Tuesday, May 18, 2010

လွန်လေပြီးသောအခါ...

အချစ်ရေ့...
စက္ကန့်မလပ်စွာ...တို့တတွေထိစပ်ခဲ့ကြတာပဲ။
လွန်ခဲ့တဲ့ ခြောက်နှစ်တုန်းက...
အဝေး နေရရင်တောင်
စိတ်အမှောင်မှာ ရင်ခုန်သံချင်းထပ်ပြီး အိပ်ခဲ့ကြတာပဲ။

လွန်ခဲ့တဲ့ခြောက်နှစ်တုန်းက...
တို့နှစ်ဦးလောက် ချစ်ကြတဲ့သူ
တို့နှစ်ဦးလောက် သောကဗျာပါဒများကြသူ
တို့နှစ်ဦးလောက် " ပြုံး"တတ်ခဲ့ကြသူ
ဒီကမ္ဘာလောကကြီးမှာ ရှိမှာမဟုတ်ဘူး(လို့)
ငါပြော(ရင်)
မင်း အသံကျယ်ကျယ်လေးနဲ့ ရီ(ရယ်)မောပါကွယ်။

တက္ကသိုလ်ရိပ်သာလမ်းပေါ်က ကုက္ကိုလ်ပင်တွေသိပါတယ်။
တက္ကသိုလ်ရေကူးကန်က ကလေးလေးတွေ သက်သေရှိပါတယ်။
အသဲပန်းက စားပွဲထိုးလေးကိုလဲ မေးကြည့်လို့ရပါတယ်။
လိပ်ခုံးနောက်က ကျောင်းအိုအိုကြီးလဲ သိပါတယ်။
သထုံလမ်းမပေါ်က ကတ္တရာစေးမဲမဲတွေလဲ သိကြပါတယ်။
ပိတောက်လမ်းက ပန်းခြောက်လေးတွေ သိပါတယ်။
လှည်းတန်းဈေးကြီး နဲ့ ဆုကော်ဖီဆိုင်လေးလဲ သိပါတယ်။
စိန်ဂေဟာကြီးလဲ သိပါတယ်။
တို့နှစ်ဦးလောက်ချစ်ကြတာ ကမ္ဘာလောကကြီးတခွင်လုံး မရှိပါဘူးဆိုတာ...

အချစ်ရေ့..
လွန်ခဲ့တဲ့ ခြောက်နှစ်ကအတိုင်း
ငါ့ နဲ့...
ကျောချင်းကပ်ထားပါကွယ်။
လွန်ခဲ့တဲ့ခြောက်နှစ်ကအတိုင်း
ငါ့ကို...
မင်းမျက်နှာပေါ်မှာ အပြုံးလေးတွေ ပွင့်ပြပါကွယ်။

လွန်ခဲ့တဲ့ခြောက်နှစ်ကအတိုင်း..
ငါ့လက်ကို မြဲမြဲတွဲထားစမ်းပါကွယ်..။
လွန်ခဲ့တဲ့ခြောက်နှစ်ကအတိုင်း..
မင်းလက်သည်း၊ခြေသည်းလေးတွေ ရှည်လာတိုင်း
ငါ့ကိုသတိရပါကွယ်။

လွန်ခဲ့တဲ့ခြောက်နှစ်ကအတိုင်း
ရွှေတိဂုံဘုရားသွားကြရအောင်ကွယ်။
လွန်ခဲ့တဲ့ခြောက်နှစ်ကအတိုင်း
ငါသီပေးတဲ့ ခရေပန်းကုံးလေးနဲ့ ဘုရားကပ်ပါဦးကွယ်။

အချစ်ရေ့....
လွန်ခဲ့တဲ့ခြောက်နှစ်ကအတိုင်း...
ငါ့နဲ့...
င့ါကို....
.....
...........
ငါ့နှလုံးသားကို...
နမ်းရှိုက်စမ်းပါဦးကွယ်။

(Mirror)

12 Responses to “လွန်လေပြီးသောအခါ...”

jr said...

:)
ဟေ့ရောင် .. ငါပြုံးတယ်ဆိုတာငါသိလို့ပေါ့ကွာ။

တကယ်ကို့ အသေအချာ အားရပါးရ ကြီး ရေးချထားပေတော့သည် ။
ဒီကလေးမ ယောက်ျားလေး နေရာကတော့ အတော်ရေးချင်တယ် ။
ကဗျာလေးက အတော် ဖတ်လို့ ကောင်းတယ် ။ အရင်ရေးဖူးတဲ့ မာထန်ထန်ကဗျာတွေနဲ့ မတူ ခွဲထွက်သွားတယ် ။
ခေါင်းစဉ်ကို သိပ်မကြိုက်ဘူး ။

Maung Myo said...

စမလို့ စဉ်းစားထားပြီးမှ ခရေပန်းကပ်တယ်ဆိုတော့ ယောက်ျားလေး လား မိန်းခလေးလား သိဘူးဟး)

littlebrook said...

ဘယ်တော့မှမသေတဲ့နာမည်နဲ့ကောင်မလေးကိုပဲ ငါမြင်တယ် ..

mirror said...

Jr>>.. :)
ကိုလင်းဒီပရေ>>.. ဖြစ်မလားလို့ ကြိုးစားကြည့်တာပါ။
အင်း ဟုတ်တယ်။ညီမ အညံ့ဆုံးက ခေါင်းစဉ်ပေးတဲ့နေရာပဲ။အဟီး တခြားကျ တော်တာကျ :P....၀ိုင်းစဉ်းစားပေးလေဗျာ..။ရရင် ပြောင်းလိုက်မယ်။

မောင်မျိုး..>>နင်တယောက်ထဲကို ရှုပ်နေတာပဲ။း)
LB>> မြင်ချင်သလို၊မြင်ချင်သလောက် မြင်လို့ရကြောင်းပါ..အဟဲ ..ဟုတ်သော်ရှိ၊မဟုတ်သော်ရှိ ပေါ့။

ကဗျာလေးက ချစ်စရာလေး =)
ညီမလေးရေ ခေါင်းစဉ်ပေးညံ့တယ်ဆို မမယ်ကိုး အဖော်ရှိလို့ ပြောလိုက်ပါ။ အစ်မလည်း ခေါင်းစဉ်ပေးညံ့တယ် =)

အဟင်း......
ဒီကဗျာကိုဖတ်ပြီး ဘယ်သူ့အတွက်လဲပေါ့။ တို့တွေအားလုံးအတွက်ဆိုလဲ မမှားလောက်ပါဘူး
အဟဲ ခရေပန်းကုံးလေးပေးတာနဲ့ လက်သည်းရှည်တွေကလွဲလို့....
ကဗျာလေးက ဖတ်လို့အတော်ကောင်းတယ်။ ခံစားလို့ရတာကိုး.........ဟဟ..

SHWE ZIN U said...

လွန်ခဲ့ တဲ့ ၆ နှစ်ကို တမ်းတတယ် ဆိုတော့ အခု အဲလို မဟုတ်တော့ဘူးလားဟင်

ကဗျာလေး ကတော့ တော်တော်လှတယ်

ရွှေစင်

purplemay said...

မိုက်တယ်ဗျိုး....အဲ့လိုကဗျာမျိုးအရမ်းကြိုက်...း)

ကဗျာကိုချစ်တဲ့အတွက်ကဗျာလေးကိုခံစားသွားပါတယ်။
အားပေးနေမယ်။။။

ခင်တဲ့
သဒ္ဓါ

Anonymous said...

တက္ကသိုလ်ရိပ်သာလမ်းပေါ်က ကုက္ကိုလ်ပင်တွေသိပါတယ်။
တက္ကသိုလ်ရေကူးကန်က ကလေးလေးတွေ သက်သေရှိပါတယ်။
အသဲပန်းက စားပွဲထိုးလေးကိုလဲ မေးကြည့်လို့ရပါတယ်။
လိပ်ခုံးနောက်က ကျောင်းအိုအိုကြီးလဲ သိပါတယ်။
သထုံလမ်းမပေါ်က ကတ္တရာစေးမဲမဲတွေလဲ သိကြပါတယ်။
ပိတောက်လမ်းက ပန်းခြောက်လေးတွေ သိပါတယ်။
လှည်းတန်းဈေးကြီး နဲ့ ဆုကော်ဖီဆိုင်လေးလဲ သိပါတယ်။
စိန်ဂေဟာကြီးလဲ သိပါတယ်။
တို့နှစ်ဦးလောက်ချစ်ကြတာ ကမ္ဘာလောကကြီးတခွင်လုံး မရှိပါဘူးဆိုတာ...

အချစ်ရေ့..
လွန်ခဲ့တဲ့ ခြောက်နှစ်ကအတိုင်း
ငါ့ နဲ့...
ကျောချင်းကပ်ထားပါကွယ်။
လွန်ခဲ့တဲ့ခြောက်နှစ်ကအတိုင်း
ငါ့ကို...
မင်းမျက်နှာပေါ်မှာ အပြုံးလေးတွေ ပွင့်ပြပါကွယ်။

ကျနော်လည်း သိသွားပြီ မကြေးမုံရေ ...

လေးစားအားပေးလျက်-နေ့ သစ်