Sunday, May 22, 2011

ဘောလုံး

မြက်ခြောက်တွေနဲ့ ကွင်းပြင်ထဲမှာ
ဘောလုံးတစ်လုံးရှိနေတယ်။
နည်းပြတစ်ယာက်မှ မရှိခဲ့ဘူး။မရှိနေဘူး။ ရှိလာမှာလဲ မဟုတ်ဘူး။
ဒိုင် မရှိခဲ့ဘူး။ မရှိနေဘူး။ ရှိလာမှာလဲ မဟုတ်ဘူး။
ပွဲတိုင်း အနိုင်လိုချင်တဲ့ ကစားသမားတွေရှိခဲ့တယ်။ ရှိနေတယ်။ ရှိနေဦးမယ်။
လက်ခုပ်တီးမယ့် ပရိတ်သတ်၊လောင်းကြေးထပ်ထားတဲ့ ပရိတ်သတ်၊
အော်ဆဲချင်လို့ ရောက်လာတဲ့ ပရိတ်သတ်တွေ
ရှိခဲ့တယ်။ ရှိနေတယ်။ ရှိနေဦးမယ်။

ကစားသမားတိုင်းက အနိုင်ယူချင်သူချည်းမို့
ဘောလုံးတစ်လုံးထဲကိုပဲ အလုအယက် ရှာဖွေနေကြတယ်။
ဘောလုံးက တစ်လုံးထဲ...
ကစားသမားပေါင်းက များစွာ
မြက်ခြောက်တွေနဲ့ ကွင်းပြင်ထဲမှာ... ဘောလုံးတစ်လုံးရှိနေတယ်။

ဘောလုံးတစ်လုံးထဲကို ၀ိုင်းကန်ကြတယ်၊ လုကြတယ်၊
အဆုံးမှာ ရှုံးစေဦးတော့...
အဓိကက ကိုယ့်ခြေထောက်ထဲမှာ ဘောလုံးရှိနေဖို့၊
ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ဆို ရှုံးရင်တောင် သိက္ခာရှိတယ်။
ဟုတ်တယ်မဟုတ်လား...။

မြက်ခြောက်တွေနဲ့ ကွင်းပြင်ထဲမှာ
ဘောလုံးတစ်လုံး ရှိနေတယ်။
နည်းပြမရှိ၊ ဒိုင်မရှိတဲ့ပွဲမို့ အရှုံးအနိုင် အဖြေမပေါ်ဘူး။
မြက်ခြောက်တွေနဲ့ ကွင်းပြင်ထဲမှာ
ဘောလုံးတစ်လုံးရှိနေတယ်။

မြက်ခြောက်တွေနဲ့ ကွင်းပြင်ထဲမှာ....
မူးရစ်ရီဝေ ချာချာလည်နေတဲ့ ဘောလုံးတစ်လုံးဟာ
တဖက်ဖက်က နိုင်သွားပါစေလို့
ဘောလုံးတစ်လုံးဟာ ဆုတောင်းနေတယ်။

5 Responses to “ဘောလုံး”

jr said...

ဘောလုံးကန်ပါတယ်ဆိုမှ တစ်လုံးထဲကို လုပြီး မကန်လို့ တစ်ယောက် တစ်လုံးချကန်ရမှာလား?

အကန်မခံရချင်ရင် ဘောလုံးသမားဖြစ်အောင်လုပ်။
ဒါ့နဲ့ စကားမစပ် အဲဘောလုံးလေးမှာ အချိုင့်လေးပါသလားလို့ .. :D

Unknown said...

ကစားပွဲတိုင်းမှာ အနိုင်လိုချင်ကျတာက သဘာဝပါပဲ ။ သန့်သန့်ရှင်းရှင်း အနိုင်ယူရင်တော့ အားပေးသူ ပရိတ်သတ်က အော်မဆဲကြပါဘူး ၊ ဒိုင်နဲ့ပင်းပြီး တဖက် အသင်းအပေါ် အနိုင်ယူရင်တော့........... ပရိတ်သတ်က ဆတြာနဲတောင်နဲသေးတယ်လို့ မြင်ပါတယ်..။

ဘေလုံးမဖြစ်ချင်တဲ့

...... ဘလောဂ့်စပေါ့ ဘလောဂ့်ဂါ
သားထူး

အနော် said...

မြက်ခြောက်တွေနဲ့ ကွင်းပြင်ထဲက
မူးရစ်ရီဝေ ချာချာလည်နေတဲ့ ဘောလုံး
သူ နာနာကျင်ကျင်တော့ ပြုံးမနေပါဘူးနော်..

ကွင်းထဲသွားမိတဲ့ဘောလုံးတစ်လုံးကတော့ ဒီလိုပဲ ရှိမှာပဲလေ။ မဟုတ်ရင် ပိုက်အိတ်ထဲမှာ တခြားဘောလုံးတွေနဲ့အတူ ပျင်းရိငြိမ်သက်စွာ ဖြတ်သန်းနေရမှာ...။

ဘောလုံးလာကန်သွားတယ်ညီမလေးရေ