Wednesday, November 05, 2008

မြန်မာပြည် အင်တာနက်အခြေအနေ

မနေ့က(၄.၁၁.၀၈) ညနေ 6 နာရီလောက်ထဲကကျသွားလိုက်တဲ့
အင်တာနက်ကော်နက်ရှင်က ဒီနေ့ ခုစာရေးနေချိန်ထိ(တင်လို့ရမရတော့မသိသေးပါ)
ကောင်းကောင်းကိုပြန်တက်မလာသေးပါဘူး...ဘယ်မှလဲ သွားလို့မရ ဘာမှလဲလုပ်လို့မရ....။
ကျသွားလိုက် ပြန်တက်လာလိုက်နဲ့...loading ဆိုတာကိုကြည့်ရင်းက လူလဲမူးနောက်လာပြီ

အိုဘားမား အမေရိကန်သမ္မတဖြစ်တာနဲ့များပတ်သတ်နေလို့လား...
(ဆိုင်လားတော့မသိဘူး တစ်ခါတစ်ခါကျတော့ ဒီလိုအူကြောင်ကြောင်ခန့်မှန်းချက်တွေက မှန်သွားတတ်တယ်လေ..)
အရင်ထဲက ၊ရွေးကောက်ပွဲရက်တွေထဲက ဒီကောင်အိုဘားမားနိုင်လို့ကတော့ ငါ့ဆီကဟာတွေကို
ကမ္ဘာနဲ့အဆက်အသွယ်ဖြတ်ပဲ လို့များတေးထားခဲ့သလား ..။

ဒီလောက်တောင်ပဲ ရက်စက်လှချည်လား...ဟင်...
ရက်တွေဆက်လာတော့ မကောင်းတော့ဘူး..ပြောတာတော့ ပုဂံနတ်ကကိုက ဒေါင်းနေတာပါတဲ့..

ခါတိုင်းလိုတောင် ကျော်လို့ ခွလို့လဲ မရတော့ဘူး.. 8:(

3 Responses to “မြန်မာပြည် အင်တာနက်အခြေအနေ”

Anonymous said...

သနားစရား) သွပ်သွပ် ဟုတ်ချင်လည်း ဟုတ်မှာပေါ့နော့် ။ မူးသွားရင်ဆေးသောက် နောက်လည်ုးဖြစ်နေအုံးမှာဆိုတော့ မူးတာကို ကျင့်သားရအောင်လုပ်ထားးးဗျ။

Anonymous said...

မှန်ရိပ်လေး အိုဘားမားကြောင့် မူးနောက်သွားတယ်ဆို ကျနော့ စနက်တော့ ဟုတ်ရပါဖူးနော့

pandora said...

အားတင်းထားနော်