ဝတ္တုတစ်အုပ်၊မဂ္ဂဇင်း တစ်အုပ်၊ဂျာနယ် ၂စောင်၊ရီးဒါးဒိုင်ဂျက်စ်တစ်အုပ်ကို ကျောပိုးအိတ်ထဲပစ်ထည့်ပြီး ကျမရဲ့ ပျင်းရိညည်းငွေ့ဖွယ်ခရီးကိုစတင်လိုက်ပါတယ်။အမေ့ကို ကျမခဏခဏပြောဖူးတယ်၊အမေ့အိမ်ကိုခဏခဏ
ပြန်လာချင်တယ်၊ဒါပေမယ့် ဒီလမ်းခရီးကြီးကို ကားမစီးချင်ဘူးလို့....။
ခုလဲ ခါတိုင်း ၃ နာရီခရီးကို ခု ၄နာရီခွဲလောက်မောင်းမှရောက်တယ်။လူလဲ မျောက်လိုလို၊၀က်ဝံလိုလိုကို ဖြစ်လို့၊
ဖုံတွေက အလုံး၊အရင်းနဲ့ ၀င်လာတယ်။ကတ္တရာငြှော်နံ့ကလဲ ခေါင်းတွေတစ်ဆစ်ဆစ်ကိုက်လာတဲ့အထိ၊....။
အေးရှားဝေါဒ်ရဲ့ လမ်းပြုပြင်ရေးကလဲ မိုးပဲ ပြန်ကျတော့မယ်...။ခုထိ ကျောက်ကြီးခင်းတုန်းပဲ တွေ့ရတယ်။
ကားက လူကိုကလေးပုခက်ထဲထည့်သိပ်သလိုပဲ။ဖြေးဖြေးလေးနဲ့ ညိမ့်ညိမ့်လေးကိုဖြစ်လို့....။ဘာမှ မထူးဆန်းတော့တဲ့ မြင်ကွင်းတွေကို ရန်ကုန်ကအထွက်မှာ ခဏလေးကြည့်ပြီးတော့ အိပ်လိုက်သွားလိုက်တယ်။
၉၃ မိုင်ခရီးကို ညနေသုံးနာရီကစထွက်တာည ၇ နာရီခွဲတော့ ရောက်ပါတယ်။လာကြိုမယ့်သူရယ်လို့ မရှိပါ။
တောကြီးမျက်မည်းထဲရောက်သွားလေသလားလို့တောင် ထင်မိတယ်။ဆိုက္ကားတစ်စီးလှမ်းခေါ်
ပြီးတက်လိုက်တယ်။အိမ်ကိုရောက်တော့....မောပြီ.....အမေရယ်..။
ဧရာဝတီရဲ့ဆောင်းက ထင်ထားတာထက်ပိုအေးလွန်းပါတယ်။အပေါ်ထပ်အပါးလေးတစ်ထည်ပဲ ယူသွားတဲ့ကျမ ဟိုရောက်တော့မှ ဒုက္ခကောင်းကောင်းတွေ့ပါတယ်။ဒါပေမယ့် အမေ့အိမ်ဟာ ကျမအတွက် ဘာလိုအပ်ချက်မှ
မရှိအောင်ကိုပြည့်စုံပါတယ်။အမေ့အိမ်က ရေတွေဟာ...တကယ်ကိုကြည်နေပါတယ်........။
အမေ့ရင်ငွေ့ဟာ တကယ်နွေးပါတယ်။(ဒါပေမယ့် ကျမဘယ်တုန်းကမှ အမေနဲ့ပွတ်သီးပွတ်သတ် မနေဖူးဘူး)
အမေ့အရိပ်ဟာ အမောတွေကို ပြေစေပါတယ်။ရှေ့ဆက်ဖို့ အားတွေကိုရစေပါတယ်။မီးမလာလို့ အားပျက်နေတဲ့ အင်ဗာတာလေးကို အားသွားပြန်ဖြည့်ပြီး ကျမပြန်ရောက်လာပါပြီ။
ခု...ကျမအမေ့ကိုလွမ်းနေတယ်..။ပြန်လာစညနေတိုင်းဖြစ်နေကျ ဆိုပေမယ့် အဲ့ဒိခံစားချက်ကို ပုံမှန်အတိုင်း
ကျော်လွန်နိုင်ဖို့ ကျမဘယ်တုန်းကမှ အဆင်သင့်မဖြစ်ခဲ့ဘူး။ငိုချင်ရဲ့လက်တို့ဖြစ်နေတာကို လာနောက်တဲ့
သူတွေကလဲ ရှိသေးတယ်...........။
ဘယ်လိုပဲဖြစ်ဖြစ် အဆင်ပြေရင် စာတွေဆက်ရေးပါဦးမယ်...........။
« Newer Post
Older Post »
9 Responses to “အပြန်”
မီးကိုပြောတာလားဟင်.. နောက်ပါဘူးနော်.. ပျော်အောင်စပေးတာလောက်ပဲ ရှိတာပါ.. ရေတွေကြည်နေတယ်ဆို သိပ်လိုက်မလည်ချင်ဘူး.. အရည်ဖြူဖြူနောက်နောက်လေးတွေ ရှိမှ... ..
အပေါ်ကရေးတာ မီးပဲ.. မှားနှိပ်မိတာ
အမေ့အိမ်မကြာခဏ ပြန်ခွင့်ရတဲ့ အနေအထားမှာရှိနေတာက
ဝမ်းသာစရာပါ...။
ဟိုက်
မကြီးက ဧရာဝတီရောက်သွားပီလားဂျ ။ အဲဒီမှာရော ကော်နက်ရှင်တို့ မီးတို့( အပေါ်က မီး ကိုပြောတာမဟုတ် လျှပ်စစ် မီး) မှန်ရဲ့လားဗျ ။ အိမ်ပြန်ရတယ်ဆိုတော့
ပျော်နေတာပေါ့ ဟဲဟဲ ။
အဲဒါနဲ့ အေးရှားဝေါဒ် က အိပ်ပျော်နေတယ်ထင်တယ်...... ။
နိုးခဲ့လိုက်အုံး ဟီဟိ :P ။
အင်း...ဟုတ်တယ် အမေ့အိမ်က ဘယ်တော့ပဲဖြစ်ဖြစ် ပြန်ချင်နေတာ အိမ်လွမ်းသူတွေရဲ့ရောဂါပဲ ငါလည်း လာတာတောင်မကြာသေး ပြန်ချင်တယ်ပြောရင် မောင်ပိုဖြစ်အုံးမယ် ဟူးးး မောတယ်နော် လူ့ဘ၀ ။
အမေဆီသွားပြီး ဘာတွေ လျှောက်တင်ခဲ့သလဲဟေ့။
အိမ်လွမ်းရင်ဖြစ်စေ၊ အမေ့ကိုလွမ်းရင် ဖြစ်စေ ပြန်နိုင်သေးတဲ့ သယ်ချင်းကို အားကျပါရဲ့။
ပျော်သလောက်နေခဲ့ပါ။
အမေ့ရင်ငွေ့ ခိုဖူးတာ အနွေးထွေးဆုံး
မေမေရေပြန်ခဲ့မလို့......
အဲလိုပဲ ညီမလေးရေ
မမေရာတို့မြို့က ရန်ကုန်ကနေ သုံးနာရီသွားရတယ်ဆိုတော့ ဓနုဖြူလား ဇလွန်လား။
နေနေက Hinthada ကပါ။
ဒီ post ကိုဖတ်ပြီး အိမ်တောင်ပြန်ချင်လာပြီ။ :(
Post a Comment