Friday, January 29, 2010

လရောင်ဖျောက်သောလမ်း

လမင်းရဲ့အလင်းရောင်သည် ငါတို့ကိုမလိမ့်တပတ်နဲ့ ကိုယ်ယောင်ဖျောက်သွားခဲ့လေပြီ။

××××××××××××××××××××××

ဟိုမှာတိမ်တအုပ်။
ဟာ ဟုတ်ဘူး။အဲ့ဒါ တိမ်မဟုတ်ဘူး။
ဘာ အာတီဖီရှယ်တွေလဲမှ မသိတာ။
ဟင်နင်တို့ကလဲ တိမ်ကိုတော့ အတုလုပ်လို့မရပါဘူးဟာ။
အော ဘယ်ပြောလို့ရမလဲ..။အကုန်လုံးအတုဖြစ်နေတဲ့နေရာကြီးကိုး...။
အင်း နင်လဲ အတုဆိုတဲ့မျက်မှန်ကို ခဏချွတ်သင့်ပြီ။
သြော် ဒါနဲ့စကားမစပ်ဟာ
ငါ့မတော့ အစစ်ဆိုတဲ့ ချစ်ခြင်းမေတ္တာတွေရှိပါတယ်။
တခုတော့တောင်းပန်ချင်တယ်။မေတ္တာဆိုတာပူလောင်တယ်လို့
နင်ချစ်ပြီးငါမုန်းတဲ့တခြားတယောက်ကို အတုလုပ်ပြီး သွားမပြောပါနဲ့ဟယ်...နော်။

×××××××××××××××××××××

လမင်းရောင်က ကိုယ်ယောင်ဖျောက်သွားခဲ့ပြီ။ လမင်းကိုမြင်နေသော်လည်း သူ့လင်းချင်းမှုကို ငါတို့ခံစားပိုင်ခွင့်မရှိ...။

×××××××××××××××××

4 Responses to “လရောင်ဖျောက်သောလမ်း”

ငါ့မတော့ အစစ်ဆိုတဲ့ ချစ်ခြင်းမေတ္တာတွေ ရှိပါတယ်တဲ့
တကယ်လားဒေါ်ကြေးမုံ
အစစ်ဆိုတာလည်း တကယ်တော့ အတု ပါဘဲဗျာ

ကျနော့် အတုတွေ ယူတွားတယ် ဝါး :-)

တော်တော်ဆိုးတဲ့လမ်း

Maung Myo said...

အေးပါဟယ် သွားမပြောပါဘူး နင်ကလည်း ကိုယ့်ချင်းချင်းတွေပဲ ....နော် ဟိ။

မထင်ရဘူး တကယ်မထင်ရဘူး ဒီတစ်ပုဒ်က နုပြီး အောက်တစ်ပုဒ်က ကြမ်းတော့ နှုတ်ခမ်းကို မီးပူပြီးတာနဲ့ ရေခဲရေ သောက်လိုက်ဂသလိုပဲး)