတ္တရာပုံးကြီးတွေလွမ်းရအောင် မယ်ရာလည်း လမ်းတံတားက အင်ဂျင်နီယာမဟုတ် ဟားဟားဟား

Anonymous said...

ကိုလင်းဒီပကို ကိုလင်းလို့ခေါ်ရင်လည်းခေါ်ပါဟာ
နင်လုပ်နေတာ ကိုလဒပ ကိုလဒပနဲ့ ..
ဟီးဟီး ငါ့စိတ်ထဲ လက်ပံပွင့်တွေမြင်သလိုလို
လင်းတငှက်ကြီးပဲ မြင်လာသလိုလို (little brook)

ဓာတ်ပုံတွေ ကြည့်မိတော့ အမိမြေကို ပိုလွမ်းမိတယ်။ ဓာတ်ပုံလေးတွေရိုက်ထားတဲ့ ပုံစံကိုလည်း သဘောကျမိပါတယ်...

Maung Myo said...

နင့် အစာငါပိုပြီး အလွမ်းဖြေထားပေးမယ်း)

ခုမှ လာကြည့်မိပြီး ကူလွမ်းသွားရပါတယ်..။