Friday, June 05, 2009

လှည်းတန်းကဗျာ

ဒီကဗျာက လွန်ခဲ့တဲ့ ၇ လလောက်တုန်းဆီက ကျမသည်လဲ ဘလော့ဂ်ပေါ်မှာ အရှိန်အဟုန်ပြင်းစွာနဲ့ဖြတ်သန်း
စီးဆင်းစအချိန်တုန်းက၊ဒီဘလော့မှာပဲ ရေးပြီးတင်ထားတဲ့ ကဗျာတစ်ပုဒ် ပါ။

အဲ့ဒိအချိန်တုန်းက လတ်တလောမြင်ရသမျှတွေကို ရေးထားတာဖြစ်လို့ ခုလက်ရှိနဲ့တော့မကိုက်ညီတော့ဘူး ဆိုရမပေါ့။စိန်ဂေဟာကြီးကလဲ soft opening မဟုတ်တော့ပါဘူး။ဒီမိုးထဲမှာလဲ ဇီးဖျော်ရည်တိုက်လို့လဲ ဘယ်လို လုပ်ပြီး အဆင်ပြေပါတော့မလဲ နော့..။ဒါပေမယ့် ဒီကဗျာလေးကို ပြန်တင်ဖို့စိတ်ကူးခဲ့တာ ကြာခဲ့ပြီဖြစ်ပြီး၊ ခုပြန်တင်တော့လဲ စိတ်တိုင်းမကျတာတွေကို ပြင်ဆင်ဖို့ စိတ်ကူးမိသေးပေမယ့် မလုပ်တော့ပါဘူး။ကောင်းတာ မကောင်းတာ အပထားပေါ့း)
မဖတ်ရသေးတွေအတွက် အသစ်ပေါ့..။ကျမအတွက်တော့ ဆားရေကြည်တစ်ခွက်ပေါ့...။


လှည်းတန်း

စားချင်တာလာစား
အကုန်ရတယ်
ကိုယ်မှာတာကိုယ်စား၊ကိုယ်စားတာကိုယ်ရှင်းရင်ဖြစ်ပါတယ်။

မုန့်ဟင်းခါးနဲ့ ဇီးသံပုရာ၊
ဘိန်းမုန့်နဲ့ ထုံချိုင်း
ကတ်ကြေးကိုက်နဲ့ လေဘေးထည်
ရှမ်းခေါက်ဆွဲနဲ့ ဒိန်ချဉ်
Singapore နဲ့ ကျော်ဦး
ရန်ကင်းနဲ့ကြည့်မြင်တိုင်
ဒါတွေ၊ဒါတွေ
အကုန်မှာ အကုန်ရပါ့။

အိမ်ရှေ့ဝရံတာခြေတစ်ဖက်ချ
ရှေ့က စိန်ဂေဟာအသစ်ကျပ်ချွတ်မှာ
ဆင်းလိုက်တက်လိုက်
တက်လိုက်ဆင်းလိုက်
သူငယ်မများ
အိတ်ကလေးတွေ ဖွင့်ပေးလိုက်
ဒါမှမဟုတ်
အိတ်ကလေးတွေ ပေးဖွင့်လိုက်
ဘာတဲ့
Soft Opening ဆိုပါလား။...။

စည်တယ်၊စည်တယ်
လူတွေ တကယ်စည်တယ်
စည်နေပြီး လူမများတာလား
လူများပြီး ပွဲမစည်တာလား
တော်တော် ဦးဏှောက်ခြောက်ပါရဲ့
အထာနဲ့ စဉ်းစားရတာဒီမှာက။

ရှေ့ကဖြတ်လျှောက်သွားတဲ့မိန်းမငယ်
ခြေနှစ်ချောင်းက လိမ်ဖယ်ဖယ်နဲ့
စကတ်အနံက ခြေပေါင်လည်
အလိုကွယ် ဘယ့်နှယ်ဖြစ်ပါလိမ့်
အဘများ မျက်စိမှုန်ရော့သလား။

စည်တယ်၊
တကယ်စည်တယ်၊
အဲ့ဒါဘာရှိလိမ့်မလဲ
ရုံးစု၊ရုံးစုနဲ့ ဟောဒိလမ်းမကြီးပေါ့။

တစ်ခေါက်တစ်ခါများတော့
အရောက်လာစမ်းပါ့..၊
ဇီးဖျော်ရည်လေး တိုက်ပါ့မယ်။

Mirror

11 Responses to “လှည်းတန်းကဗျာ”

littlebrook said...

စိန်ဂေဟာကဆင်းလာမယ့် သို့မဟုတ် တက်သွားမယ့် စကပ်တိုတိုလေးတွေငေး ကော်ပြန့်လိပ်ကို တကိုက်ကိုက်၊ ဇီးသံပုရာကို တကျိုက်ကျိုက်... အမလေးနော် သဘာဝလောကကြီးက လှလိုက်တာ

ဟုတ်မှာပါ
လိမ်ဖယ်လိမ်ဖယ်လေးတွေ...

ဇီးဖျော်ရည် အလကားသောက်ရင်း လာကြည့်ချင်ပါသေးတယ်...။
ကဗျာလေးဘာလေး ရလိုရညား...။


လှည်းတန်းကတော့ စွဲလမ်းဆဲပါပဲ ဒေါ်မေရာ..။

MANORHARY said...

လှည်းတန်းဆိုတာ
သိပ်နွေးထွေးတဲ့ အမေ့အိမ်နားက
ရပ်ကွက်တစ်ခုပေါ့
အဲဒီနားမှာ တစ်ချိန်က ကံ့ကော်တင်းကုတ်
တစ်ခုရှိခဲ့တယ်။အဲဒါ အသက်ရာပြည့်ခါနီးနေပြီဖြစ်တဲ့
အမေနေထိုင်တဲ့နေရာလေ...

မွန် said...

တော်သေးတယ် ပြန်တင်ပေးလို့ မွန်ဖတ်မိတာ ကဗျာကောင်းလေးလွတ်တော့မလို့ ကျေးဇူးပါ ကြေးမုံ

:P said...

လှည်းတန်းဈေးထဲက အစုံသုတ် စားချင်လိုက်တာ..။

kay said...

ညနေ..ညနေ..စည်တယ်လေ..လို့..နတ်ချင်းနှော လိုက်တယ်။
မနော်- ကံ့ကော်တင်းကုပ် ကြီးလို့ ဆိုတိုင်း..ဘွတ်အဲလို့ မြည်ရတော့မလိုပဲ..ဟိ

လာချင်ပါတယ်။ တကယ်ပါ။ လာမယ်နော်။

ညီမရေ

လှည်းတန်းကို
တခါတခေါက်တော့ ပြန်လည်လို့
ရောက်ဖူးချင်ပါတယ်...။

ရှမ်းခေါက်ဆွဲလေးစား ၊ ဒိန်ချဉ်လေး သောက်ရင်း နဲ့ပေါ့...။

အခြေအနေပေးတဲ့ တနေ့မှာလေ...။

နော်မန် (88)

အင်း....လှည်းတန်း လှည်းတန်း...
ပြန်တွေးလိုက်ရင် လွမ်းစရာတွေချည်းပဲ။
(လူကြီးသူမလေသံ)

Unknown said...

လှည်းတန်းမှာ ပွဲကြမ်းပြီး လုပ်ချင်သလိုလုပ်နေကြတဲ့
bus တွေအကြောင်းကော မပါဘူးလား