Saturday, August 29, 2009

မကြေးမုံတို့ရွာ

ဒီဘုရားနာမည်က ပဲ့နင်းကြီးဘုရားလို့ခေါ်ပါတယ်။ ဥမ္မာဒန္တီ မိဘုရားတည်ခဲ့တယ်လို့ အဆိုရှိပါတယ်။ အဲ့ဒိဘုရားနဲ့ ကပ်ရပ်မှာ ဘုန်းကြီးကျောင်း တစ်ကျောင်းရှိပြီး သင်္ကြန်တွင်းနဲ့ သီတင်းကျွတ်တိုင်းမှာ ၀ိပဿနာတရားစခန်းပွဲ လုပ်ပါတယ်။ အဲ့ဒိဘုရားနားက မယ်သီလရင်ကျောင်းလေးမှာ ကျမဆယ်တန်းပြီးခါစတုန်းက မယ်သီလရင် ၀တ်ဖူးတယ်။ ဘွဲ့နာမည်က ခေမာစာရီ တဲ့။း)။ ငယ်ငယ်တုန်းက ရိုးစင်းတဲ့ဘ၀ဖြတ်သန်းမှုတွေ တမ်းတရင်း ဒီဘုရားပုံလေးကို ရိုက်လာဖြစ်ခဲ့တယ် ဆိုပါတော့။

စကားထစ်ပေမယ့် အင်မတန်လည်တဲ့ အိမ်ရှေ့အိမ်က ကလေးလေး။ နာမည်က ကိုသူ တဲ့။ ခုမှ ၆ နှစ်ရယ်။ ညနေတိုင်း နွားထွက်ရုတ်ရတယ်..။(ရုတ်=ပြန်သိမ်းတာ)






ကင်မရာ စုတ်စုတ်လေးနဲ့ပါ။ တကယ်တော့ အစိမ်းရောင်သေချာမြင်ရတဲ့ ပုံတွေ ကျန်သေးတယ်။ ပုသိမ် မုံရွာလမ်းမကြီးပေါ့။ ကျမမိသားစုနေနေတဲ့ ရွာလေးရဲ့ အနောက်ဘက်မှာပါ။

စပါးပင်ရဲ့ အစိမ်းရောင်နဲ့ ဝေးနေကြသူများအတွက်။



မြက်ထုံး။ ရှေ့တစ်ထုံး၊ နောက်တစ်ထုံး၊ တံပိုးနဲ့လျှိုပြီး ထမ်းပါတယ်။ ခုလိုမိုးတွင်းမှာ ကောက်ရိုးခြောက်ရော မြက်ရော စားရတဲ့နွားတွေ ဆူဖြိုးတာပေါ့။

မြတ်ရိတ်ပြီးပြန်လာတဲ့ ရွာထဲကအစ်ကို၂ယောက်။

ကျနော် ကြွက်ထောင်မလို့ဗျ။

ဘာရယ် မဟုတ်ပါဘူး။ အားအားနေရင် ကိုယ့်ဇာတိမြေဆိုတာတော့ လူတိုင်း လွမ်းတတ်ကြတာပဲ မဟုတ်လား။ ဟုတ်ကဲ့။ ကျမ တောသူပါ။

21 Responses to “မကြေးမုံတို့ရွာ”

မကြေးမုံရဲ့ မွေးရပ်မြေကို အလည်ရောက်ပါ
တယ် အမြင်စိမ်းစိမ်းနဲ့ ရှုတိုင်းလှတဲ့ မိမြန်ပြည်
မို့  ရင်ထဲကို အေးသွားမိပါတယ်
ကျေးဇူးဗျို့ 
အေးမြသာယာပါစေ
ရန်ကုန်သား

kay said...

စိမ်းတဲ့မြေက.. အစိမ်းဆုံး ရွာလေးပေါ့။
အေ.. ယုတ် မဟုတ်ပါဘူး..(ရုတ်) ရုတ်သိမ်း ပါကွဲ့..ခေးမ ရဲ့..း)

Nge Naing said...

ဟဲ.. ဒီဘလော့ဂ်လေးကို အခုမှရောက်ဖူးတယ်။ မြန်မပြည်က ကျွန်မတို့ ရွာကို သတိရလိုက်တာ လယ်ကွက်လေးတွေ စိမ်းစိုနေတာ၊ မြက်ရိပ်တဲ့ လယ်သမားတွေ နွားကျောင်းတဲ့ ကလေး တပုံစံတည်းပဲ။ ကျွန်မတို့ရွာက စေတီကတော့ နှစ်ဆူမဟုတ်ဘူး တဆူတည်းပါပဲ။ Link သွားလိုက်ပြီနော့်။ ကျွန်မ ဘလော့ဂ်ကိုလည်း လာလည်ဖို့ ဖိတ်ခေါ်ပါတယ်။

Anonymous said...

ကိုရန်ကုန်သား အေးမြသာယာပါတယ်။
စာအမြဲလာဖတ်တာ ကျေးဇူးပါ။

အစ်မ ပြင်လိုက်ပြီ။ဟီး ကျေးစ်။

အစ်မ မငယ်နိုင်ရေ..ကျေးဇူးပါ။

Mirror

အစ်ကိုက နယ်က မဟုတ်ပေမယ့် ဒီလို ရှုခင်းမျိုးတွေမြင်ရင် အရမ်း သဘောကျတယ်..။
နယ်ဘက်မှာတော့ နှစ်နှစ်လောက် သွားနေဖူးတယ်..။
နယ်မြို့လေးတွေကို ပျင်းစရာကောင်းတယ်လို့ ဘယ်တော့မှ မခံစားမိဘူး ။ ရန်ကုန်က ပေးတဲ့ရသက တစ်မျိုး ရန်ကုန်အပြင်ရောက်ရင် ရလိုက်တဲ့ရသက တစ်မျိုး...အခု ဓာတ်ပုံလေးတွေ ကြည့်ရင်း ရန်ကုန်အပြင်ရသကို တဝ ခံစားသွားပါတယ်။

littlebrook said...

စိမ်းနေဦးမည့် ကျွန်တော့်မြေကို သတိရတယ်
ဒီတစ်ခေါက်ပြန်ရင် ငါလိုက်မယ်း)

Anonymous said...

မိုးကောင်းကင်ကြီးနဲ့ စိမ်းစိမ်းစိုစို မြင်ကွင်းလေးတွေ
ကြည့်ပြီး ရွာပြန်လည်ချင်နေပြီ ...
ရွာဓါတ်ပုံလေးတွေ တင်ပေးထားလို့ ကျေးဇူးနော်...

mie nge

Anonymous said...

ကျနော်လည်း ရွာသားပါ

pandora said...

ရွာရဲ့ စိမ်းလန်းတဲ့ ရှုခင်းလေးတွေကို ငေးသွားပါတယ်
ကိုယ်လည်းနယ်တွေမှာ နေခဲ့ဖူးပါတယ်

လှပအေးချမ်းလိုက်တဲ့ရှုခင်းတွေ
ညီမလေးရေလွမ်းအောင်ဖန်လိုက်လေသလား
အိမ်ပြန်ချင်လိုက်တာ...

emayarKhin said...

ကြေးမုံရေ...အမရာကိုလဲ
အလည်ခေါ်ပါ....
အရမ်းအေးချမ်းတယ်နော်
ပုံလေးတွေကြည့်ရရုံနဲ့တင်
ငြိမ်းချမ်းသွားတာ........

ပုံတွေအားကြီးပဲ တင်ထားနိုင်တာ အားကျတယ်

mirror said...

ကိုလင်းဒီပ ဟုတ်ပါဒယ်၊ဟုတ်ပါဒယ်။
လေကောင်းလေသန့်ရှူချင်ရင် ရန်ကုန်မြို့ပြင်ထွက်ရတာပေါ့။အင်မတန်တိုးတက်လွန်းနေတဲ့ မြို့တော်ရန်ကုန်ဆိုတော့ ညှော်တယ်လေဗျာ။
အဲ ဘာမှတော့မဆိုင်ဘူးနော်။ :)

LB ခေါ်ပါ့။အောက်ဆုံးက တစ်ယောက်ကော လိုက်မှာလား။

မမီးငယ်ရေ..စာတွေပုံမှန်လာဖတ်လို့ ကျေးဇူးနော်။

ကိုရွာသား ဒီက ရွာသူနှုတ်ဆက်နေတယ်။
း) ရိုးရိုးရွာသူနော်။နတ် မှုတ်ဘူး။

မပန် စာလာဖတ်တာ ကျေးဇူးပါ။ဘယ်နယ်တွေမှာလဲဟင်။ပျော်စရာတော့ ကောင်းတယ်မှတ်လား။

ကိုဆောင်း တို့ဧရာဝတီမြင်ကွင်းတွေက တူတူတွေပဲဟာ။လွမ်းသွားပြီလား။ဟိ :)
တမင်လွမ်းအောင်ကို လုပ်တာပဲဟာ။

အမရာရေ..လိုက်ခဲ့လေ။ခေါ်ပါဒယ်။ပြန်လာခဲ့ဖို့ပဲ အရင်လုပ်ပါဦး။း)

ညီ အပေါ်မှာ ပြောပီးသွားပြီနော်။

လာလည်သူ၊ဓာတ်ပုံကြည့်သူ၊ကွန်မန့်ပေးခဲ့သူအားလုံးကို
ကျေးဇူးတင်၊လေးစားခင်မင်လျက်ပါ။

"မြရင်တို့ရွာ ရိုးရာဇာတိနွယ်" ဆိုတာလိုပေါ့
ဒါကတော့ "ကြေးမုံတို့ရွာ ရိုးရာဇာတိနွယ်" ပေါ့လေ

Thant said...

တို့လည်း တောသူပဲ ။ တူတူပဲနော် ။

လိုက်ပါရစေ

ကောင်းတယ်ဗျို့
အရမ်း ကောင်းတယ်

နွေးနေခြည် said...

လွမ်းစရာတောသဘာဝပုံလေးတွေပဲ...
ဒီလိုပုံလေးတွေ တင်ပေးတာ ကျေးဇူးပါ။

Talkii said...

ရွာသားနောက်တစ်ယောက်လာပြီး ရွာကိုလွမ်းသွားတယ်ဗျ။ ကြုံလို့ပြောရဦးမယ်။ ကျွန်တှောတို့ရွာမှာ ကျွန်တှောကျွန်တှောလို့ပြောတာ ကျုပ်တစ်ယောက်ပဲ ရှိတယ်။ :)

မုံရွာသူကိုး။ ကျွန်တော်က မုံရွာမှာ ကျောင်းတက်ပါတယ်

မကြေးမုံရေ
ကျနော်လည်း အလွမ်းပြေ လာကြည့်ပါတယ် ...
ဒီလယ်၊ဒီကန်သင်း၊ဒီစပါးခင်းတွေ မြင်တော့ ရင်ထဲ ဆို့ လာတယ် ...
အိမ်ပြန်ချင်ပြီ ... ။

အခုလို ချစ်စရာ ဓာတ်ပုံလေးတွေ နောက်ထပ် တင်ပါဦးဗျို့  ... ။
လေးစားလျက်-နေ့ သစ်