Wednesday, November 26, 2008

ခရီးသွားတုန်းက ဓာတ်ပုံများ

ကျမဓာတ်ပုံတွေ တစ်လှေကြီးတင်ပါဦးမယ်.....သည်းခံပြီးတော့သာ ကြည့်ရှုကြပါကုန်......။
ဆက်လက်ကြိုးစားပါဦးမည်။

ကျမမှာစာပေ၀မ်းစာ၊အတွေ့အကြုံ ၀မ်းစာတွေပြည့်လာခဲ့ရင်ဖြင့် Documentary လေး တွေရေးဖို့လဲ အိပ်မက် မက် ထားပါတယ်...။

























တောင်ကြီးမြို့ပုံပါ၊တောင်ချွန်းလို့ သူတို့ခေါ်ကြတဲ့နေရာကနေ သွားရိုက်ထားတာပါ၊
ကျမမြင်ဖူးနေကျ တခြားတောင်ကြီးမြို့ပုံတွေလောက်တော့ အဆင်မပြေဘူး၊:((((
ဒါတောင်ကြိုးစားပမ်းစားရိုက်ထားရတာ.... 10 ပုံလောက်ထဲကမှ အဆင်ပြေဆုံးလို့ထင်တာကိုရွေးတင်လိုက်တာ။


















အင်းလေးဒေသ...ရွာလေးတစ်ရွာ...။



















ဒါလေးမပါရင် အင်းလေးအလှဘယ်ပြည့်စုံမလဲ..........။



















အင်းလေးရဲ့ ညနေဘက်ရှုခင်းပါ၊သဘာဝအလင်းရောင် အတိုင်းရိုက်ခဲ့တာ။ ကိုယ့်ငါးချဉ်ကိုယ်ချဉ်တယ်ပဲ ပြောပြော ကျမမှာသာကိုယ်ပိုင်ကွန်ပြူတာရှိခဲ့ရင် ဒါလေးကို desktop ပေါ်မှာတင်ထားမယ်..စိတ်ကူးတယ်။




















အင်းလေးက ထမင်းဆိုင်တစ်ဆိုင်ကို လာစား၊လာနားတဲ့လှေတွေကို ဘေးကနေ အတင်းတွန်းထိုးရောင်းနေတဲ့ ဈေးသည်တွေ....။လှေဆရာက စိတ်ကောင်းလို့ အရှိန်လျှော့ပေးရင်တော့ သူတို့ပစ္စည်းရောင်းရဖို့ မျှော်လင့်လို့ရတယ်။ဒီထဲကပုံကတော့ ရောင်းရမယ့်ပုံမမြင်ဘူး။




















ဒီနေရာမှာပဲရေခပ်၊ဒီနေရာမှာပဲ ရေချိုး..................။




















အံ့သြဘနန်းပဲ မြင်မြင်ချင်းမှာ ကျမစိတ်ထဲဖြစ်သွားတာ။ရေတွေပဲရှိပြီး မြေရယ်လို့ပြောစမှတ်လောက်သာရှိတဲ့ အင်းလေးကန်ထဲမှာလဲအဘတို့အတွက် ဒီလိုနေရာရှိတယ်....။ဘုရားလာဖူးရင် ဆင်းဖို့ ကွင်းတဲ့..။



ဖောင်တော်ဦးမြတ်စွာဘုရား၊..မိန်းကလေးမတက်ရဆိုလို့ အဲ့ဒိမှာတွေ့တဲ့ ဆံပင်ရှည်ရှည်နဲ့ အစ်ကိုကြီးတစ်ယောက်ကို ရိုက်ခိုင်းလိုက်တာ။ကောင်းလိုက်တဲ့ ဒေါင့်လေးတွေ....။

+++++++++++++++++++++

တောင်ကြီးမီးပုံပျံပွဲ သို့မဟုတ် ကောင်းကင်ထက်ကအနုပညာ




















တောင်ကြီးမှာသာတဲ့လ...။

ညသည်မိန်းမတစ်ယောက်၏ မျက်ရည်ကိုကြွေအောင်ချွေတတ်သည့် အထူးကာလဖြစ်ပါသလား တဲ့။ဂျူးပြောဖူးတာ။




















ညမီးကျီးလို့ခေါ်တဲ့ မီးပုံးပျံဖြစ်လာဖို့ သူတို့အလုပ်ရုံကိုကျမသွားစပ်စုခဲ့တယ်..။အားနာတာနဲ့ ဓာတ်ပုံတော့ မရိုက်ခဲ့ဖြစ်ဘူး၊ညဘက်မီးပုံးပျံကိုကြည့်တာထက် သူတို့လုပ်နေတာကိုတွေ့မှ သူတို့ရိုးရာ၊ သူတို့ ၀ါသနာ၊ သူတို့အနုပညာကို လေးနက်စွာခံစားရစေပါတယ်...။






















မှိုင်းခံနေတာတဲ့။ကျမတို့ကတော့ အဲ့လိုမှိုင်းခံနေတဲ့ အချိန်ပဲအနားသွားကြည့်ရဲတယ်...။မီးပုံးပျံက ရုန်းနေပြီဆိုတာနဲ့ အဝေးကြီးရောက်အောင် လှည့်ပြန်ပြေးတော့တာပါပဲ...။တစ်ချို့အလုံးတွေက အောက်မှာတင်ပေါက်တတ်တယ်လေ..။



















ညဘက်မြင်ရတဲ့ မီးပုံးပျံအလှပေါ့၊သူတို့တွေလဲ တိုက်ရိုက်တင်တယ်ကြားတယ်...။ဒါကြောင့် ဒီမီးပုံးပျံတွေလွှတ်တာကိုတော့ သိပ်မရိုက်ဖြစ်လိုက်ပဲ သူတို့ရဲ့ကောင်းကင်ထက်ကအနုပညာကိုရင်ဘတ်နဲ့ပဲ
တစ်ဝကြီးခံစားခဲ့ပါတယ်...။
























ဒီလိုအောက်မှာတင်ပေါက်သွားတဲ့အခါကျရင်တော့ သူတို့တွေမြေကြီးမှာတင် လူးလိမ့်ငိုနေကြတယ်တဲ့။
အိုးစည်တော့ အတီးမပျက်ဘူး။



















ဒါက စိန်နားပန်အမျိုးအစားတဲ့၊မြင်းကျားဆိုတဲ့ စိုက်ပျိုးရေးသုံးဓာတ်မြေသြဇာက စပွန်ဆာလို့ထင်တယ်...။
မီးပုံလေးတွေကိုပဲ ကောင်းကင်မှာဒီလိုပေါ်လာတဲ့အထိ သူတို့ဘယ်လောက်ကြိုးစားရမလဲ။
ဘယ်လောက်ညီညွတ်ရလိမ့်မလဲ။။။




































တောင်ကြီးမှာနေခဲ့တဲ့ တစ်လျောက်လုံး ဒီတစ်နေ့တော့ ရှမ်းဝတ်စုံလေးတွေနဲ့ ကောင်မလေး၊ကောင်လေးတွေကို တွေ့ခွင့်ရခဲ့တယ်။



















ရန်ကုန်ကို အပြန်လမ်းမှာ ရိုက်ခဲ့တာ...အမေ့ကိုပြဖို့...နေပြည်တော်ဆိုတာ သူသိရအောင်....




















ကျမရဲ့ချစ်လှစွာသော တူမလေးနဲ့ သူ့အစ်ကိုတစ်ဝမ်းကွဲရဲ့ပုံပါ၊တောင်ချွန်းပေါ်မှာတုန်းက ရိုက်ပေးတာ။


စိတ်ရှည်စွာ ကြည့်ပေးကြသော အစ်ကို၊အစ်မများအားကျေးဇူးအထူးတင်ရှိပါသည်။

14 Responses to “ခရီးသွားတုန်းက ဓာတ်ပုံများ”

:P said...

ဓါတ်ပုံတွေက လှပါတယ်ဝေ့...
မလှဘူး ဘယ်သူပြောသလဲ....
အင်းလေးပုံတွေ ကော်ပီယူထားလိုက်ပြီ...
ဒုတိယပုံကို အကြိုက်ဆုံးး
အောက်ဆုံးက ကလေးမလေး ၂ ယောက်ထင်နေတာ
စာဖတ်ပြီး သေချာကြည့်မှ အနီလေးက ယောက်ျားလေးမှန်းသတိထားမိတယ်...ဟဲ

Anonymous said...

တောင်ကြီးကိုလွမ်းတယ်ဗျာ

Anonymous said...

ကိုယ်တိုင်ရောက်သွားသလိုပါဘဲ၊ ဓာတ်ပုံတွေက အသက်ဝင်တယ် ၊ ရိုက်ထားတဲ့ အယူအဆအရမ်းကောင်းတယ်၊ မျှဝေပေးတာ ကျေးဇူပါ ကြေးမုံလေးရေ

Anonymous said...

ဓါတ်ပုံလေးတွေ စိတ်ဝင်စားတယ်၊ နောက်မှ ခွင့်တောင်းပြီး ယူသုံးဦးမယ်၊ ပုံရိပ်က ခရီးယာယီ များနေတာကိုး.....။

ဓါတ်ပုံလေးတွေ ကြည့်ရလို့ ကျေးဇူးပါ ညီမရေ။

အင်းလေးဖေါင်တော်ဦးဘုရားရုပ်ပွားတော် ငါးဆူ ကို
ဖူးတွေ့ရတာ ၊

ကမ္ဘောဇ ရဲ့ မြို့ တော်နဲ့ ရိုးရာ မီးပုံးပျံပွဲ ကိုဝေမျှ ပေးတာ ကျေးဇူးကမ္ဘာပါ ဗျား ။

လွမ်းလိုက်တာဗျား..... ဟူး
ကျနော်က ကမ္ဘောဇ မြေကိုလွမ်းနေတဲ့သူပါ ။

အင်းလေးဖေါင်တော်ဦးဘုရားရုပ်ပွားတော်ငါးဆူ ကို ကူးယူခွှင့်ပြုပါနော် ။

ကျေးဇူးတင်လျှက် ........

ညီမလေးရေဓာတ်ပုံလေးတွေအတွက်ကျေးဇူးတင်ပါတယ်.ရှုခင်းလေးတွေကသာယာလှပပါတယ်.ကိုယ်တိုင်မရောက်ဖူးပေမယ့်အခုလိုဓာတ်ပုံလေးတွေကို
ကြည့်ရတာကိုဘဲကိုယ်တိုင်ရောက်နေသလိုခံစားရပါ
တယ်.

မှိုင်းပြပြ ရှမ်းတောင်တန်း
အမြင်ဆန်းပေမယ့် မလှမ်းဝန့်သာ။

ကျနော်ရေးခဲ့တဲ့ ကဗျာပိုဒ်လေးပါ။ ဝေးကွားခဲ့တာ နှစ် ၂၀ ခေတ်ကြီးကိုက ဆိုးတာပါ။ ခုလို လွမ်းမောဘွယ်တွေ မြင်ရတော့ ရင်ဘတ်ကြီးကိုမော့ပြီး အင်း ....ဆို သက်ပြင်းကြီးနဲ့ ကိုယ့်ကိုကိုယ် ပြန်ချော့လိုက်ရတယ်

Unknown said...

ဓါတ်ပုံတွေ ကြည့်သွားပါတယ်။တော်တော် လှ တဲ့ မြို့လေးဘဲ။

အမရယ် ဓါတ်ပုံတွေ ကြည့်ပြီး အရမ်းလွမ်းတာပဲ... ချက်ချင်းတောင် အင်းလေးပုံတွေ ကြည့်ပြီး ချက်ချင်းတောင် ထပြန်ချင်စိတ်တွေ ပေါက်လာမိတယ်... ကျေးဇူးတင်ပါတယ် အမ

Mirror said...

ဟုတ်ကဲ့
ကျမကိုခုလို ချီးမြှင့်ကြတာ အထူးကျေးဇူးတင်ကြောင်းပါ...
အစ်ကို၊အစ်မတို့ရဲ့ စကားလုံးတိုင်းဟာ
ကျမအတွက်....ရှေ့ဆက်ဖို့ အင်အားပါတဲ့ ခြေလှမ်းများကိုဖြစ်စေပါတယ်....
အားလုံးကိုကျေးဇူးတင်တယ်

Anonymous said...

အင်းလေး ရောက်ခဲ့တာကို ငါလည်း အရမ်းရောက်ဖူးချင်တာ ဘယ်တော့များမှ သွားရမှာ ပါလိမ့်နော်း)

ATN said...

1984 ဘူမိကွင်းဆင်းတုန်းက တောင်ကြီးရောက်ခဲ့ဖူးတယ်...
အင်းလေးတော့ မရောက်လိုက်ရဘူး...
ရွှေမန်းသန်းနိုင်ဆပ်ကပ်အဖွဲ့နဲ့ တောင်ကြီးမြို့ခံတွေ ပြသနာဖြစ်ပြီး ဆပ်ကပ်ရုံကို မီးရှို့တယ်ဆိုလို့..
ဆရာတွေက တညတောင် ပေးမအိပ်ပဲ ပြန်ခေါ်ချလာလို...
သွားဖို့ စီစဉ်ပြီးမှ ပြန်လှည့်လာခဲ့ရတာ...

mirror said...

အလိုလေးလေးလေး.....
1984 တုန်းက အစ်ကိုအောင်သာငယ်က
တကယ့်တက္ကသိုလ်ကျောင်းသားကြီး.....
ညီမတို့က မွေးတောင်မမွေးသေးဘူး..........