
ငါလဲ လွမ်းရဦးမယ်။လွမ်းရဦးမယ်။လွမ်းရဦးမယ်။
ငါတို့ဟာ လွမ်းနေတဲ့ငါးတွေ.....
ငါတို့ဟာ သွေးအေးနေတဲ့ငါးတွေ....
ငါတို့ဆူးတောင်တွေက အဆိပ်မဲ့နေသမျှတော့
ငါတို့ ကူးခတ်ဖို့သာ တတ်နိုင်ခဲ့...
ငါတို့ အရိုးတွေက မမာခဲ့သမျှတော့
ငါတို့ကူးခတ်ဖို့သာ တတ်နိုင်ခဲ့...
ငါတို့သွေးက မရဲခဲ့သမျှတော့
ငါတို့ ကူးခတ်ဖို့သာ တတ်နိုင်ခဲ့...
ကူးခတ်ဖို့သာ
ကူးခတ်ရုံသာ...
ကူးခတ်ရဦးမှာ....။.............။
Mirror
ငါးကလေးတကောင်ရှာပြီးပို့ပေးတဲ့ ချစ်သောငါးလေးတကောင်ကို ကျေးဇူးတင်ပါကြောင်း :)
4 Responses to “ကူးစမ်းကွဲ့ ငါး”
ဟုတ်ပါတယ်။
လွမ်းပါ။
ကူးပါ။
ကူးရင်းနဲ့ပဲ လိုရာခရီးကိုရောက်ရမှာပေါ့။
ကူးခတ်ရင်းနဲ့ ပဲ ဆူးတောင်တွေ ထက်မြက်လာပါလိမ့်မယ်။
ကူးခတ်ရင်းနဲ့ ပဲ အရိုးတွေ မာကျောပါလိမ့်မယ်။
ကူးခတ်ရင်းနဲ့ ပဲ သွေးတွေက ရဲရဲနီလာပါလိမ့်မယ်။
အဲဒီအခါကျမှ အလွမ်းတွေအတွက် တန်မှာပေါ့။
အခုတော့ ကူးခပ်လိုက်ဦးပေါ့။
ရှင်းသန့် ပြောပြလို့ လာပြီးအားပေးတာပါ။
ပျော်ရွှင်ပါစေ။
အင်း
ငါးတစ်ကောင်လာကြည့်သွားတယ်...
ပင်လယ်သမုဒ္ဒရာ အသစ်မှာ
ခြေခင်းလက်ခင်း သာယာပါစေ ငါးကလေးရေ..။
လာပြန်ပလား ငါး
Post a Comment