Monday, October 04, 2010

အာသီသ

မိုးလင်းမိုးချုပ်
စုံးစုံးမြုပ်ကဲ့...၊
နေ၀င်မီးငြိမ်း ဘ၀များ။

ဆာလောင်မှုနောက် လိုက်ရင်းက
ငတ်သည်ထက် ငတ်လို့လာ...
မေတ္တာမိုးခေါင်ရေရှားအရပ်
လက်တစ်ဖက် ကမ်းပေးဖို့ရာ
အရင်ဆုံး နှလုံးသားလေးကို ယပ်ခပ်ပေးကြပါဦးစို့ရဲ့..။

ခေါင်မိုးမလုံတဲ့ အိမ်အိုကြီးရဲ့ အမိုးကလေးအောက်
ဆူးပြိုင်းပြိုင်းထနေတဲ့ ထနောင်းပင်အိုလေးရဲ့ အရိပ်လေးအောက်...
တစ်ခေါက်တစ်ကျင်းတော့ နားခိုပါရစေ..မေမေ...။....။

m!rror
4.10.2010

10 Responses to “အာသီသ”

ဘဝအမောတွေနဲ့ ပြေးရင်းလွှားရင်း ခဏကလေးတော့ နားချင်တယ်ပေါ့ ...

“တစ်ခေါက်တစ်ကျင်း” ဆိုတာ မကြားဖူးဘူး ။ ဒေသသုံးပဲလား ။

norman said...

အညာအငွေ့တွေရတယ်။တခေါက်တကျင်းကို ကြားဖူးတယ်။အဓိပ္ပါယ်ရေရာတော့ ပြန်ရှင်းပြပေးပါ။

mirror said...

ကိုလဒပ... မနားချင်ဘယ်သူရှိပါ့မယ် ပေါ့ဗျာ။ ဒါမယ့် ရှေ့ကဘိုးကြီး၊ဘွားကြီးတွေကို ကြည့်ပြီး အားတင်းထားပါတယ်။ ဟဲဟဲ။

ကိုဥာဏ်.အညာအငွေ့ကထနောင်းပင်ကြောင့်များလား
း)

တစ်ခေါက်တစ်ကျင်း ဆိုတာက.. တစ်ခါ၊တစ်ကြိမ်၊တစ်ခေါက် လို့ပုံစံမျိုးနဲ့ ညီမတို့နယ်မှာ ပြောကြလေ့ရှိပါတယ်။မြန်မာစာ အဘိဓာန်မှာလဲ ပါပါတယ်။
"အနည်းဆုံး တစ်ခေါက်လေးပဲဖြစ်ဖြစ်" လို့ ပိုပြီး၊ချွဲပြီးပြောချင်တဲ့ အခါမျိုးပေါ့..။

ကဗျာလာဖတ်တာ ကျေးဇူး...။ :)

AP said...

တစ်ခေါက်တစ်ကျင်းက ဟသ်ာတဘက်မှာလည်း သုံးတာပဲ

အမေက အိမ်မှာရှိနေတော့ မလွမ်းဖြစ်ဘူး..။ ဒါပေမဲ့ ကညွှတ်ကြော် တော့ သတိရသွားတယ်..။ :)

မောင်မျိုး said...

ထနောင်ပင်အိုလေး အောက် ထန်းရည်လေးတစ်ခွက်လောက် သောက်ချင်တယ် ။

jr said...

~~ Mirror .. နင်ဟာကလေးတယောက် မဟုတ်တော့ဘူး ... ~~
:D

norman said...

စုံးစုံးမြုပ်ကဲ့

ကဲ့တို့သဲ့တို့က အောက်ပြည်အောက်ရွာမှာ မသုံးဘူးလားလို့ ဒါကြောင့်အညာငွေ့လို့ ပြောမိတာပါ ထနောင်းပင်ကြောင့် ပိုသေချာသွားတယ် ထင်တာပါ
အထင်တွေကိုပဲ ပြောတာပါ
သေချာတော့ မသိ :P

နှလုံးသားလေးကို
တတ်နိုင်သလောက်ဝင်ပြီး
ယပ်ခတ်ပေးသွားပါတယ်ဗျာ

Anonymous said...

ကျနော်တို့ တောင်ပေါ်မှာလည်း မသုံးဘူး
သို့သော် အညာသား အညာသမီးတွေရေးတဲ့စာတွေဖတ်ပြီး အဲ့အသုံးလေးတော့ မှတ်မှတ်ရရရှိပါ့ .. :)

ဖတ်ပြီး .. ကောင်းလိုက်တာကွာလို့ ရေရွတ်ပစ်တဲ့ထိ .. မယ်ရာလေး မိုက်တယ်ဟ
နင့်အကို LB

အနော် said...

လက်ကမ်းပေးပေမဲ့ လှမ်းမယ့်သူ ရှိဦးမှ မကြေးမုံလေးရဲ့.. အနော်တော့ အခုဆို လက်နှစ်ဘက် တင်းတင်းပိုက်ထားလိုက်ပီ.. :)
ဘာပဲပြောပြော ကဗျာလေးက အမေ့ကို ပိုလွမ်းသွားစေတယ် .. :(