Sunday, August 02, 2009

စမ်းချောင်းငယ်ရဲ့ လက်ရာ


ကိုစမ်းချောင်းငယ်ရဲ့လက်ရာပါ။လွန်ခဲ့တဲ့ ဘယ်နှစ်လလောက်ဖြစ်မလဲ မသိဘူးနော်၊ပြောခဲ့ဦးအစ်ကိုရေ့..။
ကျမမော်ဒယ်လ်မထိုင်ရပဲ၊ပုံတူလဲမရှိပါပဲနဲ့ သူ့ဘာသာသူဆွဲပေးထားခဲ့တာပါ၊အတော်လေးတူပါတယ်..။
အဲ့ဒိပုံလေးရတုန်းက ပျော်ရွှင်မိတဲ့စိတ်ခံမှုလေးကို တသသတောင်ဖြစ်မိရဲ့။သူငယ်ချင်းတွေကိုလဲ ကြွားရတာ
အမောပေါ့လေ..။

အဲ့ဒိတုန်းထဲက ဗိုလ်ချုပ်ပုံတူကို ဆွဲပေးမယ်ပြောထားတာလဲ ခုထိတော့လက်ထဲရောက်မလာသေးပါဘူး။
သူနဲ့နန်းညီနဲ့ ၂ ယောက်ပေါင်းပြီးတော့ သူတို့ပန်းချီပညာတွေနဲ့ ဘယ်လိုများပုံဖော်ပေးကြလေမလဲ...
သုံးလလောက်တော့ကြာသွားပြီထင်ရဲ့..။သူတို့ဆွဲပြီးရင် ဒီဘလော့ဂ်မှာ ပြန်တင်ပေးပါဦးမယ်.။

10 Responses to “စမ်းချောင်းငယ်ရဲ့ လက်ရာ”

Anonymous said...

ပုံလေးက ချစ်စရာကောင်းတယ်...ဆွဲပေးတဲ့သူတော်လို့ထင်တယ်...

mie nge

littlebrook said...

အီး မယ်ယာကတော့ တကယ်ကိုချုပ်ပီဟ ဟားဟား
အလကားစတာ .. အင်းအဲ့ပုံက ကျွန်တော်အလုပ်လုပ်နေတယ့်ဆိုင်မှာ လာသုံးသုံးနေတယ့်ကောင်မလေးကို မှတ်မှတ်ထားပီး ဆွဲထားတာပါ ... ဗိုလ်ချုပ်ပုံကတော့ လာမယ် ကြာမယ်လေ .. လက်ဖက်ကောင်းစားချင်ယင် ပလောင်တောင်တက်နှေးတာ သီးခံကွယ်... ဒို့ကယှမ်းဆိုတော့ ပလောင်နဲ့ အမျိုးစပ်လည်း ယတယ် ဟီးဟီး

ပုံလေးကချစ်ဖို့ကောင်းလိုက်တာ။

MANORHARY said...

ချစ်စရာလေး ပုံက
အိမ်သစ်လေးကလည်းချစ်စရာလေးးး

တူတယ်ညီမလေးရေ
အပေါ်ကလူတွေပြောတဲ့အတိုင်းပဲ

ဆွဲပေးမှာပါ ဆွဲပေးမှာပါ
(ဘန်နာလာမပူဆာနဲ့တော့နော်.. ဟွန်း.. )

ပုံလေးကိုကြည့်သွားတယ်... အဲလိုပုံမျိုးလေးတွေ ဆွဲတတ်ချင်လိုက်တာ... ကျွန်တော်လည်း သွားဆွဲခိုင်းဦးမှ... :P

mirror said...

အစ်မမီးငယ် ဆွဲပေးတဲ့သူတော်လို့တင်မဟုတ်ရ၊
နဂိုရှိလို့ နဂိုင်းထွက်တာနေမှာ :)

ကဲ..LB ရေ..ယှမ်းဆိုလဲ ယှမ်းပေါ့၊ပလောင်ဆိုလဲ
ပလောင်ပေါ့ဗျာ၊အမြန်လေးသာ နှစ်ယောက်ပူးပေါင်းကြစမ်းပါ။

မေ့သမီးရေ.. ကျေးဇူး

မနော်..နှစ်မျိုးလုံးချစ်စရာကောင်းတယ်ပေါ့..။

ကိုဆောင်း..တူတယ်တဲ့၊မြင်ဖူးတာကျနေတာပဲ
ကျေးဇူးပါ။

မိညီမက လိမ္မာတယ်၊LB လိုဘာမှပြောမနေဘူး။

ကိုအချစ်မဲ့ဂစ်တာ ...သွားသွား..။
ကြာတော့ကြာတယ်ပေါ့..။အဟဲ..။

ပုံလေးချစ်ဖို့ကောင်းလိုက်တာ ကြေးမုံကပဲ ချစ်ဖို့ကောင်းသလား စမ်းချောင်းငယ်ကပဲပုံဆွဲတော်လေသလားမသိ။

အင်း တူတယ် တူတယ်
ကြွားတာ အခုမှပဲ လာကြည့်နိုင်တယ်း)