Monday, March 21, 2011

"ဗျာ"

အသက်ရှူသံတွေ ပူနွေးကြမ်းရှနေစဉ်မှာပဲ..
နှစ်ခွက်ဆင့်ထပ်ထားတဲ့ ကော်ဖီနှစ်ခွက်ဟာ
အခန်းထောင့်က အမှိုက်ပုံးထဲ ရောက်သွားပြီ။

ငါ့အသက်မှာ
ငြိမ်းချမ်းမှု တစ်မှုံတစ်လေမျှ ပါမလာဘူး။
ခြေသံကြားတိုင်း ခေါင်းထောင်ထောင်ပြီးကြည့်မိလို့
ခု..ငါ ခွေးလုံးလုံး ဖြစ်ခဲ့ရ..။

ခွေးဆိုလို့ အထင်တော့ မသေးနဲ့ဟေ့..
ငါ့နုံအမှုတွေ တအုံတမကြီးနဲ့
ရင်းနှီး၊ဖန်တီး၊ပြောင်းလဲယူထားရတာ..
အလျော်အစားက ကြီးတယ်။

အသွေးအသားလည်ပတ်စီးဆင်းခြင်းပုံစံအပြောင်းအလဲ
ချစ်ခြင်းမေတ္တာတွေက အရင်အတိုင်း...
လှတယ်...။....။

4 Responses to “"ဗျာ"”

သက်ဝေ said...

သောက်လက်စ ကော်ဖီတွေ အေးစက်သွားတတ်ကြသလိုမျိုး ချစ်ခြင်းမေတ္တာတွေ အပြောင်းအလဲမရှိ၊ အေးစက်မသွားပဲ အရင်အတိုင်း လှနေဖို့ တကယ်လိုအပ်ပါတယ်...

ရှင်မျိုး said...

လှပါတယ် ရှင် တစ်နှစ်တစ်ခါ ပေါ်လို့လာ ပေါ်သည့်မင်းလောင်း ရွှေထီဆောင်း (မှို)

အဲဒီ “ဗျာ”က အာမေဋိတ်အကျယ်ကြီး ။ ကဗျာကို ဖတ်ရင်း ဖတ်ရင်း ကျယ်လာတဲ့ အသံ ။

"ခြေသံကြားတိုင်း ခေါင်းထောင်ထောင်ပြီးကြည့်မိလို့
ခု..ငါ ခွေးလုံးလုံး ဖြစ်ခဲ့ရ..."

ခပ်ကြမ်းကြမ်းအလင်္ကာ လေး
ကဗျာ ဆရာရဲ့ ပုဂ္ဂလိက ခံစားချက်ကို ဖမ်းဆုပ်လို့မရပေမဲ့။ လောလောဆယ် ကျွန်တော် ကိုယ်တိုင် ဖြစ်နေတာ နဲ့ တိုက်ဆိုင်နေလို့ ရေးသူဖတ်သူ အသံတူခဲ့ရတယ်။