Monday, August 03, 2009

Mirror ရဲ့အခုတလော

ခုတလော

တွေးနေမိတာက
(၁ ) ဘောလုံးသမားအပြောင်းအရွှေ့ (ရီဘာရီနဲ့ ဒေးဗစ်ဗီလာ မန်ယူကိုရောက်ရင် သိပ်ကောင်းမှာပဲ )
(၂ ) ဝေးကွာခြင်းသီအိုရီအကြောင်(တစ္ဆေတစ်ကောင်ခြောက်လှန့်နေပါတယ် )
( ၃ ) နတ်မောက်အကြောင်း
ဘာဖြစ်တယ်မသိဘူး။အညာကို သိပ်သတိရနေတယ်။
ဒီကြားထဲ ညတုန်းက ဦးဇင်ယော်မောင်မောင်ကြီးရဲ့ မြန်မာ့မော်ကွန်းကိုကြည့်လိုက်မိတော့
အရူးတပိုင်းမီးဝိုင်းအောင်ကို အညာကိုသွားချင်နေမိတယ်။

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
အပြောင်းအလဲ တစ်ခုခုတော့လုပ်သင့်ပြီ 

ကျန်းမာရေး

ခေါင်းကိုက်တာကလွဲရင် အကုန်ကောင်းတယ်။

ဖတ်ဖြစ်တာ

ကိုအောင်သာငယ်ရဲ့ ဖန်မျှင်အလင်းတန်း၊ ပန်းတပွင့် ကဗျာပေါင်းချုပ်၊
ကဗျာ့ဥယျာဉ် နဲ့
နေ့စဉ်ထွက်သမျှ သတင်းဂျာနယ်၊ဘောလုံးဂျာနယ်များ

ရောက်ဖြစ်နေတာက

ကျဉ်းပိတ်တဲ့အခန်းထဲက ပြတင်းပေါက်လေးနား။
(အဲ့ဒိကနေ ဝေးကွာခြင်းရဲ့တရားကို နှလုံးသွင်းနေ...)

ရေးဖြစ်နေတာက

ဆောင်းပါးတွေ နဲ့ကဗျာတစ်လုံးစ၊တစ်ကြောင်းစ၊နှစ်ကြောင်းစ

နားထောင်ဖြစ်နေတာက
Addicted ( Enrique Iglesias )
ဘောလုံးသမားရော၊အဆိုတော်ရော Spanish တွေပဲ သဘောကျနေမိတယ်။

ရွတ်နေမိတဲ့ ကဗျာက
ခွက်ထဲက လက်ကျန်ဟာ
လက်ထဲက မနက်ဖြန်ခါတွေအတွက်ပေါ့တဲ့
ဒီတော့…ကုန်အောင်မော့မသောက်ဖြစ်ကြပြန်ဘူး….
(ကိုဆောင်းယွန်းလ)

ဖြစ်ချင်နေတာက

ဘာမှ မလိုအပ်တော့တဲ့သူ၊

စားဖြစ်နေတာက

လှည်းတန်းအ၀ိုင်းထဲက ရခိုင်မုန့်တီသုပ်၊
အိမ်က အညာထမင်းနဲ့ဟင်းတွေ၊

သောက်ဖြစ်နေတာက
ကော်ဖီ ( ကြုံသလို နေရာမှာ ဖြစ်သလိုသောက်ဖြစ်နေတယ် )

သနားနေမိတာက

မိုးရွာထဲမှာ ဦးထုပ်လေးရှေ့ချပြီးတောင်းနေတဲ့ လှည်းတန်းနားက အဘိုးကြီး၊အဘွားကြီးတွေ

လွမ်းနေမိတာက

အဝေးဆုံးဝေးတော့မယ့် အနီးဆုံးကလူ

မေ့လျော့ပစ်နေမိတာက

ကုန်သွားနေတဲ့အချိန်တွေနဲ့ နောက်ရောက်လာမယ့် ရက်သတ္တပတ်

ခါးသက်နေမိတာက

ဟန်ဆောင်မှု၊လိမ်လည်မှု၊မရိုးသားမှု
(အနားမှာ အများကြီးပဲတွေ့နေရတယ် )

တမ်းတနေမိတာက

အထိအရှမခံတဲ့ ကြင်နာမှုအဟောင်းအမျင်းတွေ..။

ကြိတ်ပြီး ချီးကျူးနေမိတာက

အိမ်က သမီးလေး။

ဆန္ဒမရှိတဲ့နေရာ

လှည်းတန်းလမ်းမ

ဆန္ဒရှိနေတဲ့ကိစ္စ

အညာသွားချင်တယ်။(နတ်မောက်၊ပုဂံ )

မုန်းနေမိတာ

ကတိ၊သစ္စာတရားပါးရှနေတဲ့လူတွေ

ချစ်နေတာက

ဘေးနားကလူတွေအကုန်လုံးကိုချစ်တယ်။

စိတ်ပျက်နေမိတာက

အထက်ဖား၊အောက်ဖိလုပ်တတ်တဲ့ လူတွေ

စွဲလန်းနေမိတာက

စပါးပင်စိမ်းစိမ်းနဲ့ လယ်ကွင်းတွေ

လိုအပ်နေတာက

တွန်းအားတစ်ခု

တောင်းနေမိတဲ့ဆု

အလုပ်အမြန်ရပါစေ

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက

ခက်ပြီ၊ခက်သည်၊သိပ်ခက်သည်

ဝန်ခံချင်တာက

မနော်နဲ့ ညီညီ ..သူတို့ဆီဘောက်စ်တွေမှာ ဘာတဂ်မှန်းမသိတဲ့ တဂ်အကြောင်းအပြန်အလှန်
အော်နေကြထဲက စိတ်ဝင်စားနေမိတာ...။

ဟေ့လူတို့...ရေးပေးကြပါ..။

ကိုဖုန်းမြင့်
ကိုရွာသား နဲ့
တောကျောင်းဆရာ
( ဒီတခါမရေးရင် သေခန်းပြတ်ပဲ သူငယ်ချင်း )

16 Responses to “Mirror ရဲ့အခုတလော”

MANORHARY said...

ဟော...ဒုတိယ..း)
ဝေးကွာခြင်းကို အလျားဆန့်မထုတ်မိစေနဲ့
ဝေးကွာခြင်းကို အတွင်းထဲမှာပဲကျဉ်းမြောင်းပစ်လိုက်
နိုင်ပါစေ..............

ခွက်ထဲက လက်ကျန်ဟာ
လက်ထဲက မနက်ဖြန်ခါတွေအတွက်ပေါ့တဲ့
ဒီတော့…ကုန်အောင်မော့မသောက်ဖြစ်ကြပြန်ဘူး….
...........
အင်း..ခုလည်း တစ်ဝက်ချန်ထားလိုက်ပါတယ်။
မနက်ဖြန်ခါတွေအတွက်ယယယ

ATN said...

ဟေး... အကို့ ကဗျာစာအုပ်ကို ဖတ်နေတယ်ဆိုလို့ ၀မ်းသာတယ်...
ဒါနဲ့ကဗျာနဲ့ ဘောလုံးက တခြားစီပဲ...း)

kay said...

ကိုအောင်သာငယ်..ကဗျာစာအုပ် ကြော်ငြာခိုင်းတာ..ဘာကျွေးလဲ..မကြေးမုံ..း)

မနော်ရဲ့..ဒုတိယ ဆု ချိတ်သွားတာ..ဘာရလဲ..း)

ဘလော့ဒီဇိုင်းကလဲ ပြောင်းရပြန်ပြီ။ အလုပ်မြန်မြန်ရပါစေ..ညီမကြီးရေ..

kay said...

ခွက်ထဲက လက်ကျန်ကို မော့မသောက်ဖြစ်ဖို့.. ကိုဆောင်းယွန်းလ..သတိပေးလိုက်တာ..ကျေးဇူးပဲ။ ( အဆင်ပြေတုန်း ပြောခဲ့တာ )း)

tin min htet said...

ပထမ တကြောင်းနဲ့တင် သဘောမျှသွားပြီ။ ရီဘာရီ နဲ့ ဒေးဗစ်ဗီလာ :)

Anonymous said...

မကြေးမုံရေ

တခုတရတဂ်ထားတာ ကျေးဇူးဗျာ။ အညာသွားရင်လည်းခေါ်ပါ

ကျနော့ တာဝန်ကျေပါပြီ

အလုပ်မြန်မြန်ရပါစေဗျာ... ဆုတောင်းပေးသွားတယ်

Anonymous said...

လှည်းတန်းနားက တောင်းနေတဲ့ အဖိုး အဖွားတွေကို
ညီမနဲ့အတူ ၀င်သနားသွားတယ်..စိတ်မကောင်းဘူး
ညီမကြေးမုံရယ်...

mie nge

ခက်ပြီ၊ ခက်သည်၊ သိပ်ခက်သည် ဟုတ်လားညီမလေး
ခက်လိမ့်မည်တော့မပါဘူးပေါ့
ဒါကောင်းတဲ့လက္ခဏာပဲ
ဘာပဲဖြစ်ဖြစ် တခုခုကိုတစိုက်မတ်မတ်လုပ်နေမှန်းသိသာပါတယ်

ခွက်ထဲက လက်ကျန်ဟာ
လက်ထဲက မနက်ဖြန်ခါတွေအတွက်ပေါ့တဲ့
ဒီတော့…ကုန်အောင်မော့မသောက်ဖြစ်ကြပြန်ဘူး...

အင်း.....အကိုလည်းဒီ၂၁နှစ်ဆိုတဲ့ကဗျာလေးတပုဒ်လုံး
မပြီးခင်ကရော ပြီးသွားတဲ့အထိရော အဲဒီပါဒလေးကို
ခဏခဏရွတ်နေရင်း မကြာခဏအမျိုးမျိုးတွေးကြည့်နေမိတာ

တူသွားပြီကိုယ့်ညီမနဲ့

လိုအင်ဟူသမျှပြည့်ဝနိုင်ပါစေညီမလေးရေ

ဒီပို့စ်တွေ လိုက်ဖတ်ရတာ ပျော်စရာ..
အားလုံးကို မျှဝေခံစားသွားပါသည်..

ဝေးတော့မယ့် အနီးဆုံးကလူဆိုတာကို စိတ်ဝင်စားလိုက်ထှာ

(ဒါထက် ကိုတောကျောင်းက ရေးမယ်တဲ့လားး) )

mgphonemyint said...

ဟေ့...ငါရေးပြီးပြီနော်...း)

အလုပ် မြန်မြန်ရပါစေ မေရာရေ
လက်ကျန်လေး ရှိသေးရင် ချန်ထားဦး
နောက်တော့ တွေ့ရင် တိုက်ဗျား)

JulyDream said...

လှည်တန်းလမ်းမနားမှာပဲ အလုပ်မြန်မြန်ရပါစေကွယ်။

လှည်းတန်းဝန်းထဲက မုန့်တီသုပ်စားချင်လိုက်တာ။ အမ ဘောလုံးပွဲတော်တော်ကြည့်ပုံပဲနော်။

အကြံပေးမယ် လောလောဆယ် စိုင်းထီးဆိုင်ရဲ့ အညာကိုပြန်ချင်တယ် ခဏနားထောင်ထား...။

“ခွက်ထဲက လက်ကျန်ဟာ
လက်ထဲက မနက်ဖြန်ခါတွေအတွက်ပေါ့တဲ့
ဒီတော့…ကုန်အောင်မော့မသောက်ဖြစ်ကြပြန်ဘူး….”
ဟီး အစ်ကိုကတော့ ခွက်ထဲမှာကို မကျန်တော့ဘူး...
သောက်သောက်ဖြစ်နေတာ...ကိုဆောင်းယွန်းလရေ..နောက်တာနော်...။

ကိုအောင်သာငယ်စာအုပ်ကတော့ ဖြည်းဖြည်းချင်းမော့သောက်နေဖြစ်တယ်။

ကလေးတွေရှေ့ အရက်အကြောင်းတွေ လျှောက်ပြောနေမိပြီလား မသိပါဘူး...:P

mirror said...

အစ်မနော်..တခုတ်တရတဂ်လို့ရော၊ပြီးတော့ ဝေးကွာခြင်းကို ကျဉ်းမြောင်းပစ်လိုက်နိုင်ဖို့ ဆုတောင်းပေးတဲ့အတွက်ရော ကျေးဇူး..။

ကိုအောင်သာငယ် တခြားစီလို့ခံစားရင်လဲ တခြားပေါ့။
ဒါမယ့် ဘောလုံးပွဲတစ်ပွဲကို ကဗျာတစ်ပုဒ်လိုခံစားလို့လဲ ရတာပါပဲ..။(ကဗျာအကြောင်း သိပ်တော့မပြောရဲဘူး..နတ်ကြီးတယ်မှုတ်လား )

မကေ ၂ ယောက်လုံးကဘာမှ မကျွေး၊ဘာမှမရပါဘူး :D
ဆုတောင်းပေးတာ ကျေးဇူး။အရေခွံက အဲ့လိုပဲ ခဏခဏပဲ လဲနေမိ..။

ကိုတင်မင်းထက်ရေ..သဘောမျှတော့ သဘောကျမိတာပေါ့..။ခုထိတော့ လက်တုန့်နေကြတုန်းပဲ.နော။

ကိုဆောင်း၊ကိုရွာသား၊မမီးငယ်နဲ့ ကိုသက်ပိုင်သူ စာလာဖတ်တာ ကျေးဇူးပါ။

ညီ..ခုတော့ရေးပြီးဘီပြောတာပဲ။သွားဖတ်လေ..။

ကိုဖုန်းမြင့် မရေးချင့်ရေးချင်နဲ့ရေးပေးလို့ ကျေးဇူး။

ကိုဂျဲရေ..စိတ်ချ၊နောက်တွေ့တော့ပေါ့။

ကိုဂျူလိုင်ဒွင်း..စိတ်ပုတ်လိုက်ထှာ..
ဆုတောင်းပေးတာတောင် ကျေးဇူးမတင်ချင်တော့ဘူး။

မေ့သမီးလေး နေကောင်းသွားရင် ပြန်လာခဲ့လေ။
လိုက်ကျွေးပါ့မယ်။စိတ်ချနေ ..။

ကိုလင်းဒီပ..လာဗျာ ခွက်ထဲကလက်ကျန်ကို သွားမော့ရအောင် အဟားဟား :)

လာလည်သူ၊စာဖတ်သူ၊ကွန်မန့်ပေးသူ အားလုံး စိတ်နှလုံးချမ်းမြေ့သာယာရှိကြပါစေ...။