Thursday, September 17, 2009

တစ်နှစ်ပြည့်ခဲ့ပြီ

တစ်နှစ်ပြည့်ပြီ ဆိုသော်ငြား မနှစ်က ဘယ်နှစ်ရက်နေ့က စခဲ့တာပါလို့ မပြောနိုင်ပါ။

တကယ်တော့ သူများတကာတွေလို ဒီနေ့ ဘယ်နှစ်ရက်နေ့မှာ ဘလော့ တနှစ်ပြည့်ပါပြီလို့ ပြောချင်တာ။ ဒါမယ့် ဘယ်နေ့လဲဆိုတာ မမှတ်မိတော့ပါ။ မနှစ်က သြဂုတ်လမှာ စတင်ပြီး ဘလော့ဂင်းခဲ့ပေမယ့် အဲ့ဒီ ပထမသမီးလေးခမျာ စကားဝှက်ပျောက်ပြီး ချွတ်ချော် တိမ်းပါးသွားခဲ့သည်။ ခု ရှင်သန်နေတဲ့ ဒီဘလော့က ဒုတိယသမီးဖြစ်သည်။ ဆိုတော့....... ဒုတိယဘလော့ဖြစ်တည်ခဲ့တဲ့ ဒီလ စက်တင်ဘာကိုပဲ နှစ်ပတ်လည် သတ်မှတ်လိုက်သည်။

ဆက်လက် ဘလော့ဂင်းနေဦးမည်ဟု ကိုယ့်ကိုယ် ကိုယ်ရော၊မိတ်ဆွေများကိုပါ ကတိက၀တ် ပြုလိုပါသည်။

16 Responses to “တစ်နှစ်ပြည့်ခဲ့ပြီ”

ThuHninSee said...

ဝမ်းသာပါသည်။ ဆက်လက်ဖက်ပါအုံးမည်။

မွေးလတူတွေး)

Anonymous said...

တစ်နှစ်ပြည့်တွေ များလှပါပကောလား လှည်းတန်းက ကြက်တောင်ပံကင်နဲ့ ကြံရည်လေးများ မတိုက်ချင်ဘူးလားဗျာ

Mirror said...

မသု..:)

ညီ စက်တင်ဘာ ညီအစ်မတွေပေါ့လေ..။ကိုလင်းဒီပကြီးနဲ့ဆို
မောင်နှမတွေပေါ့.

ကိုရွာသား ပြန်သာလာခဲ့စမ်းပါဗျ..။ကြံရည်က ဒီချိန်ဘယ်လာရ..။

တစ်လတည်းမွေးတဲ့ ဘလောဂ့်တွေ...
ပျော်ပျော် ရွှင်ရွှင် ဆက် ဘလောဂ့်ကြပါစို့လေ...မောင်နှမတတွေ...။

yangonthar said...

တစ်နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင် အောင်မြင်မှုတွေနဲ့ ဘလောဂင် နိုင်ပါစေဗျာ
ခင်မင်လျှက်
ရန်ကုန်သား
အေးမြသာယာရှိပါစေ :))))

MANORHARY said...

တစ်လတည်းမွေးကြသူများ..း)
တစ်နှစ်ပြည့်မှသည် စိတ်ရှိသောနှစ်များစွာတိုင်
တွေးမိသမျှကို လွတ်လပ်စွာ ကြည်လင်စွာ
စိတ်၏အနှောင်အဖွဲ့ကင်းစွာ ရေးနိုင်ပါစေ

တစ်နှစ်ပြည့်ကနေ နောင် နှစ်ပေါင်းများစွာ ရေးနိုင်ပါစေ။

ATN said...

သည်တခါတော့ စကားဝှက် မပျောက်စေနဲ့တော့ ငါ့ညီမ...
တနှစ်ပြည့်မှသည် နောင် နှစ်ပေါင်းများစွာတိုင်သည်အထိ ဆက်လက်ရှိနေမယ့် သည်ဘလော့လေးကို အမြဲ အားပေးနေမယ်...
အကိုကြီး
ATN

khin oo may said...

အားပေးနေတယ။်

တနှစ်ပြည့်ဘီဆိုတော့ happy anniversay ပါ။
း)

တစ်နှစ်မှသည် နှစ်ပေါင်းများစွာ အဓွန့်ရှည်ပါစေဗျာ၊
အားပေးလျက်ပါ။

ဆက်လက်ဘလော့ဂင်းနိုင်ပါစေညီမလေးရေ
တနှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာအထိ ဆက်လက်တည်တံ့နိုင်ပါစေ

အကိုတော့ ဘလော့ရေးရတာ စိတ်သိပ်မပါတော့သလိုခံစားနေရတယ်
ပြောရမယ်ဆိုရင်တော့ စိတ်တွေလေနေတယ်
ဘလော့ရေးခြင်းနားရင်ကောင်းမလားလို့ စဉ်းစားနေတာ
တော်တော်ကြာပြီ

September နှစ်ပတ်လည် နဲ့ Blog နှစ်ပတ်လည် ပေါင်းလုပ်တာ ထင်တယ် ဟီးးး

littlebrook said...

ဘလော့ဂ်ဂါဘ၀မှ ပထမဆုံးသူငယ်ချင်းလေးသို့ ဘာမှပြောမနေတော့ဘူး ၀မ်းသာတယ် တွေ့ရ မြင်ရ ခင်ရတာ...

Anonymous said...

ဘလော့ ကနေ ခင်မင်ရင်းနှီး ရတာ ဆိုတော့ ဒီဘလော့ လေး ဆက်ပြီး ရှင်သန်နိုင်ပါစေ...ဘလော့ဂါ ကြီးလည်း
အမြဲတမ်း အဆင်ပြေ ပါစေနော်...

ချစ်ခင်တဲ့ အမ mie nge