Friday, April 13, 2012

ကိုယ်တိုင်ရေး ပုံတူ



ဒီရက်တွေထဲ လက်ရေးနဲ့ စာရေးရတာကို အတော်သဘောကျနေမိတယ်။
ဟိုတို့တို့ ဒီတို့တို့လေးတွေမှန်သမျှ လက်ရေးနဲ့ပဲ ရေးနေဖြစ်တယ်။ အခု ဒီကဗျာမပီ၊ စာမပီတဲ့ ပါဒလေး သုံးလေးခုကိုလဲ လက်ရေးနဲ့ပဲ ချရေးလိုက်ပါတယ်။ ခေါင်းစဉ်က အငဲ သီချင်းတစ်ပုဒ်နဲ့များ တူနေမလား မသိပါဘူး။ အခုလောလောဆယ်တော့ တခြားလဲ ဘာမှမခံစားနိုင်၊ မစဉ်းစားနိုင်သမို့ .. ဒါလေးပဲ ရွေးလိုက်ပါတယ်။

 ရာသီက အရူးရင့်နေစေသလို စိတ်ကလဲ ရောဂါရင့်နေတဲ့ ကာလ၊ သမယ ပေါ့။

ရေးပြီးလို့ ဓာတ်ပုံလဲရိုက်ပြီးကာမှ နောက်ထပ်တစ်ကြောင်းလောက် ထပ်ထည့်လို့ရသေးတာပဲ လို့ တွေးမိတယ်။
" ငါက အရည်မရ၊ အဖတ်မရ ခံစားချက်တွေနဲ့ အသက်ရှင်နေမိတဲ့ လူပါ " လို့လေ။


နှစ်သစ်မှာ ပျော်ရွှင်ကြပါစေ။
MIRROR
( 13-04-2012 )


6 Responses to “ကိုယ်တိုင်ရေး ပုံတူ”

Lovely post with so beautiful artistic writing <3

Mirror said...

ကျေးဇူးပါ အစ်မမယ်ကိုး :)

kay said...

သင်္ကြန် ဆိုလို့ ဘာများရေးမလို့လဲ လို့.. ( အခြေအနေမကောင်းဘူး ) အသာလေး ဖတ်ပြီး ပြန်မှ..။

mirror said...

ဟီး ... အမ ကေ.. မူလပထမတုန်းကတော့ အကြိုနေ့ရောက်ရင် ငယ်ဘ၀ အကြိုနေ့အကြောင်းလေး ရေးမယ်လို့ စိတ်ကူးထားပြီး အကြိုနေ့မှာ အလုပ်များ၊ မအား နေတာနဲ့ ... ဖီးလ်ငုပ်သွားပြီး. အကျနေ့မှာ အခုလို ဖြစ်သွားတာပဲ။ :P

သက်ဝေ said...

လက်ရေးကိုရော စာသားတွေကိုပါ သိပ်ကြိုက်သွားပြီ...း)

လက်ရေးလေးကလည်းလှ... စာသားလေးတွေကလည်း လှ...