Sunday, November 29, 2009

လှည်းတန်းလမ်းမ


လှည်းတန်းလမ်းမဟာ ဘောင်းဘီကျပ်ကျပ် ကောင်လေးတွေနဲ့ အသက်ရှူကြပ်နေတယ်။

လှည်းတန်းလမ်းမဟာ တိုက်ကြီး၊မှော်ဘီ၊ပဲခူးကားတွေနဲ့ ပြည့်ကြပ်နေတယ်။

လှည်းတန်းလမ်းမဟာ အဆုံးမရှိတဲ့ ဒေါသသင့် ကားဟွန်းသံတွေနဲ့ ပွက်ပွက်ညံနေတယ်။

လှည်းတန်းလမ်းမဟာ မီးစက်သံတွေ တထိန်းထိန်းနဲ့ သာယာနာပျော်ဖွယ် ကောင်းနေတယ်။

လှည်းတန်းလမ်းမဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေနဲ့...အခိုးအူနေတယ်...။

လှည်းတန်းလမ်းမဟာ ငါးရာတန်ဆိုင် ၊အင်တာနက်ဆိုင်၊ အလှပြင်ဆိုင်တွေနဲ့ ကျပ်သိပ် တိုးနေတယ်..။

လှည်းတန်းလမ်းမဟာ ငါးကင်ဆိုင်တွေနဲ့ ..... ညှော်နံ့ထွက်နေတယ်...။

လှည်းတန်းလမ်းမဟာ ဒိန်ချဉ်နံ့နဲ့ ချဉ်စုတ်စုတ် ဖြစ်နေတယ်။

ရှမ်းခေါက်ဆွဲဆိုင်တွေနဲ့ အသံတွေဝဲနေတယ်။

လှည်းတန်းလမ်းမဟာ ရွှေဆိုင်တွေနဲ့ ၀င်းဝါနေတယ်။

လှည်းတန်းလမ်းမဟာ ဆုတ်...ဆုတ်...ဆုတ်....ဟိုး)))) ဆိုတဲ့အသံတွေနဲ့ စည်းကားနေတယ်။

လှည်းတန်းလမ်းမဟာ ငါ....၊မအေ...နှမ...အသံတွေနဲ့ လူတွေအချင်းချင်း ပေးစားပစ်နေတယ်။

လှည်းတန်းလမ်းမဟာ...မွန်းကြပ်မှုတွေနဲ့ မွမ်းကြပ်နေတယ်...။




တကယ်တော့ လှည်းတန်းလမ်းမက သူ့ဘာသာသူ သူ့သမိုင်းကို သူ့ပခုံးစောင်းပေါ်တင်ပြီး အေးဆေးစွာလျောင်း နေတာပါပဲ။ လူတွေက အဓိပ္ပါယ်အမျိုးမျိုးနဲ့ အသက်သွင်းကြတဲ့အခါ ကျမခုလို ခံစားမိတော့တာ။

မှတ်ချက်။ ။(ဘောင်းဘီကျပ်ကျပ်ကို ဒီဘက်ခေတ်မှာ ကောင်လေးတွေပိုဝတ်လာတာ သတိထားမိပါတယ်)

25 Responses to “လှည်းတန်းလမ်းမ”

msd said...

Lwan thwar par tal. Hlan dann ko

Anonymous said...

ကောင်မလေးတွေ စကပ်တိုတိုဝတ်ထားတာ ကိုယ့်ကိုကိုယ်တအားလှသွားတယ်လို့ ထင်နေတတ်တာတွေ...
လှည်းတန်းအဆောင်က ကောင်မလေးတွေ ညပြန်မအိပ်လည်း အဆောင်က ဘာမှမပြောတာတွေ...
ဆင်ဖမ်းမယ်ကျားဖမ်းမယ်ဆိုကာ အမေ့ကိုအသံကောင်းဟစ်ကြွေးပြထားခဲ့ပြီး လမ်းပျောက်တဲ့သားလို ဖြစ်နေရတဲ့ အဖြစ်တွေ...

အများကြီး အများကြီး ကျန်သေးတယ်ဗျ။

အိုင်ဒီယာလေးပေးချင်ရုံသက်သက်ပါ။ :)

kay said...

photo essay လိုလို.. မိုက်လှချည်လား..
အဲဒီ အတိုင်း တကယ်ကို ခံစားလိုက်၇တယ်..
ဘောင်းဘီကျပ်ကျပ် နဲ့ လူငယ်တွေ..ပလက်ဖောင်း ကျဉ်းကျဉ်း လေးပေါ်.. ကျယ်ကျယ်လောင်လောင် စကားပြောလို့.. ကျီးကြည့် ကြောင်ကြည့် လုပ်နေသူ တယောက်မှ မရှိ.. အကြော် ကြော်လို့ ညှော် လည်း ဘာကို ကြောက်စရာ မလို.. ကြည့် ကျက် ပေးလိုက်ရင်..ကျေအေးသွားမဲ့..ခေတ်ကြီးမှာ.. ကျားကြီး ခြေရာ ကြီးတော့.. ကျိုးတိုးကျဲတဲ သိက္ခာ တွေ နဲ့.. ကြွားနေလို့လဲ အပိုပဲ လား..

ကြွစောင်း ကြွစောင်း လူတွေကိုသာ..ကြိုးနဲ့တုတ်ပီး.. ကြိုက်သလိုသာ..စီရင်ချင်တော့တယ်..။

း)) ပျော်လို့ လက်ဆော့သွားတယ်

အဲဒီ လူတွေ ကြပ်ညပ် မီးခိုးနံ့တွေ ညှော်နံ့တွေ ကားဟွန်းသံ လမ်းနဲ့မမျှတဲ့ကားတွေ နောက် ရောင်စုံ ကောင်မလေးတွေ ကောင်လေးတွေနဲ့ လှည်းတန်းလမ်းမ ကို အခုထိ လွမ်းတုန်းပဲ အစ်ကိုတို့လည်း ပျော်ဝင် ပတ်သက်ခဲ့ဖူးတာပေါ့...။
လွန်ခဲ့သောကာလတွေဆီက...။

ခေတ်ဟာ ခေတ်ပါပဲလေ..

အခုမေရာတို့ပျော်ဝင်နေတဲ့လမ်းတွေ
တချိန်က မေရာတို့အရွယ် ကိုယ်တို့ ပျော်ဝင်ခဲ့ရတဲ့လမ်းတွေ

“လမ်းတွေက သမိုင်တွေကို ထမ်းထားတယ်..။”

“လမ်းတွေက သမိုင်းတွေကို ထမ်းထားတယ်..။”

Moe Cho Thinn said...

အမ ကြီးပြင်းခဲ့တဲ့ နေရာလေးမို့ ခေါင်းစဉ်လေးတွေ့တော့ ပြေးလာမိတယ်။

အမတို့တုန်းက လှည်းတန်း အ၀ိုင်းကြီးမှာ ညဖက် လူငယ်လေးတွေ ထိုင်၊ အေးအေးချမ်းချမ်း ကော်ဖီသောက်၊ ခေတ်ပေါ် သီချင်းလေးတွေ နားထောင်၊ နောက်.. အကျီ င်္လည်ကတုံး အဖြူလေးတွေ၊ ကချင်ပုဆိုးလေးတွေ လူငယ်လေးတွေလဲ ဒီလှည်းတန်းလမ်းမကြီးပေါ်မှာပဲ အစာငတ်ခံ ဆန္ဒပြခဲ့ကြ..။
နောက် ကဗျာဆရာကြီး မင်းသုဝဏ် ကျောင်းသားတွေကို လာအားပေးရင်း မိုးရွာထဲမှာ ငိုမိတာလဲ ဒီလှည်းတန်းလမ်းမကြီးပဲပေါ့။

ခုတော့ ညှော်နံ့တွေ ငါးကင်ဆိုင်တွေ မအေ နှမ သံတွေနဲ့ မွန်းကြပ်နေပြီလား ညီမရယ်..

Welcome said...

လှည်းတန်းလမ်းမဟာ မျက်စိအစာကြွေးဖို့ အခမ်းနားဆုံး နေရာဖြစ်တယ်။
လှည်းတန်းလမ်းမဟာ အချိန်ထိုင်ဖြုန်းဖို့ အကောင်းဆုံး နေရာ ဖြစ်တယ်။
လှည်းတန်းလမ်းမဟာ ကျွန်တော့်အတွက် မရှိမဖြစ် နေရာတစ်နေရာ ဖြစ်တယ်။

ATN said...

ကောင်းတယ် ငါ့ ညီမရေ့....

လှည်းတန်းလမ်းမဟာ ပညာသင်ကြားစရာ ကျူရှင်တွေနဲ့ တက်ကြွနေတယ်..

လှည်းတန်းလမ်းမဟာ ခေတ်မှီကုန်တိုက်ကြီးကြောင့် စည်ကားနေတယ်..

လှည်းတန်းလမ်းမဟာ လူငယ်များနှင့် အာပြည့်မာန်ပြည့်ရှိနေတယ်..

လှည်းတန်းလမ်းမဟာ ကားရောင်စုံတွေကြောင့် လှပနေတယ်..

လှည်းတန်းလမ်းမဟာ ပန်းသည်တွေကြောင့် မွှေးကြိုင်နေတယ်..

kwi kwi kwi ... :}

littlebrook said...

ဟားဟားဟား အမကေရဲ့ ကောမန့်က ရှယ်ပါလား
လှည်းတန်းလမ်းမပေါ် မယ်ရာသာရှိမနေရင်
ငါလည်း ရောက်မယ်မထင် .. :P

Andy said...

လှည်းတန်းလမ်းမဟာ မရောက်တာကြာသူတွေအတွက်
ဘာမှမသောက်ပဲ မူးစေတယ် :}

လှည်းတန်းလမ်းမကို မျက်စိထဲ ကွင်းကွင်းကွက်ကွက် မြင်သွားစေတဲ့ ကဗျာတပုဒ်ပါပဲ ညီမလေးရေ..
လှည်းတန်းလမ်းမမှာ ကဗ္မည်းထိုးထားခဲ့တဲ့ သမိုင်းတွေလည်း ရှိခဲ့တယ်......

လှည်တန်း လမ်းမအကြောင်း ဖတ်ရလို့ လှည်းတန်းဖက် လမ်းသလားချင်သား။ အခုတော့ အဟွန့်

လှည်းတန်း ကလက်ဖက်ရည်ဆိုင်မှာထိုင်ပီး ကောင်မလေးတွေကို ငေးရတာ မိုက်သဗျ...

ဒါနဲ့ လှည်းတန်းလမ်းမဟာ တိုက်ကြီး၊မှော်ဘီ၊ပဲခူးကားတွေနဲ့ ပြည့်ကြပ်နေတယ်။ ပဲခူးကားတွေ ရှိတော့လို့လားဗျ.. ကျတော်ကြားတာကတော့ ပဲခူးကားတွေ ဝင်လို့မရတော့ပါဘူးလေ.. သမိုင်းလမ်းဆုံထိပဲ ဝင်လို့ရတယ် ကြားတာပါ။ ဖြိုးတို့ ကြံတိုင်အောင်တို့ ကားကြီးတွေကတော့ ခိုးဝင်တဲ့ကား ဝင်သေးလားမသိဘူး။

mirror said...

msd,anonymous ... :)

အမကေ..သဘောကျတယ်။ကွန်မန့်ကို...

ကိုလင်းဒီပလဲ လှည်းတန်းလမ်းမပေါ်မှာ သမိုင်းတခုရေးထိုးခဲ့ဖူးတယ်ထင်ပါရဲ့..။
း)

မချိုသင်း စာလာဖတ်တာ ကျေးဇူးအထူးပါ အမရေ

ကိုဝင်းဇော်ပြောတာလဲ မှန်တာပဲ။ :)

အကိုကြီးအောင်သာငယ်ပြောတာလဲ မှန်တာပဲ။

ညီမလေးညီညီပြောတာလဲ မှန်တာပဲ။
ညည်းမျက်စိက အလှတရားကိုခံစားတတ်တယ်လေ။
နော်။

LB ... ခင်ဗျားယူလာတဲ့ အားအင်တွေမရှိရင်
မယ်ရာလဲ လှည်းတန်းလမ်းမမှာ မနေနိုင်လောက်တော့ဘူး... :)

အန်ဒီပြောတာလဲ အမှန်ပဲ
မူးတာမှ သုံးလေးပက်စာလောက်ကို မူးတာ။ :D

အကိုကြီးဆောင်းယွန်းလ၊ကိုပုလုကွေး...
စာလာဖတ်တာ ကျေးဇူးအထူးတင်ပါတယ်။
မှတ်ချက်။ကဗျာဆရာကြီးက ကဗျာလို့နာမည်တပ်ပေးခဲ့တယ် :)

လှည်းတန်းလမ်းမပေါ်မှာ ရင်ခုန်သံတချို့ လက်ဆောင်ရဖူးခဲ့တယ်။ ခုလိုပြန်မြင်ရတော့ ရင်ခုန်သံတောင် သစ်လွင်လာသလိုပဲ.....ကျေးဇူးပါ။
ps. စိတ်ကူးလေးကိုတော့ သဘောကျတယ်ဗျ..။

norman said...

လင်းဒီပ said...
“လမ်းတွေက သမိုင်းတွေကို ထမ်းထားတယ်..။”

သမိုင်းတွေက ရာဇ၀င်ကြွေးတွေကို သိမ်းဆည်းထားတယ်

Anonymous said...

အဟွင်း.. ဘောင်းဘီကြပ်ကြပ်နဲ့ကောင်လေးတွေကို သေချာလိုက်ကြည့်နေတယ်ထင်ပါ့။း)
ဒီမှာလည်း ယောက်ျားလေးငယ်ငယ်လေးတွေ တော်တော်ဝတ်ကြတယ်။
မကြေးမုံလုပ်မှပဲ လျှောက်နေကျ လှည်းတန်းလမ်းမကြီးကို ပြေးလွမ်းလိုက်တာ။

jr.lwinoo said...

လှည်းတန်းက မုန့်ဆိုင်တွေ လွမ်းတယ်။
း)

အဲဒီလှည်းတန်းလမ်းမကိုပဲ အချိန်တန်ရင် ချည်တိုင်ပြန်တတ်တဲ့ သတ္တဝါတကောင်လို ပြန်ပြန်လှည့်ချင်နေတော့တယ်...

းဝ)

Anonymous said...

လှည်းတန်းလမ်းမှာ ဝေ့၀ဲခဲ့ဖူးတယ်၊
ထူးအိမ်သင်ရဲ့ “မျှော်လင့်ခြင်းလမ်းမမှာ“ သီချင်းက စိတ်ထဲကို ရောက်လာတယ်။

ပြီးတော့ လင့်ခ်လည်းယူသွားပါတယ်။

ဟုတ်ပါ့ဗျာ ကောင်လေးတွေက ဘောင်းဘီ ကျပ်ကျပ်တွေ ဝတ်နေတယ်း)
ချက်ချင်းပဲ လှည်းတန်းလမ်းမကို ပြေးမြင်တယ်။
ညီ ပြောသလို ကျူရှင်တွေနဲ့လဲ တက်ကြွဖူးတာကိုး

WWKM said...

လှည်းတန်းလမ်းမဆိုတဲ့ ခေါင်းစဉ်လေးတွေ့လို့ ရောက်လာခဲ့တာပါ။
တက္ကသိုလ်တက်စဉ်က မကြာခဏလျှောက်ခဲ့ဖူးတဲ့လှည်တန်းလမ်းမမှာကြီးကို အလွမ်းပြေကြည့်သွားပါတယ်။။။

လှည်းတန်းလမ်းမကြီး၊ လှည်းတန်းအဆောင်၊ လှည်းတန်းဈေး၊ လှည်းတန်းအ၀ိုင်းကြီး စတဲ့ ဒီအမှတ်သညာလေးတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် (လေးခု)လွန်လောက်ကတည်းက တက္ကသီလာမြကျွန်းသာရဲ့ သမိုင်းကို ဖြည့်စွက်ပေးဖို့ ကိုယ်စီကိုယ်ငှ မငြီးမငြူ တာဝန်ကျေပြွန်စွာ ရေးနေဆဲပါ။ ငြိမ်းချမ်းလှပအောင်ပြုလုပ်သူတွေရဲ့ စာမျက်နှာတွေ အများကြီးရှိသလို အရုပ်ဆိုးအကျည်းတန်အောင်ပြုလုပ်သူတွေရဲ့စာမျက်နှာတွေလည်းရှိတာပါဘဲ။ ရာဇ၀င်တွင်မဲ့သူရဲကောင်းတွေရဲ့ ခြေချရာ၊ ဆုံစည်းရာ၊ တိုင်ပင်နှီးနှောရာ၊ ဆုံးဖြတ်ချက်ချရာနေရာတစ်ခုလည်း
ဖြစ်ပါတယ်။
ဒီလိုသမိုင်းအစဉ်အလာရှိတဲ့ လှည်းတန်းရဲ့ အခုလက်ရှိအခြေအနေ(စာမျက်နှာ)တွေကို ဖွင့်လှစ်ပြတဲ့ mirror “ကြေးမုံမှန်ချပ်” ကိုကျေးဇူးပါဘဲ။

အလွန်သဘောကျမိပါသည်ခင်ဗျာ။

Co2zeиith said...

သားကြီး
ဘယ်ရောက်နေမှန်းမသိတဲ့ အမေတစ်ယောက်
လှည်းတန်း မှာငိုနေတာတွေ့ရင် ဆင်တစ်ကောင် မိတော့မှာလို့ ပြောပေးနော်၊၊