Saturday, February 13, 2010

ဓာတ်ပုံ

လွန်ခဲ့တဲ့ ၂ နှစ်ကျော်၊၂၀၀၇ ခုနှစ် သြဂုတ်လကနေ၊၂၀၀၈ ခုနှစ်မတ်လကုန်ထိ ၇လကျော်သွားရောက်နေထိုင်၊ အလုပ်လုပ်ကိုင်ခဲ့ဖူးတဲ့ နတ်မောက်မြို့အကြောင်း ဒီရက်ထဲပြန်စဉ်းစားမိပြီး၊ ရိုက်ခဲ့သမျှထဲက ကြည့်ရှူရ အဆင်ပြေမယ်ထင်တာလေးတွေ တင်လိုက်ပါတယ်။ ထိတွေ့ခံစားနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။



ကျွဲမင်းကျ ချောင်းနားက မြို့ဝင်ဆိုင်းဘုတ်။ ကျွဲမင်းတောင်ပြုတ်ကျလောက်အောင်ထိ သဲချောင်းကျခဲ့ဖူးတယ်လို့ ဆိုကြတယ်။

အေးရာအေးကြောင်းပဲ..။ဒီနေ့ ကျနော်ကျောင်းမသွားဘူး။

သစ်ကိုင်းကနေ တွဲလောင်းကျနေတာ... ကုလားတက်လား၊အုံ့မောင်းလား။ သိရင်ပြောသွားကြပါဦး။

ကဗျာရွတ်တာ...သူက ရသလိုလိုနဲ့။ပြီးတော့ ထစ်နေတယ်။

ဖိုးတီ တဲ့။ကျမရဲ့ နာမည်ပြောင်နဲ့တူတယ်။ :)



အလုပ်လုပ်ခဲ့တဲ့ ရွာပေါင်းသုံးဆယ့်သုံးရွာမှာ အဲ့ဒိတရွာထဲပဲ ဆံရစ်ဝိုင်းလေးတွေကျန်တော့တယ်။ ဂါဝန်အနီနဲ့ကလေးက အလွန်စကားတတ်တယ်။ ကျမ သူ့ကိုစကားယှဉ်ပြီး နိုင်အောင်မပြောနိုင်ဘူး။

ကျမနာမည် မကျော့...

ဆရာလေး ကိုဖိုးခွေး...

ဓာတ်ပုံရိုက်နေပြီဟေ့...

လူပင် အိုသော်ငြား ဆေးလိပ်မတိုသေး...

ကျောင်းအုပ်ကြီးလိုတာ သုံးဖို့..ကျောင်းသားလေးတွေခေါင်းနဲ့ရွက်သယ်ခဲ့တယ်။

အစာခွက်၊နွားတွေက အဆင့်အတန်းရှိတယ်။စာခွက် မလုဘူး ။

နှုတ်ဆက်ပါတယ်....။

ကလေးများနေ့လဲဖြစ်လို့ ကလေးပုံတွေပဲ တမင်ရွေးတင်လိုက်ပါတယ်။

9 Responses to “ဓာတ်ပုံ”

MDW said...

ရိုးသားပြီး အပြစ်ကင်းတဲ့ ကလေးလေးတွေပဲနော်။
ဆံရစ်ဝိုင်းလေးနဲ့ ကလေးမလေးကလဲ ချစ်စရာ။
ရှားရှားပါးပါး ဓာတ်ပုံလေးတွေ တင်ပေးတာ ကျေးဇူး ညီမရေ ..

Anonymous said...

ဒီက ခလေး တွေ နဲ့ ကိုယ့် တိုင်းပြည် က ခလေး လေး တွေ နဲ့ သူတို့ မျက်နှာ လေး တွေ က ကြည့် လိုက် ရင်
တအား ကွာ တယ် ညီမလေး ရေ ... အဲ က ခလေး တွေ ကိုလည်း ဒီက ခလေး တွေ လို ကိုယ့် ကိုယ် ကို
ယုံ ကြည် မှု အ ပြည့် ရှိ တဲ့ အကြောက်တရား ကင်းတဲ့ မျက်နှာ မျိုး လေး တွေ ရှိ စေ ချင် လိုက်တာ .... ခလေး တွေ ရဲ့  မျက် နှာ လေး တွေက
ဘယ် လောက် ဘဲ ညစ်ပေ နေ နေ သူတို့ လေးတွေ က
အပြစ် ကင်းပြီး သား ပါ ...

mie nge

Moe Cho Thinn said...

ဓာတ်ပုံတွေက စကားတွေ အများကြီး ပြောသွားတယ် ညီမရယ်..

တုံးမောင်းပါကွယ်

မြင်ရတာ မြန်မာ့ရိုးရာဓလေ့ကိုမြင်လိုက်ရလို့ စိတ်ချမ်းသာသလို၊ စိတ်ထဲမှာလည်း လေးသွားတယ်။

Anonymous said...

သြော်.. တကယ့် ရိုးသားအေးဆေးတဲ့ ကျေးရွာပုံရိပ် စစ်စစ်တွေပါကလား.. ကိုယ့်ပြည်ကိုယ့်ရွာကို လွမ်းလိုက်တာ.........................။
သစ်ပင်စိမ်းစိမ်းကြီးအောက်က ကွပ်ပျစ်ပတ်လည်ကြီးပေါ်မှာ အိပ်ချင်တယ်း(((

ကလေးတွေ ကြည့်ရတာ ရင်ထဲမှာ ချမ်းမြေ့လိုက်တာ။ မျက်နှာလိုက်တယ်ပဲ ပြောပြော ကိုယ့်နိုင်ငံက ကလေးလေးတွေဆိုတော့ ကြည့်ရတာ ပိုချစ်မိတယ်...း) ဓာတ်ပုံတွေကြည့်ရင်း ရင်ထဲမှာ ခံစားချက်တွေ အများကြီး ဖြတ်ပြေးသွားတယ် ညီမလေး မကြေးမုံရယ်...

Anonymous said...

မကျော့ကလေးက ချစ်စရာ....


ဓည့်သည်

သက်ဝေ said...

နွားတွေက အဆင့်အတန်းရှိတယ်။ စာခွက် မလုဘူး တဲ့လား... (Y)