Sunday, May 15, 2011

အမေ့ဆီမှ တဆင့်

နေ့လည်တုန်းက အမေ့ဆီဖုန်းဆက်တယ်။ ထုံးစံအတိုင်း သာကြောင်း၊ မာကြောင်း၊ဘုရားမှန်မှန်ရှိခိုးကြောင်း မုသား တ၀က်လိမ်းကျံပြီး ဖြေရတယ်။ အမေ့ဆီက မေတ္တာတွေရလိုက်တယ်။ အဲ့ဒီမေတ္တာတွေရဲ့အရှိန်နဲ့ တခြား သူတွေကို မေတ္တာ ရောင်ပြန်လေးတွေ ပေးရဦးမယ်။ ပေးနိုင်ဖို့ မျှော်လင့်တယ်။ အမေ့ဆီမှတဆင့် ရကာမှပဲ..။

ဘ၀ဟာ ဒီလိုပဲ လုံးချာလည်လိုက်နေတော့မှာပါပဲ။ အတိတ်ကို ပြန်မတမ်းတဖြစ်အောင် ကြိုးစားသင့်တယ်လို့ ကိုယ့်ကိုယ်ကို သတိပေးဖြစ်တယ်။ အရင်တုန်းက မကြေးမုံဟာ သူများတွေကို စိတ်ခွန်အားတွေ ဖြည့်ပေးနိုင်တဲ့ လူပေါ့။ အခုတော့ မကြေးမုံဟာ သူကိုယ်တိုင် စိတ်ခွန်အားတွေ အရောင်ဖျော့နေ လေရဲ့။

အရွယ်မရောက်ခင်မှာပဲ စိတ်တွေ အိုစာခဲ့ရလို့ ဘ၀ဆိုတဲ့ သီချင်းကို ခုတလော ခဏခဏညည်းမိတာရယ်။ ..


3 Responses to “အမေ့ဆီမှ တဆင့်”

Maung Myo said...

နင် ..နေကောင်းရဲ့လား ကျန်းမာရေး ဂရုစိုက်နော် သူငယ်ချင်း ။

သက်ဝေ said...

အမေ့ဆီက မေတ္တာတွေနဲ့ စိတ်ခွန်အားတွေကို အရောင်တင်ပါ ညီမငယ်...

မိဘဆိုတာ သားသမီးတွေပေါ်မှာ ဗြမ္မာကြီးတွေလိုပဲ မေတ္တာပေးသတဲ့... ကိုယ်တိုင် စိတ်ခွန်အားတွေ နည်းနေတဲ့ အချိန်မှာတောင် အမေ့ဆီက ကြီးမားတဲ့မေတ္တာတွေကို သူများတွေဆီ ရောင်ပြန်ပေးချင်တဲ့ ညီမလေးရဲ့ စိတ်နှလုံးကို ချစ်မိတယ်...

ဘဝမှာ အခုလို အားနည်းဖျော့တော့တဲ့ အချိန်တွေ မလွဲမသွေ ကြုံလာရစမြဲပေမယ့် ဒီအချိန်တွေကိုလည်း လွန်မြောက်ရစမြဲမို့ ညီမလေး အမြန်ဆုံး လန်းဆန်းပျော်ရွှင်လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

(ခုတလော စာလေးတွေက မပျော်သလိုမို့ ဂရုစိုက်ပါ ညီမလေးရေ...)