Sunday, April 18, 2010

စိတ်ကူးခြေရာ

ညသည် ငြိမ်သက်တိတ်ဆိတ်မနေ။လှိုင်းကြက်ခွပ်များကလဲ သိပ်ပြီးတော့ အားမာန်မပါလှ။သို့သော် လှ၏။ ပြိုးပြိုးပျက်ပျက်။ပြီးတော့ အဲ့ဒီလှိုင်းတွေပဲ... နေရာအနီးအဝေးကွာရုံနဲ့ ခံစားမှု အာရုံကိုလဲ ကွာဟစေသည်။ အဝေးဆီမှာ ရွှေရောင်..အနားရောက်လာတဲ့အခါမှာ ဖြူဖြူလွလွ...။

အပွင့်ကြီးကြီး၊ကြမ်းရှရှ သဲပြင်ပေါ်မှာ ခြေရာတွေပြည့်သွားအောင် သူလိုက်နင်းနေမိသည်။ ခြေရာလေးတွေ ဖြစ်လိုက်၊ခဏနေ ၀ုန်းခနဲရောက်လာတတ်တဲ့ လှိုင်းဖြူဖြူတွေကဆွဲချသွားလိုက်၊ပျက်သွားသော ခြေရာတွေပေါ် မှာ နောက်တကြိမ်ထပ်ပြီး နင်းလိုက်နှင့် နူးညံ့ညင်သာသော အထိအတွေ့ကို သူနှစ်သက်နေမိသည်။

+++++

သူ့မှာ ခဏခဏကျပျောက်တတ်တဲ့ စိတ်ကူးအိပ်မက်တွေ ရှိသည်။သူ့စိတ်ကူး၊မျှော်လင့်ချက်တွေက လမ်းခုလတ် မှာတွင် အငွေ့ပျံ၊ကွယ်ပျောက်သွားတတ်ကြစမြဲ။သူ့မှာ မိဘမရှိပါ၊သူ့မှာ ဆွေမျိုးသားချင်းလဲ မရှိပါ။သူ့မှာ အသိုင်းအ၀ိုင်း မရှိပါ။သူ့မှာ အားကိုးတိုင်ပင်စရာ ၊ပုခုံးပါးမှီစရာ ချစ်သူမရှိပါ။

အမှန်တရားတခုကို လိုက်လံရှာဖွေရင်းကပဲ သူဟာလူ့အဖွဲ့အစည်းနဲ့ တဖြည်းဖြည်း ဝေးမှန်းမသိဝေးကွာခဲ့ ရသည်။

ပြောရရင် သူ့စိတ်ကူးအိပ်မက်တွေဆိုတာကလဲ ခြေထောက်နဲ့နင်းလိုက်၊လှိုင်းတွေတိုက်ချလို့ ပျောက်သွားလိုက် ဖြစ်တတ်တဲ့ ခြေရာလေးတွေလိုပါပဲ...။

++++++

အစစ်အမှန်တခုကို မရနိုင်၊မပိုင်ဆိုင်နိုင်သေးဘူးဆိုရင် ရှိတာလေးနဲ့ ရောင့်ရဲလိုစိတ်များ သူ့ဆီဘယ်တုန်းက ခိုအောင်းနေခဲ့ပါလိမ့်။(အဲ့ဒီလိုစိတ်မျိုးကို သူ သိပ်မုန်းပါသည်)။ သူ့အတွေးသူ သဘောကျစွာ ပြုံးလိုက်မိရင်းက ခြေထောက်ကို လာထိသည့်လှိုင်းဖြူဖြူတွေကို မုန်းတီးလိုစိတ်က ဖြစ်သွားရပြန်သည်။ပြီးတော့ ပင်လယ်စစ်စစ် တခုကို တောင့်တစိတ်များ..။...............။

ဘယ်လိုပဲဖြစ်ဖြစ် ခုနေခါမှာတော့ အဲ့ဒီလှိုင်းကြက်ခွပ်လေးတွေကိုပဲ မက်မောခုံမင်တတ်ဖို့ သူအပြင်းအထန် ကြိုးစားနေမိပါတော့သည်။

+++++++

10 Responses to “စိတ်ကူးခြေရာ”

ထင်လို့.. ပင်လယ်အစစ်ကလည်း လှိုင်းအတုတွေလောက် ကောင်းချင်မှကောင်းမှာ

littlebrook said...

အဟား လှိုင်းအတုတွေကိုပဲ မက်မောတဲ့သူအတွက်တော့ ပင်လယ်အစစ်ကို ဘယ်ကြိုက်ပါ့မလဲ .. ပြီးတော့တချို့သူတွေက
အစစ်နဲ့မတန်ဘူး .. မိညီမရဲ့

သူတို့နှစ်ယောက် အပေါ်မှာ ငြင်းနေတာနဲ့ အောက်ကလူက ဘာပြောရမှန်းမသိတော့ဘူး ။:P

xxxxxxxxxx

“အစစ်အမှန်တခုကို မရနိုင်၊မပိုင်ဆိုင်နိုင်သေးဘူးဆိုရင် ရှိတာလေးနဲ့ ရောင့်ရဲလိုစိတ်များ သူ့ဆီဘယ်တုန်းက ခိုအောင်းနေခဲ့ပါလိမ့်။”

အသက်အရွယ်ကြောင့် အတွေ့အကြုံကြောင့် လက်နက်ချချင်စိတ်တွေ ဖြစ်လာတာနေမှာပါ။

xxxxxxxxxx

စာက နည်းနည်းတော့ တိုတယ် ။
(ကိုယ်တိုင်သာ စာရေးပျင်းတာ သူများတိုရင်တော့ ရစ်ချင်တယ် :) )

သက်ဝေ said...

ချစ်စရာ အက်ဆေးလေး...
ကြိုက်တယ်...း))

လင်းဒီပက သူများ တိုရင် ရစ်ချင်တယ် တဲ့...
ဝိုင်းစုခိုင်သိန်း တိုရင်ရော ရစ်ချင်လား လို့ မေးပေးပါ...

(လူကြီးဖြစ်ပြီး တည်တည်တံ့တံ့ မနေနိုင်ပဲ ဝင်နောက်သွားတယ်... ဝါသနာ အရပါ...)

“ဝိုင်းစုခိုင်သိန်း တိုရင်ရော ရစ်ချင်လား လို့ မေးပေးပါ...”
သူလေးကတော့ နေတတ်သလို နေပါစေလေ:P

jr said...

အပေါ်က ကိုလဒပပြန်ပြောတာကြည့်ပြီး ရီရတာ ခံစားချက်လေးတောင်ပျောက်သွားတယ်။ :P

သိပ်ကြိုက်မိပါတယ် mirror ရေ... ကိုယ့်လက်ရှိ ခံစားချက်တချို့နဲ့လည်း တိုက်ဆိုင်နေပါတယ်...

ဟုတ်တယ် လောလောဆယ်တော့ အဲဒီ လှိုင်းကြပ်ခွပ်ကလေးတွေကိုပဲ မက်မောခုံမင်နိုင်ဖို့ ကြိုးစားရပါဦးမယ်...

purplemay said...

အဲ့ဒီလှိုင်းတွေပဲ... နေရာအနီးအဝေးကွာရုံနဲ့ ခံစားမှု အာရုံကိုလဲ ကွာဟစေသည်။....တဲ့...အင်း...သိတော့သိတယ် ...။
ဒါပေမယ့် ခုမှ သတိထားမိတော့တယ် ...။
လှိုင်းကြပ်ခွပ်လေးတွေကို မက်မောခုံမင်ကြည့်ဦးမယ်...း)

အမရေ လောကကြီးမှာတော့ ဒီလိုပါပဲ။ မရချင်တာတွေအတွက် လိုချင်တာတွေကို စတေးရပေါင်းကတော့ မနည်းတော့ဘူး။ အခုတော့ “လိုချင်ရင် ဆင်းရဲတယ်”ဆိုတဲ့ ဘုရားဟောကိုပဲ တတ်နိုင်သမျှနှလုံးသွင်းနေရတယ်။ နှစ်သစ်မှာ ကောင်းကျိုးလိုအင်ဆန္ဒတွေ ပြည့်စုံပါစေ။

mirror said...

နန်းညီ၊LB==> ချစ်လှစွာသော ညီမလေးနဲ့ အကိုကြီး ရန်မဖြစ်ကြပါနဲ့..တုတု၊စစ်စစ်..နော်။ တော်ကြာရေးတဲ့သူက တော်တို့၂ယောက်ကို ရန်တိုက်ပေးသလို ဖြစ်နေပါ့မယ်း)

ကိုလဒပ...ဒီကဗျာဆရာ ရိုးပုံရိုးပါး ထင်ခဲ့တာ..။
မနိုင်ဘူးပဲ။ဟမ်.. အတော်ဂျီးကို မနိုင်ဘူး။ဟွင်း ဟွင်း :D

Ma Jr,Ma SPThu,Ma Purplemay ... ချစ်သောအမများ..ကျေးဇူး။စာလာဖတ်တာ။

မေ့သမီး..ညီမလေးပြောမှ တလုံးထဲမှန်တော့တယ်။ဟုတ်သား။ဒတ်ထိကိုမှန်တယ်။လိုချင်ရင် ဆင်းရဲတယ်။း)ဟုတ်တယ်။