Saturday, June 27, 2009

တွေးမိသမျှ အတိုအစ

ကျင်လည်ကြီးပြင်းခဲ့တဲ့ ပတ်ဝန်းကျင်တွေ၊ဖြတ်သန်းခဲ့တဲ့ ဘ၀တွေမတူညီတဲ့အခါမှာ လူတွေဟာတစ်ဦးချင်း
တစ်ဦးချင်းစီမှာ မတူ၊ကွဲပြားခြားနားမှုတွေရှိလာတတ်ကြတယ်ဆိုတာကျမ အထူးတလည်ပြောနေစရာ
လိုအပ်မယ် မထင်ပါဘူး..။

ငယ်စဉ်အခါတုန်းမှာ အဲ့ဒီလိုမတူကွဲပြားခြားနားမှုတွေဟာ သိပ်ပြီးမသိသာလှပေမယ့် အသက်တွေရလာလို့
လောကကို ကိုယ်ပိုင်အသိ၊အမြင်တွေနဲ့တံဆိပ်ကပ်ကြည့်ဖို့ ချဉ်းကပ်ကြည့်ကြတဲ့အခါမှာ လူတွေဟာသိသာ
ထင်ရှားစွာကွဲပြားလာကြတာ အမှန်တရားတစ်ခုပါပဲ။

မိဘနဲ့သားသမီး၊ဇနီးနဲ့ ခင်ပွန်း....၊စသဖြင့် လူ့လောကမှာ အရင်းနှီးဆုံးလူသားစုဖွဲ့မှုရယ်လို့ ယူဆထားကြတဲ့
ရင်းနှီးပတ်သက်မှုတွေမှာတောင် ဒီလိုမတူညီမှုတွေဟာ ကြီးမားတဲ့လူမှုရေးပြသနာတွေဆီ ဦးတည် နေကြတယ်..။

သိပ်ချစ်ကြတဲ့ အဖော် သို့မဟုတ်သူငယ်ချင်းတွေအဖို့တော့ နုစဉ်အခါက တူညီခဲ့သမျှ ကြီးရင့်လာတဲ့အခါ
ခြားနားကွဲပြားကုန်တတ်တာလဲ ပြောင်းလဲပြုပြင်မရတဲ့ နိယာမတစ်ခုပါပဲ။အဆိုးဆုံးအခြေအနေမှာဆိုရင်တော့
ဒါဟာ လမ်းတစ်ခုရဲ့ အဆုံးပါပဲ။အဲ့ဒိနေရာမှာ မတူညီတာကို အတင်းအကြပ်ညှိနှိုင်းဖို့ကြိုးစားမိရင်
ကြိုးစားတဲ့သူသာ အပြစ်လုပ်သူဖြစ်တတ်ပါတယ်..။

ဒါပေမယ့် ဒီလိုအမှားတွေ၊အပြစ်တွေကို စေတနာဇောနဲ့ လူတွေလုပ်ခဲ့ကြတာ အထပ်ထပ်အခါခါ....။

သို့သော်စေတနာဇောထက် မတူညီတဲ့ပတ်ဝန်းကျင်၊မတူညီတဲ့ ဘ၀ပေးအခြေအနေကို စဉ်းစားနားလည်
ပေးရကောင်းမှန်းမသိဘဲနှင့် ကိုယ့်အခြေအနေနဲ့၊ကိုယ့်အသိနဲ့၊ကိုယ့်ခံယူချက်နဲ့ မတူညီတာတဲ့အခါ
ကာယကံရှင်ကို စော်ကားမိတဲ့ အသုံးအနှုံး၊အယူအဆတွေနဲ့ ပြောတဲ့ဆိုတဲ့အခါမှာ ဒါဟာကြီးမားတဲ့
လူမှုရေး စော်ကားမှုလို့ ကျမယူဆပါတယ်..။သူတပါးရဲ့ အတွင်းစိတ်ကို ဗြောင်ကျကျ ပါဝင်စွက်ဖတ်လိုက်တာ၊
ခွင့်ပြုသည်ဖြစ်စေ၊ခွင့်မပြုနိုင်သည်ဖြစ်စေ ဆင်ခြင်ဥာဏ်မဲ့စွာနဲ့ သူတပါးရဲ့ခံယူချက်ကို ထိကပါး၊ရိကပါး လုပ်လိုက်တာပါပဲ..။

မိမိရဲ့ အဆင်ခြင်မဲ့စွာ ဆိုလိုက်သောစကားက ဘယ်ကိုဦးတည်နေသလဲ၊ အထူးသဖြင့် သူတပါးရဲ့ ကိုယ်ရေး ကိုယ်တာကို ဘယ်လောက်အတိုင်းအတာထိ စော်ကားထိပါးလိုက်မိပြီလဲ ဆိုတာကို မတွေးမိ တတ်ကြတာတော့ လက်မခံနိုင်ဖွယ်ပါပဲ...။

လောကကြီး ငြိမ်းချမ်းဖို့၊အနဲဆုံးတော့ လက်တစ်ဆုပ်စာ ကိုယ့်အသိုက်အ၀န်းလေးငြိမ်းချမ်းဖို့ပဲဖြစ်ဖြစ်
လူတွေဟာ မတူညီတဲ့ အတွေးအမြင်၊မတူညီတဲ့ ရှုထောင့်ရဲ့ အမြင်တွေကိုလက်ခံဖို့ ကြိုးစား ကြည့်သင့်ပါတယ်.။

ဘာရယ်မဟုတ်ပါဘူး။လတ်တလောကျမပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့၊ကိုယ့်ကို ၊မိတ်ဆွေတံဆိပ်၊ စေတနာတံဆိပ်ကပ်ပြီး လာစော်ကားနေတဲ့လူတစ်ချို့အကြောင်း၊ပြီးတော့ ကိုယ့်အကြောင်းကိုယ်ပါ တွေးမိလို့ ချရေးမိတဲ့စာတစ်ချို့ပါ..။

3 Responses to “တွေးမိသမျှ အတိုအစ”

မရေ...သခါင်္ရဆိုတာ ဘယ်လွန်ဆန်လို့ရပါ့မလဲ။
ဒီလိုဘဲပေါ့.လူရယ်လို့ဖြစ်လာရင်မလွဲမသွေကိုရင်ဆိုင်ရမှာဘဲလေ။
အဲဒါကြောင့်ငြိမ်းချမ်းရာအစစ်နိဗ္ဗာန်ရောက်ကြောင်းတရားတွေသာအားထုတ်ရမယ်မမရေ....

littlebrook said...

ခွင့်လွတ်လိုက်ပါ ... မသိနားမလည်သူတွေကို
ခေါင်းထဲ ထည့်မထားနဲ့ . ကိုယ်လုပ်စရာရှိတာကို
ဖြောင့်ဖြောင့်တန်းတန်းလုပ်

NangNyi said...

တိနေဒယ် တိနေဒယ်