Monday, April 05, 2010

ခေါင်းကိုက်ခြင်း


တဒိတ်ဒိတ်နဲ့ ညကြီးအချိန်မတော်တိုင်တဲ့အထိ မပျောက်နိုင်အောင် ကိုက်ခဲနေတဲ့ ကျနော့်ရဲ့ဦးခေါင်းထဲက ဦးဏှောက်ကို ဖာက်ထုတ်ပြီး တစ်နေရာရာကိုသာ လွှင့်ပစ်ချင်မိတော့တယ်။ ကျနော့်အခန်းလေးက သိပ်ပြီး ကျဉ်းမှောင်နေလို့များလား..။ အသက်၀၀ရှူလိုက်ရရင် နဲနဲများသက်သာလေမလား ဆိုတဲ့ အတွေးနဲ့ လေသန့်သန့်လေးရနိုင်ဖို့ အခန်းအပြင်ဘက်ကို ကျနော်ထွက်ရပ်မိတယ်..။

လေထဲမှာ မိုးငွေ့ပါတယ်..။ ပြင်းရှရှနဲ့ အနုဆုံး၊ အလတ်ဆုံးလေကို ကျနော်ရှူရှိုက်ခွင့်ရလိုက်တယ်..။

ကျနော့်စိတ်တွေ အလိုလိုကြည်နူးလာတယ်။ ခေါင်းကိုက်တဲ့ဝေဒနာလဲ ခဏတာတော့ သက်သာသွားသလိုရှိတယ်။ခါင်းသိပ်မာလွန်းတဲ့ ကျနော်သူငယ်ချင်းတစ်ယောက်က သူ ဘယ်လောက်ပင် ခေါင်းကိုက်နေပါစေ၊ ကျနော့်လို စိတ်ရှည်ရှည်နဲ့ အလိုလိုခေါင်းကိုက်ပျောက်သွားတဲ့အထိ
ဘယ်တုန်းကမှ မစောင့်ပါ။ ဒါကြောင့်မို့ သူ့အိတ်ထဲမှာ မပါမဖြစ် ပစ္စည်းတစ်ခုအဖြစ် အကိုက်အခဲ ပျောက်ဆေး၊ ပါရာစီတမောလ်တွေကဒ်လိုက်၊ ကဒ်လိုက် ရှိနေတတ်သည်။
"ဟေ့ရောင် .. မင်းအဲ့ဒါတွေသိပ်မသုံးနဲ့ကွာ" လို့ ကျနော်ပြောသင့်မှန်းသိပေမဲ့ ကျနော်ဘယ်တုန်းကမှ မပြောဖြစ်ခဲ့ပါ။ ဘာလို့ဆို အဲ့ဒခါင်းကိုက်တဲ့ဝေဒနာကို ကျနော်ကိုယ်ချင်းစာလို့ဖြစ်သည်။ ထို့အပြင် စိတ်မြန်တဲ့ သူ့အတွက် အဲ့ဒီလိုနည်းလမ်းက အဆင်ပြေဆုံးဖြစ်သည်။ ဒီလိုနှင့် သူ အကိုက်အခဲပျောက်ဆေးတွေသုံးတိုင်း ဘယ်တုန်းက မတားမြစ်ခဲ့ဖူးပါ။ မဟုတ်ရင် သူခေါင်းကိုက်လွန်းပြီး စိတ်မကြည်မလင်ဖြစ်ကာ ၀့ပတ်ရမ်းတဲ့လူတွေထဲ ထိပ်ဆုံးကနေ ကျနော် ပါလာမှာကို သိနေလို့ ဖြစ်သည်။

အစာအိမ်နာနဲ့ အမြဲနှစ်ပါးသွားနေရတဲ့ ကျနော့်အတွက် ခေါင်းကိုက်ဝေဒနာ အလျင်အမြန်ပျောက်ကင်းမယ့် ဆေးတွေလဲ သူလို့ တရပ်စပ်မှီဝဲဖို့ မဖြစ်နိုင်ပါ။ ဘာကြောင့် ကျနော်တို့သူငယ်ချင်းတွေ ခေါင်းကိုက်တတ်ကြမှန်းမသိပါ။ ခါင်းကိုက်ရောဂါဟာ ကူးစက်ရောဂါ မဟုတ်ပေမယ့် ကျနော်တို့သူငယ်ချင်းတွေထဲကြားထဲမှာတော့ ကူးစက်ရောဂါတစ်ခုလို တစ်စတစ်စနဲ့ လူစုံတက်စုံ ဖြစ်လာခဲ့သည်။ အဲ့ဒီခေါင်းကိုက်ဝေဒနာကို စတင်သယ်ဆောင်လာခဲ့သူမှာ ကျနော်ဖြစ်သည်။

လွန်ခဲ့တဲ့လေးနှစ်လောက်တုန်းက စတင်ခံစားခဲ့ရတဲ့ ခေါင်းကိုက်ဝေဒနာကို ကျနော် ယောင်လို့ပင် ပြန်ပြီးစဉ်းစားချင်ပါ။ ခုပြန်တွေးရင် ခုတဒိတ်ဒိတ် ကိုက်လာသလို ခံစားရသည်။ ဘာကြောင့်ဖြစ်နိုင်လဲဆိုတဲ့ ရောဂါဇစ်မြစ်ကို လိုက်ရှာရင်းက ကျနော်လဲ မျက်မှန်လေးတစ်လက် အဖော်ရလာခဲ့သည်။ ပုံမှန်ကြည့်နေကျဖြစ်တဲ့ အမဲရောင် ကျောက်သင်ပုန်းနေရာမှာ အဖြူရောင်ကျောက်သင်ပုန်းနဲ့ အစားထိုးလာတာ၊ ပြီးတော့ အဲ့ဒီအဖြူရောင်ပေါ်မှာမှ အနီရောင်နဲ့မှင်နဲ့  လူ့သွေးကြောမျှင်တွေ၊ အရိုးတွေ၊ ကိုယ်တွင်း ကလီစာတွေကို ဆွဲပြတတ်တဲဆရာမတွေကြောင့် ကျနော်ခေါင်းကိုက်တဲ့ဝေဒနာရခဲ့ရတာလို့ ပြောတော့ မင်းငရဲကြီးမယ်လို့ သူငယ်ချင်းတွေက
ကျနော့်ကို ၀ိုင်းလို့ အပြစ်တင်ကြသည်။

ခုတော့ သူတို့လဲ ကျနော့်ကို ကိုယ်ချင်းစာတတ်လောက်ပြီဟု ထင်ပါသည်။ ကျနော်ကနေ စလိုက်တဲ့ အဲ့ဒခါင်းကိုက်ဝေဒနာမှာ ခုဆိုကျနော့်သူငယ်ချင်း နှစ်ယောက်စလုံးမှာပါ ကူးစက်ခံနေရပြီဖြစ်သည်။

သူတို့ဆီကို အဲ့ဒီရောဂါရောက်တဲ့အချိန်မှာ ကျနော်ကဖြင့် ခါင်းကိုက်ခြင်းနဲ့ နေသားကျနေခဲ့ပြီ။ဝဒနာက သက်သာလာတာမဟုတ်ပဲ ဝေဒနာကို ခံနိုင်လာတာဖြစ်သည်။

အင်္ဂလန်နဲ့စင်ကာပူကနေ ဘွဲ့လွန်တွေယူပြီးပြန်လာတဲ့မိတ်ဆွေ ဆရာဝန် တစ်ယောက်ကတော့ အသက်သာဆုံးနဲ့ လွယ်လင့်တကူအဖြစ်ဆုံး ဆးနည်းတစ်ခု ကျနော့်ကိုပြောဖူးသည်။ မင်းခေါက်ကိုက်လာပြီ ဟ့ ဆိုတာနဲ့ ရေတွေ တစ်ပုလင်းပြီးတစ်ပုလင်းသာသာက်ကွာ၊ ပြီးရင် သာက်သမျှ ပြန်သာထုတ်ပစ်လိုက်။ အဲ့လိုဆို မင်းသက်သာသွားလိမ့်မယ် မုချတဲ့။ ကျနော် စမ်းသပ်ကြည့်ဖူးပါသည်။ သူ့နည်းက အတန်အသင့်တော့ အဆင်ပြေသလိုရှိတဲ့အတွက် သူ့ကို ကျေးဇူးတင်ရပါသည်။

ကျနော့်မိခင်ကတော့ ၀မ်းတစ်လုံးကောင်းလို့ခေါင်းမခဲတဲ့။ " သားတို့ခေတ်ပညာတွေ သင်တာလဲ သင်ပေါ့။ ရှေးအယူလဲ မပယ်င့်ဘူး။ ၀မ်းမှန်အောင်သာဂရုစိုက် " လို့ ကျနော်နဲ့ အဆက်အသွယ်ရတိုင်း ပြောတတ်သည်။ သို့သော် မသက်သာခဲ့ပါ။ ကျနော့် မိခင်ကိုတော့ ခေါင်းကိုက်တာ သေကောင်ပေါင်းလဲရောဂါ မဟုတ်ပါဘူး အမေရယ်လို့ ရယ်ရယ်မောမော နဲ့ ကျနော်ပြန်ပြောခဲ့သည်။

ကျနော့်ချစ်သူကတော့ ဆေးလိပ်နဲ့အရက်ကိုလျှာ့သောက်၊နာက်ပြီးညနက်နက်ထိ သိပ်မနေနဲ့၊ ခါင်းကိုက်တာ အဲ့ဒါတွေကြောင့်ရော မဖြစ်နိုင်ဘူးလားလို့ သတိပေးသည်။
ဟိုတလောဆီက ကျနော့်အိမ်နားက ဈေးရှေ့မှာ မိတ်ဆွေဟောင်းတစ်ယောက်နှင့် ပြန်တွေ့သည်။ တွေ့တွေ့ချင်း သူက ကျနော့်လက်ကို အားရပါးရ ဆွဲကိုင်နှုတ်ဆက်သည်။ အလိုက်သင့် ပြန်ပြီး နှုတ်ဆက်လိုက်ရင်းက သူ့လက်တွေ အလွန်ပူနေတာကို သတိထားမိလို့ နေထိုင်ကောင်းရဲ့လားလို့ ကျနော်မေးကြည့်သည်။ သူက သူ့ဦးဏှောက်ထဲမှာ အကြိတ်တွေ့လို့ ဓာတ်ကင်ကုထုံးနဲ့ ကုနေနေရသည် လို့ပြောတော့ ကျနော်ခါင်းနားပန်းကြီးသွားမိတာကို  ၀န်ခံရပါမည်။

ကျနော် တွေးကြည့်မိပါသည်။ ကျနော်သိသလောက်နဲ့တင် ကျနော့်ဘေးမှာ ခေါင်းကိုက်နေတဲ့ လူငယ်တွေ ( ကျနော်အပါအ၀င် ) သုံးယောက်ရှိသည်။ ကျနော့်လို လူငယ်တွေ ဘာကြောင့် ခေါင်းကိုက်နေကြသလဲ၊ ဘယ်လောက်များများ ခေါင်းကိုက်နေကြသလဲလို့
ကျနော် တောင်တောင်အီအီ  စဉ်းစားကြည့်မိသည်။ ဟိုအရင် နဂိုခေတ်က လူငယ်တွေရော ကျနော်တို့ဖြတ်သန်းနေတဲ့ခေတ်က လူငယ်တွေလိုပဲ ခေါင်းကိုက်ဝေဒနာခံစားကြရတာပဲလား ... တွေးလို့ပင် မဆုံးနိုင်ပါ။

ခေါင်းတစ်လုံးဆိုတာ ခေါင်းကိုက်နေရုံနဲ့ဆိုရင်တော့ ဘာမှအနက်အဓိပ္ပါယ်မရှိဘူးလို့ ကျနော်ထင်ပါသည်။ ဒါဆို ကျနော့်ခေါင်း၊ ( သို့မဟုတ်ဦးဏှောက်အတူတူပါပဲလေ ) အဲ့ဒါဆို ဦးဏှောက်ကလဲ အဓိပ္ပါယ်မရှိတဲ့ ဦးဏှောက်ပေါ့။ ဒါဆို ... ကျနော့်လိုဘဲ ခေါင်းကိုက်နေတဲ့လူငယ်တွေကရော။ ကျနော်ကလွဲပြီး တခြားလူတွေကို ကျနော်မည်သို့မျှ ထင်မြင်ချက်မပေးချင်ပါ။ ပေးဖို့လဲ ကျနော့်မှာခွန်အားမရှိပါ။

ဘယ်လိုပဲဖြစ်ဖြစ် မနက်ဖြန်မနက်မိုးလင်းရင် အဆင်ပြေစေဖို့ အရင်းထိရောက်နေတဲ့ ဆေးပေါ့လိပ်တိုကို လက်ထဲကပစ်ထုတ်ပြီး၊ ရေအေးအေးတစ်ခွက်သောက်လို့၊ အခန်းထဲ ပြန်ဝင်ပြီး ကျနော်အိပ်ရပါတော့မည်။  မဟုတ်ရင် ကျနော့်ခေါင်းတွေ ကွဲထွက်မသွားနိုင်ဘူးလို့ ကျနော်အာမ မခံရဲပါ။ ကျနော့် ခေါင်းတွေကွဲထွက် မသွားခင် ခုလို အရည်မရအဖတ်မရတွေစဉ်းစားနေမိတဲ့ ကျနော်ခေါင်းကို ခေါင်းအုံးပျာ့ပျော့လေးပေါ်တင်ပြီး အနားပေးလိုက်ပါဦးမည်.။

++++++++++

ဆားချက်တာပါ။ဖတ်ဖူးတဲ့သူတွေ တိတ်တိတ်လေးနေပေါ့ နော်။း)
စာတွေ၊ကဗျာတွေ ကိုယ့်ဆီစီးဆင်းလာမယ့်နေ့ကို ကိုယ်တိုင်မျှော်လင့်နေမိတာပါပဲ...။

photo ကို ဂူဂဲလ်က ရှာတာပါ။

7 Responses to “ခေါင်းကိုက်ခြင်း”

သက်ဝေ said...

ကိုယ်လဲ အချိန်တော်တော်များများ ခေါင်းကိုက်နေတတ်သူတယောက်မို့ သဘောတကျ ဖတ်သွားပါတယ်...။

ကိုယ်ကလဲ ဆေးသောက်ဖို့ ဝန်လေးသူ... အတတ်နိုင်ဆုံး အခြားကုထုံးတွေလဲ အမျိုးမျိုး စမ်းသပ် ပြောင်းလဲ ကြည့်နေသူ...
သို့သော်လည်း ဘယ်ဟာကမှ ရေရေရာရာ သက်သာသည်ဟူ၍ မရှိလှ...

တဖြည်းဖြည်းနဲ့ ခေါင်းကိုက်ခြင်းဆိုတာကို နေသားကျနေခဲ့ပြီ... ဝေဒနာက သက်သာလာတာမဟုတ်ပဲ ဝေဒနာကို ခံနိုင်လာတာဖြစ်သည်...း))

Anonymous said...

ခေါင်းကိုက်ခြင်းကို ဖြစ်စေတဲ့ ၉၉ ရာခိုင်နှုန်းက ကိုယ်ခန္ဓာမှာ ရှိတဲ့ ကြွက်သားတွေ တောင့်တင်းနေလို့ပါ။ လက်ပြင်၊ ဂုတ်၊ နှဖူး၊ ဦးရေ အဲဒီနေရာတွေမှာရှိတဲ့ ကြွက်သားတွေ တောင့်နေတတ်လို့။ အားလုံးကို ဖြေရှင်းတဲ့နည်းကတော့ ရေနွေး ကို ဇလုံထဲထည့်၊ ပြီးရင် ခြေမျက်စေ့မျြပ်တဲ့အထိ ၁၅ မိနစ်လောက်စိမ်ထား၊
ခေါင်းကိုက်တတ်ရင် နေ့တိုင်းအဲဒီလိုလုပ်၊ ၀မ်းအချုပ်မခံနဲ့။ ခေါင်းကိုက်မသက်သာရင် ကြိုက်သလိုပြောလို့ရတယ်။

littlebrook said...

အကိုတော့ ခေါင်းကိုက်ပျောက်ဆေးသောက်ပလိုက်ပီ .. ပြတ်ရော .. အဲ့ဒါအကောင်းဆုံး

အကြမ်းထည် said...

ဘာတွေများခေါင်းထဲ သိမ်းထားပါလဲလို့..သိုက်လာတူးတာ၊.ခုတော့ပါရာစီတမော့ဆေးသောက်ပြီး ခေါင်းတခြမ်းခဲပြန်သွားပြီ :D

ပျော်ရွှင်ချမ်းမြေ့ ခေါင်းကိုက် သက်သာစေသော်ဝ်.
အကြမ်းထည်

သေချာလာဖတ်သွား၏။

နောက်ဆုံးအပိုဒ်ကို အကြိုက်ဆုံးပါပဲ။ အက်ဆေး သဘောတရား၊ အနှစ်သာရ၊ အငွေ့အသက် အပြည့်အ၀ရတဲ့ အပိုဒ်လေး။

ဒါနဲ့များ.. ဟွန်း.. >_>

Unknown said...

အက်ဆေးကောင်းလေးပါ။ မဖတ်ရသေးသမို့ ဆားလို့ မမြင်ပါ။

purplemay said...

ခရမ်းလည်း ကိုက်လိုက်တဲ့ခေါင်း....ဒီရောက်မှပိုဆိုးလာသလိုလို...။
ဖတ်လို့ကောင်းတယ်....။ link ယူသွားတယ်နော်...sis လေး...