Tuesday, November 10, 2009

မယ်ရာ - ဖိုးဒီဒေါ့နတ်

ပြောင်းမယ်၊မပြောင်းဘူးနဲ့ တနှစ်ကျော်အတွင်းမှာ ခဏခဏ စိတ်အပြောင်းအလဲ ဒိုမိန်းအပြောင်းအလဲ ကိစ္စက ခုတော့ပြောင်းဖြစ်သွားပြီ ဆိုပါတော့လေ။ အထဲက သူငယ်ချင်းတချို့လဲ ရေးတလှည့်၊ မရေးတလှည့် ဘလော့ကို အလွယ်တကူ လာလည်လို့ရသွားပြီ။ ကျမအတွက်တော့ ထုံးစံအတိုင်း ကျော်ခွရစမြဲပါပဲ၊ တကယ်လို့များ မကျော်ရဘဲနဲ့ ဘလော့စပေါ့တ်ကြီးဆီ ၀င်လို့ရမယ်ဆိုရင်တောင် ၀င်တတ်တော့မှာ မဟုတ်ဘူး။ တောသားမြို့ရောက်သလို ဖြစ်နေတော့မှာ...။ ကိုမိုးလှိုင်ည ဒိုမိန်းပြောင်းသွားတာကို အားကျပြီး ကိုမင်းယွန်းသစ် အကူအညီနဲ့ ပြောင်းဖြစ်ခဲ့တာပါ။ ကျေးဇူးပါ အကိုများ။

လောလောဆယ်ဆယ်မှာ ဘာစာမှ မရေးနိုင်ဘဲ ၊တပေါင်း တန်ခူးလဲ မဟုတ်ပါပဲနဲ့ လူရော၊နှလုံးသားရော ခြောက်ခမ်းနေတယ်။ တချို့လမ်းတွေကလဲ ဖုန်တထောင်းထောင်း ထနေတယ်။ သဲသဲကွဲကွဲမြင် ရလှတာ မဟုတ်ဘူး။ ဖုန်တွေဝင်တဲ့အခါကလဲ ရှိသေးတယ်။

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ...ဘလော့ကိုရော၊ စာရေးတာကိုရော ချစ်ခင်တွယ်တာပါတယ်။ ပြောစရာတောင် မလိုဘူး ထင်တာပဲနော်။ အကိုတွေ၊ အမတွေ၊ မိတ်ဆွေတွေဆီ အမြဲရောက်ဖြစ်တယ်။ ဒါမယ့် ဘာဖြစ်တယ် မသိဘူးဗျာ။
အသံမထွက်ချင်တဲ့ အပျင်းရောဂါရနေတယ်။.....။

မှတ်ချက်။ ။ ချစ်သော အကိုကြီး ကိုအောင်သာငယ့်အတွက် တဂ်ပိုစ့်လဲ ရေးပေးပါ့မယ်လို့ တလက်စထဲ တောင်းပန်လိုက်ပါရစေ အကိုကြီးရေ....။(ကိုယ့်တုန်းက အလိုက်ကမ်းဆိုးမသိ ရေးခိုင်းခဲ့တုန်းတာ...:D)

မိတ်ဆွေကြီးငယ်၊ရွယ်လတ် အားလုံးကို လေးစားခင်မင်လျက်...


7 Responses to “မယ်ရာ - ဖိုးဒီဒေါ့နတ်”

အပျင်းရောဂါက ဘယ်လိုဘယ်ကြောင့်စွဲကပ်နေတာလဲ ညီမလေးရေ...

အပျင်းရောဂါက ဘယ်လိုဘယ်ကြောင့်စွဲကပ်နေတာလဲ ညီမလေးရေ...

kay said...

အပျင်းရောဂါ စွဲကပ်လာ..မြန်စွာကုဖို့ပင်..
တဲ့..
ကဗျာရှိတယ်။
ဘာမှလဲ မရေးပဲ..ဒိုမိန်းတွေ လျှောက်ပြောင်းနေတယ်...
း)

mirror said...

အကိုဆောင်းရေ...ပျင်းရင်းကနေ အပျင်းရောဂါကပ်လာတာပဲ...။ခုတော့ ဘလော့အတွက်တဖန် ရှင်သန်ခဲ့ပြီပေါ့ :)

အမ ကေ..ဒိုမိန်းက ရေးနေတုန်းကပြောင်းထားတာ။
လွန်ခဲ့တဲ့ ၂ လခွဲလောက်ထဲက။ခုမှ မရေးတော့မှ ရတာ :)

littlebrook said...

ဒါ အဆင့်မြင့်လာတဲ့ သဘောတရားကို ပြတာ ..
ပြီးရင် ငြီးငွေ့စိတ်ကုန်ပြီး ခေါင်းတုံးလေးတုံးပီး .. မယ်သီလရှင် ၀တ်တော့မယ်း)

Welcome said...

လန်းတယ် သယ်ချင်း

အပျင်းမဖက်ဘဲ
ပျော်ရွှင်စွာနဲ့
အမြဲ blogging နိုင်စေသား

ဒါဆို မကျော်ရ မခွရတော့ဘူးပေါ့း)