သဘက်ခါ ၁၀ ရက်နေ့တွင် ကျမခရီးစထွက်ပါမည်..။မွန်တို့ဌာနေ ရာမညတိုင်းဘက်မှာ သင်္ကြန်တွင်း သွားနေမယ်....။
သင်္ကြန်ရာသီမှာ သင်္ကြန်ရဲ့အနှစ်သာရ အပြည့်အ၀မရပဲနဲ့ ....သင်္ကြန်ရဲ့ ရိုးရာတစ်ခုတလေမျှ မမြင်ရပဲနဲ့ ... သင်္ကြန်ရဲ့အငွေ့အသက်
တစ်စွန်းတစ်စမျှ မကြားရ၊မခံစားရပဲနဲ့ မျက်စိရှုပ်နားရှုပ်တွေနဲ့...မြူးကြွလှပလွန်းတဲ့
ခေတ်ရဲ့အမည်နာမ ခွဲခြားရခက်တဲ့ သင်္ကြန်ကို မခံစားနိုင်၊လက်မခံနိုင်တဲ့ကျမ ရန်ကုန်သင်္ကြန်ကိုရှောင်ချင်လို့..
ခရီးသွားတာပါ.....။နယ်မြို့လေးမှာရော..ဘယ်လောက်ထိသင်္ကြန်အငွေ့အသက်တွေပျောက်ဆုံးနေလိမ့်မလဲ...
ကျမမတွေးတတ်ပါ...။လက်တွေ့ကြုံမှပဲ...သိရတော့မယ်လေ။ခုတော့ ခရီးသွားရင်း အတွေ့အကြုံသစ်လေးတွေကိုရှာဖွေ
နေမိဦးမှာပါ..။
ဒီခရီးက မွန်ပြည်နယ် ဒုတိယအခေါက်ပါ..။ပထမတစ်ခေါက်တုန်းက ကျမနဲ့အတူသွားတဲ့သူငယ်ချင်းမပါတော့ဘူး။သူက
ဘယ်ရောက်လို့ ဘာတွေလုပ်နေလဲ ကျမမသိတော့ဘူး။ကျမနောက်တစ်ခေါက်ထပ်သွားမှာကိုသူမသိဘူး။
ဒီလိုနဲ့ပဲအချိန်ရဲ့ ပြောင်းလဲပေးမှုတွေကို လက်ခံချင်၊မခံချင်ချင်....လက်ခံနေရတာကပဲ..လူ့ဘ၀ပဲလား.....။
ပထမတစ်ခေါက်တုန်းက သွားမယ်လို့ စီစဉ်ထားတာ ၅ယောက်မှာ..နောက်ဆုံးတော့ ကျမနဲ့ နောက်ထပ်တစ်ယောက်
အားလုံးပေါင်း ၂ ယောက်ပဲသွားဖြစ်တယ်..။အူလည်လည်နဲ့ ကားပေါ်တက်စီးပြီးရောက်သွားကြတာ..။ဟိုရောက်တော့လဲ
ဆံပင်ကောက်တဲ့ မွန်မက သူ့အလုပ်နဲ့သူ(အဲ့တုန်းကလဲ ဒီလိုအချိန်ပဲ..သူတို့အိမ်မှာ အလှူလုပ်တာ)ရှုပ်နေလေတော့
ကိုယ်တွေနှစ်ယောက်ထဲပဲ စက်ဘီးလေးတစ်စီးနဲ့ ကုန်းဆင်းကုန်းတက်တွေပေါတဲ့ မြို့ကလေးထဲမှာ ....မမောနိုင်၊မပန်းနိုင်
ကိုယ့်ဘာသာကိုလျှောက်လည်ကြတယ်..မှတ်မှတ်ရရ အဲ့ဒိတုန်းက ဒိုးလုံးရဲ့ အလိုတော်အတိုင်းသီချင်းခွေထွက်တဲ့အခိုက်ဆိုတော့
အဲ့ဒိခွေထဲက ဘုန်းကြီးပါစေ..သက်ရှည်စေ...အားလုံးစိတ်လဲ ချမ်းသာစေ...ဆိုတာကို ညည်းရင်းပေါ့..။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျောင်းတက်တုန်းက ကျမတို့သူငယ်ချင်း ၆ယောက်ပေါင်းဖြစ်ကြတယ်။မိန်းကလေးငါးယောက်၊ယောက်ျားလေး
တစ်ယောက် တွဲဖြစ်တာ..။အားလုံးက နယ်ကလာပြီးကျောင်းတက်ကြသူတွေချည်း။ကျမနဲ့ မိန်းကလေးတစ်ယောက်က
ဧရာဝတီက(ဧရာဝတီသူ ဗမာမ နှစ်ယောက်) ၊မွန်မလေး ၂ယောက်၊ကရင်မလေးတစ်ယောက်၊ကရင်လေးတစ်ယောက်
ကရင်မလေးကတော့ ကရင်ပြည်နယ်က၊ဘားအံက..။
၆ ယောက်လုံးသူ့အိမ်ကိုယ့်အိမ် လိုက်လည်ဖူးကြတယ်၊အားလုံး ခဏခဏအလည်ရောက်တဲ့ အိမ်က ကျမအိမ်ပေါ့..။
သူတို့အားလုံးက အမေ့လက်ရာဟင်းတွေကို သိပ်ကြိုက်ကြတယ်၊ကျမ မလေးလုပ်ချက်တဲ့ ဧရာဝတီချက် မုန့်ဟင်းခါးကို ကြိုက်ကြတယ်..။
ခရီးလဲ နီးတော့ကျမအိမ်ကိုတော့ ခဏခဏရောက်ဖြစ်တယ်..။ကျမကဘားအံကိုတစ်ခေါက်၊
မွန်ပြည်နယ်ကို ၁ ခေါက်လိုက်လည်ဖူးတယ်..။ဒါပေမယ့် နှစ်တွေကြာနေပြီဆိုတော့ ဘာမှမမှတ်မိတော့ပါဘူး။အမှတ်တရ ဓာတ်ပုံရိုက်တာတွေ ဘာတွေမလုပ်ခဲ့ဖူးဘူး။ခရီးထွက်နေတာကပဲ ပျော်စရာလို့ထင်ခဲ့တာ..။သွားနေရရင် ဘာမှမလိုအပ်တော့ဘူးလို့ ထင်နေခဲ့တဲ့အချိန်ပေါ့...။
ခုတော့...တန်ဖိုးထားမှုတွေလဲ ပြောင်းလဲလာခဲ့ပြီး လူတွေကိုမြင်တဲ့အမြင်၊အဖြစ်အပျက်တစ်ခုကို မြင်တဲ့အမြင်၊ မြင်ကွင်းတစ်ခုအပေါ်ထားတဲ့ စိတ်ခံစားမှု....ခေတ်အပေါ်ဇောက်ထိုးကြည့်တတ်မှု၊
အဲ့ဒါတွေနဲ့ ရောပြွန်းနေတဲ့ စိတ်ကြီးနဲ့ ကျမ...သွားဖူးတဲ့..သိပ်လဲပျော်ရွှင်ကြည်နူးခဲ့ရဖူးတဲ့
ခရီးတစ်ခုကို နောက်တစ်ခေါက်ခြေအချမှာ..ဘယ်လိုစိတ်ခံစားမှုတွေရလိမ့်....မ....လဲ.........
ရင်ခုန်စွာ.....
နောက်ပြီး
ဘလော့ဂ်ရပ်ဝန်းကိုသတိရစွာနဲ့...
ခတ္တနှုတ်ဆက်ခဲ့ပါတယ်..........။
Wednesday, April 08, 2009
« Newer Post
Older Post »
12 Responses to “ခရီးသွားမလို့ နှုတ်ဆက်ချင်တယ်....”
ခရီးထွက်တာ
စိတ်ကို အပန်းဖြေ စေတာနဲ့တူတယ်
အတွေ့အကြုံ အသစ်ကြောင့် စိတ်ကို လန်းစေတယ်။
သင်္ကြန်တွင်း ကြုံတွေ့တာလေးတွေ
ပြန်မျှပါနော့်..
ခင်မင်လျက်
ဝင်းဇော်
အပြန်ပို့စ်တွေသယ်လာခဲ့နော်..
ညီမရေ..သွားလေရာ လာလေရာ အဆင်ပြေပါစေ...
ပြန်လာရင်တော့ ခရီးသွားမှတ်တမ်းလေးတွေ ဖတ်ချင်တယ်...
အဲလို ခံစားချက်တွေ မတူ ပြောင်းလဲ နေမှလည်း..ဘ၀ လမ်းကြောင်း ပေါ်မှာ တကယ် ရွေ့လျားနေ တာ ဖြစ်တော့ မှာပေါ့။
စာရေးစရာလေး တွေ ရလာ ရင်တော့.. တချက်ခုတ် ၂ ချက်ပြတ်။း)
ခရီးသွားအဆင်ပြေပါစေ။ ပြန်လာရင်တင်ဖို့ ဓါတ်ပုံတွေ ရိုက်ခဲ့နော်။ အလွမ်းပြေကြည့်ဖို့။
You have a nice trip...Be safe.
မွန်တို့ ဌာနေမှာ ပျော်နေပြီပေါ့.... အားလုံး အဆင်ပြေ ပျော်ရွှင်ပါစေလို့ ဆုတောင်းတယ်နော်..။
သွားဟာ သွားကြဟာ ငါတစ်ယောက်တည်း ရန်ကုန်မှာကျန်ခဲ့တယ် မျက်မှန်ကော၊ ကစဉ့်ကလျားကော တစ်ယောက်ကတောင်ပေါ်တက်၊ တစ်ယောက်က မြေပြန့်ဆင်းနဲ့ ငါချောင်းပေါက်စက အီလည်အီလည်နဲ့ ကျန်ခဲ့တယ် ဟွန်း
အပြန်ခရီးကိုစောင့်နေမယ်နော်...
ပို့စ်တွေလဲမျှော်နေမယ်....မုန့်ဝယ်လာခဲ့
ဖို့လဲမမေ့နဲ့ဦး......
ညီမရေ ..
ခရီးက ပြန်မလာသေးဘူးလား။
မင်္ဂလာနှစ်သစ်ဖြစ်ပါစေ ... နော် ... ။
နင် မြ၀တီင်္မလာဖြစ်ဘူးထင်တယ် ငါ ဖုန်းမျှော်နေတာ မလာလည်းမလား(
ပြန်မလာသေးဘူးလား။ ပို့စ်အသစ်ကို ဓါတ်ပုံတွေနဲ့ မျှော်နေတာ...
အမခင်မင်းဇော်
Post a Comment