Wednesday, September 23, 2009

ဆိုနေမယ် ခပ်တိုးတိုးလေးပဲ

ဒီနေ့ ငါလေ ကျဆုံးခြင်း၊ပြန်မဆုံနိုင်တဲ့ချစ်ခြင်း နှုတ်ဆက်ခြင်းရဲ့ သီချင်း ကိုခပ်တိုးတိုးလေး ညည်းချင်ရဲ့ကွယ်။

+++++++++++++++++++++++++

နာနတ်တော ဂုံးကျော် တံတားလေးအဆင်းမှာ အရင်တုန်းက သူတို့ကျက်စားခဲ့ဖူးတဲ့ အိမ်လေးတလုံး ရှိခဲ့ဖူးရဲ့။ မိုင်တွေ ဘယ်လောက်ဝေးဝေး၊ ဘယ်လိုပင်ပန်းနေပါစေ။ ညနေစောင်းပြီးဆိုရင် အဲ့ဒိအိမ်လေးကို ရောက်သွားကြစမြဲ။ မတီးတတ်၊ တီးတတ်နဲ့ ဂစ်တာ တဒေါင်ဒေါင်လဲ ခေါက်ခဲ့ကြသေးတာပဲ။
"အမေ့လက်ရာ" ငါးပိထောင်းလေးနဲ့ သံပုရာသီးလေး ညှစ်ပြီး "ညစာ" ဖြစ်ခဲ့ကြတာပဲ။ လက်ထဲမှာ ငွေယားလေး ရွှင်တဲ့အခါဆိုရင်တော့ လှည်းတန်းဘက် သွားကြတာပေါ့။ မက်စ်ဘာဂါကို အကောင်းဆုံး စာရင်းသွင်းပြီး စားလဲစား၊ ဆိုလဲဆိုပေါ့လေ။

"အဖြူစင်ခဲ့ဆုံး၊ မေတ္တာတရားနဲ့ နှလုံးသားနုနု အပျံသင်ခါစအရွယ်၊ပုံပြင်ဟောင်းလေးတပုဒ် ရင်မှာရှိခဲ့တယ်။ လွယ်အိတ်တလုံး ပုခုံးထက်မှာ အပျော်ဆုံး ကျောင်းတက်ချိန်... ငါတို့ ကျောင်းသားဘ၀" ပေါ့လေ။

အချိန်ကာလ အပိုင်းအခြားတခုမှာ လူတယောက်ဟာ ပုတ်သင်ညိုတကောင်လိုပဲ အရောင်တွေ ပြောင်းလဲသွားခဲ့တယ်။ အရေခွံအသစ်နဲ့။ ရုပ်ကိုက။

" အရင်ကလို တို့နှလုံးသား ရင်ခုံသံကြားဖို့အားရဲ့လား "
လို့ ကိုယ့်နှလုံးသားကို ကိုယ်ပြန်ဆန်းစစ်မိ။
အမှား၊အမှန်ခွဲခြားဖို့ခက်တဲ့ မျှော်လင့်ချက် အရှည်ကြီးတွေနဲ့ ကမောက်ကမ ခေတ်ထဲမှာ အဆူခက်၊အနပ်ခက်နဲ့ လူတယောက်။ "အိပ်မက်တွေ တခုပြီးတခု လူကိုအဝေးကမျှားလို့ရယ် "ကွယ်။

ထီးတွေလဲဖြူ ဖိနပ်တွေလဲ ပါး။ "ရုပ်ဝတ္ထုတို့ဆီ လိုက်ရင်းပြေးရင်း ဖိနပ်လဲပါးတော့မယ်.."

ဟေ့ ဒီမှာ.. မာနကတော့ တပြားသားမှ မလျှော့ဘူး။ သူ့မာနတွေကို သူအရောင်တင်တယ်။သူ့ဒဏ်ရာကို မကုစားပဲ နာကျင်မှုကို အရသာခံနေမိသေးတယ်။ " ပိုက်ဆံတပြားမှ မရှိလည်း သူက သိက္ခာရှိချင်သေးသတဲ့ အမေ့ရဲ့ ဒုက္ခအိုးလေးပေါ့.." အမေ့ရဲ့ ဒုက္ခအိုး ၊ပြီးတော့ သူရဲ့ ဒုက္ခအိုး။ သူမရှိရင် မနေတတ်ဘူး။

တွေဝေခြင်းတွေနဲ့ လုံးထွေး သတ်ပုတ်နေတဲ့သူ၊ သေချာရေရာမှုတွေကို မုန်းတတ်တဲ့ သူ၊ ကိုယ့်ကိုကိုယ် အထင်ကြီးပြီး အမေရဲ့ အဝေးမှာ ရောက်နေရတဲ့သူ.......

"မေမေ နေကောင်းလား မေမေ"


" ဆင်လိုလို၊သမင်လိုလို လူတွေကြားထဲ ကျားရဲဖြစ်မှ ရှင်နိုင်မယ်.."
ကျားရဲမဖြစ်သေးရင်တောင် သူဟာဖြူစင်တဲ့ ယုန်သူငယ်လေးတကောင် မဟုတ်တော့တာ အသေအချာ။

"တယောက်ထဲ ခရီးဆက်လိုက်၊တယောက်ထဲ အဆုံးထိ၊အားတင်းရင်ဆိုင်နေလိုက်....."
တယောက်ထဲ ဆက်ရမယ့်ခရီးတွေမှာ "ဘယ်ရင်ခွင်ဟာ အလုံခြုံဆုံးလဲ၊ဘယ်ရင်ခွင်ကို ရည်ရွယ်ထား" လို့ အော်ဆိုပစ်လိုက်တယ်..။ ကဲ ..။


++++++++++++++++++++++++


ညနေ စောင်းလာပြီ။ မကြာခင် အမှောင်လာတော့မယ်။ အမှောင်ဟာမလုံခြုံဘူး။ ကိုယ့်လုံခြုံမှုဟာ ကိုယ့်ထိန်းသိမ်းမှု ဖြစ်တယ်။ သူအပြန်လမ်းက မှိုင်းပြပြ။



++++++++++++++++++++++++


ဆက်ဆိုဖို့ တောင်းဆိုချင်တဲ့သူတွေက

၁။ အန်ဒီ
၂။ ကိုဖုန်းမြင့်
၃။ အဆိုတော် အကိုကြီး ကိုအောင်သာငယ်
၎။ ကြားရခဲစွာ၊ပြီးတော့ စိန်ပန်းနဲ့ ကံ့ကော်တွေဝေနေတဲ့ မကေ

ဖြစ်တယ်မလား။အားရင် ရေးပေးကြဗျာ။

မိညီမလေး တက်ဂ်တဲ့ ဆိုညဉ်းဖြစ်သောသီချင်းများ ဆိုတဲ့ တက်ဂ်ပိုစ့်ဖြစ်ပြီး အော်ပဲ ဆိုဆို၊ တိုးတိုးလေးပဲ ဆိုဆိုပေါ့။


21 Responses to “ဆိုနေမယ် ခပ်တိုးတိုးလေးပဲ”

ငါနဲ့ငါကြား ဗျာများနေဆဲ... ငါ.... ......

ဘာလို့အကုန်လာတူနေကြတာလဲ.....

တက်ပါတက်လိုက်သေးတယ်။

:{

waimon said...

တမ်းတ...ဟိုးတစ်ချိန်ကဘ၀များ...တကယ်ကိုငါတမ်းတ..ပြန်မရနိုင်တော့ပါလားးး

emayarKhin said...

ကြေးမုံရဲ့..ခပ်တိုးတိုးလေးဆို
ထားတဲ့သီချင်းလေးတွေကို...
ခပ်ဖွဖွလေးနားထောင်သွားရင်း
ကြိုက်မိပါရဲ့ကွယ်....

ATN said...

နေပါဦး... ဘယ့်နှာ အကိုက အဆိုတော် ဖြစ်သွားရသလဲ... မိုးကြိုးတွေ ပစ်တော့မယ်...

ဆိုပါ ဆိုတော့လည်း ခပ်တိုးတိုးပဲ ဆိုရတော့မှာပေါ့ ... အဲလိုလား....

ဟေ့... မဆိုရရင်လည်းနေ... အော်ဆိုမှာ... အော်ဆိုရမှ ... ဆိုမယ်...

ဒါနဲ့ နေပါဦး.. ဘာတွေ အော်ဆိုရမလဲ ... အင်း... စဉ်းစားလိုက်ဦးမယ်...း)

ကိုယ်ကြိုက်တဲ့သီချင်းတွေချည်းပါလား...
ရုပ်ဝတ္တုတို့ဆီလိုက်ရင်း ပြေးရင်း ဖိနပ်လည်းပါးတော့မယ်ဆိုတဲ့ ရောင်ရဲ့စို့ သီချင်းလေး....အလကားနေရင်း ဆိုညည်းဖြစ်နေတယ်...။

အရင်ကလို တို့နှလုံးသား ရင်ခုန်သံ ကြားဖို့ အားရဲ့လား....

ကိုယ့်ကိုယ်ကိုတောင် ရဲရဲတင်းတင်း မမေးရဲတဲ့အဖြစ်....

Anonymous said...

ငါ့ညီမတိုးတိုးလေးဆိုတဲ့ သီချင်းသံ အမ ကြားလိုက်တယ်...း)

kay said...

အဲ..ဘာကို ရေးခိုင်းတာလဲ.. ဒုတ်ခပဲ..
သီချင်းတိုးတိုးလေး ဆိုပြရမှာလား..
အကျယ်ကြီးပဲ ဆိုတတ်တယ်..

ဘလော့ နားလိုက်အုံးမယ်လေ.. အဲလို မနောက်နဲ့..ပြောထားပီးသား..

ညနေစောင်းလာပြီ။မကြာခင်အမှောင်လာတော့မယ်။အမှောင်ဟာမလုံခြုံဘူး။ကိုယ့်လုံခြုံမှုဟာကိုယ့်ထိန်းသိမ်းမှု ဖြစ်တယ်။သူအပြန်လမ်းက မှိုင်းပြပြ။
( အဲဒါလေးတော့..လွှတ်ကြိုက်.. ပြီးမှပြန်ဆွဲ ကြိုးချည်ထားလိုက်..)း))

MANORHARY said...

သီချင်းတွေအားလုံးးးး
အဓိပ္ပာယ်များစွာသယ်ဆောင်လာခဲ့
လေးလံစွာ...........

littlebrook said...

လေနှင်ရာလွင့်ခဲ့ တိမ်တိုက်တစ်ခုပါပဲကွယ်
ဘယ်ကိုသွားမလဲ အတိအကျမသိတဲ့ ခရီးသည်တစ်ဦးရဲ့
ညနေများ ...... ...

mirror said...

မိညီမ..ဒီချိန်မှာ ဒါတွေထဲက မထွက်နိုင်သေးလို့
ဒါတွေပဲ ရှိနေတယ်ကွယ်။

မောင်အန်ဒီ...ရေးပါ။ရေးပါ။

သယ်ရင်း..း)

အမရာ ကျေးဇူး။

အကိုကြီးကိုအောင်သာငယ်..ဘိုလိုလဲဖြစ်ဖြစ်ပါ။
အော်ချင်လဲ အော်သာအော်ဗျာ။ပေါက်ကွဲပြလိုက်..:)

ကဗျာဆရာကိုလင်းဒီပ ရဲရဲကြီးမေးလိုက်စမ်းဘာ..)))

အနောနိမတ်စ်က မမီးငယ်လားမသိ။ကျေးဇူးပါနော်။

အမကေ..နားမယ်ဆိုလဲ သီချင်းလေးနဲ့ နှုတ်ဆက်ရင်းနားပါလား အမရယ်..။နော်။နော်..။

အမနော် စပ်ခဲ့တာ ကဗျာလား။သိပ်မိုက်။
အမ က အမြဲအဲ့လို။...။ကျေးဇူး။

အဲ့လိုညနေတွေမြန်မြန်ကုန်ဆုံးချင်ပြီ LB ရေ့..

လာလည်သူများ။ကွန်မန့်ချန်ခဲ့သူများ အားလုံးကို
ကျေးဇူးအထူးပါ။

ThuHninSee said...

(၁)
သူပျော်တာအမြဲတွေ့ချင်သည်။
အလှမ်းဝေးတဲ့ ပန်းလေးမြနှင်းဆီ....

(၂)
မိုးတွေကြွေနေတဲ့ မေ၃၁
ကိုယ့်စိတ်တွေလေနေတဲ့ မေ၃၁
ကိုယ့်ရင်ထဲကို ဘယ်သူဝင်ပြီးတော့ ခံစားနိုင်မလဲ။

(၃)လန့်နိုးလဲ ချစ်ဆဲပဲ၊ အိပ်မက်ထဲက မင်းသမီးရယ်၊
ဒီဘ၀မှ နောင်ဘ၀ထိ ကိုယ်လေ ဆက်ချစ်တော့မယ်ကွယ်၊

(၄)စိတ်ကူးယဉ် အတွေးထဲမှာတော့
ပြေလည်လိုက်တာ
သူ..ကျွန်တော့ကိုချစ်လိုက်ပုံများ
နှိုင်းရက်စရာ ဘာမှမရှိအောင်
အပြင်က လက်တွေ့ဘ၀မှာ
အိပ်မက်ဟာ တကယ်ဖြစ်မလာ

(၅) တယ်လီဖုန်း မင်းဆက်လိုက်တယ်လို့
အိမ်ကလူတွေ ကိုယ့်ကို ပြန်ပြောပြတယ်
အချစ်ရယ် မတွေ့လိုက်တာနာတယ်
ကိုယ့်ကိုယ်ကို ဒေါသတွေ ထွက်သွား

(၆)အချစ်ကိုယုံကြည်ခြင်း၊ ဘ၀ကိုကျေနပ်ခြင်း၊
မျှော်လင့်ရင်းနှစ်သိမ့်ကြမယ်၊ တို့နှစ်ယောက်ရဲ့အိမ်ယာ။

(၇) မကြားလိုပါ.. သတ်လိုလျှင် သတ်ပါစေတော့..

မန့်လိုက်ရင်း ဆိုမိတာ ..မဆုံးတဲ့သီချင်းတွေ။

ခပ်တိုးတိုးလေး ဆိုညဉ်းတတ်တဲ့ သီချင်းတွေက
ရင်ဘတ်ထဲမှာ ကျယ်ကျယ်လောင်လောင်ပါပဲ ညီမလေးရေ...
ဘာသီချင်းမှမညဉ်းဖြစ်တာ ကြာပြီ

စိတ္တဇညများ ကုန်ဆုံးလွန်မြောက်ပါစေကွယ်...

ATN said...

ရေးပြီးသွားပြီနော်...
ခုက မရေးချင်ပဲ ရေးပေးလိုက်တာ...
ငါ့ ညီမလေးမိုလို့..
နောက်ဆို ရေးစေချင်ရင် အရင်မေးဦး...

Anonymous said...

တယ်ဟုတ်..

jr.lwinoo said...

တိုးတိုးလေးဆိုတဲ့ သီချင်းတွေ ကျွန်မရင်ထဲ ကျယ်ကျယ်လောင်လောင်လာမြည်တယ်။း)

သီချင်းလေးတွေ တိုးတိုးလေးညည်းတာကို လာရောက်ချောင်းကြည့်သွားတယ်..

တိုးတိုးလေးပေမယ့် မရိုးပါဘူးကွယ်...
ရင်ထဲထိ ရောက်တယ်... :)

kay said...

ဟေး- တပုဒ်တော့..တိုးတိုးလေး ဆိုထားပြီနော်..
တကယ်တော့..တောက်လျှောက် ဆိုပြနေတာပါလေ..
ု..အဲဒီ ဟာကိုပဲ ယူလိုက်တော့နော်..ငါ့ညီမ..း))