Saturday, January 31, 2009

ကျမ နားမလည်လို့

January 19, 2009 12:22 PM
နွေလှိုင်ဿုန်း said...

ဩော် ခက်ပါရော ညီမရယ် ။စာတွေ ကဗျာတွေ ဂျာနယ် မှာ ဖော်ပြခံချင်ရင် အကောင်းဆုံးလို့ယူဆထားတာ
လေးတွေတော့ စုထားပေါ့ ။ညီမရဲ့ အမြင်ကို လက်ခံပါတယ် ။အကို့စာမျက်နှာရောက်ပြီး လန့်မသွားပါနဲ့ဦး ။အမြင်မတူ ရန်သူဆိုတဲ့အထဲမှာ မပါရိုးအမှန်ပါ ။


လူသူလေးပါး သိပ်မသိလိုက်ပဲ ကျမဆီရောက်လာတဲ့ ကွန်မန့်တစ်ခုပါ။ပိုစ့်က ဒီမှာပါ။အဟောင်းဆိုတော့
ဘယ်သူမှသတိထားမိလိုက်မယ်မထင်လို့ ပြန်တင်ပေးလိုက်တာ။နောက်ပြီး ကျမနားမလည်လို့။ရှင်းပြကြပါဦး။

ပြောခဲ့ဖူးတယ်နော်...ဦးနှောက်တွေ မကောင်းတော့ဘူးလို့...မစဉ်းစားတတ်တော့ဘူး။အောက်ကစာကတော့ကျမ
ကပြန်မန့်ထားတာပါ။
January 28, 2009 5:33 AM
mirror said...

အနုပညာဟာခေတ်ရဲ့အခြေအနေကိုပြပါတယ်။ခုကိစ္စကလဲခေတ်ရဲ့ပြရုပ်တစ်ခုပါပဲ။
ဒါကြောင့် နွေလှိုင်ဿုန်းရဲ့ အမြင်နဲ့ တင်ပြထားတာတွေကို ညီမလက်ခံပါတယ်။

ဒါပေမယ့်မျက်နှာမွဲ၊မျက်နှာကြီးတော့ကွဲသွားသေးတာကချွင်းချက်တစ်ခုပေါ့လေ။

အစ်ကို့စာမျက်နှာကိုမြင်ရုံနဲ့လဲ လန့်လဲ မလန့်ပါဘူး။အမြင်မတူလို့လဲ ရန်သူလို့မသတ်မှတ်ပါဘူး။
မိတ်ဆွေဖြစ်လို့လဲ ၇ပါတယ်။

စကားမစပ်၊ခုမှ ထူးထူးခြားခြားရောက်လာပြီး မန့်သွားတာကို ကျေးဇူးအထူးတင်ကြောင်းပါ။
January 31, 2009 5:53 PM
mirror said...
လေးစားခင်မင်လျက်
ညီမ
mirror

ကျမချစ်သော အစ်ကို၊အစ်မ၊မောင်လေး၊ညီမလေးများကို စိတ်အနှောက်အယှက်တစ်စုံတစ်ရာဖြစ်စေခဲ့သော်
ဒီဘလောဂ့်ကနေပဲ တောင်းပန်ပါ၏။

5 Responses to “ကျမ နားမလည်လို့”

Anonymous said...

စိတ်အနှောင့်အယှက်မဖြစ်ရပေါင်..
နားကိုမလည်တာ.. သူ့ကိုအစ်မက ရန်သူလို့များ သွားပြောမိသလား?
ပြောမယ်ထင်ပါဘူး.. နော့်လေ.. ဘာမှန်းကိုမသိတာ။

MANORHARY said...

အော်....ကြုံရပြန်ပြီလားတစ်ယောက်.း)
ဘ၀တူတွေများလာပြီ...း)

ဖြစ်တတ်ပါတယ်ညီမလေးရေ...
ဘာဘဲလုပ်လုပ်အီမိုးရှင်းအကင်းဆုံးဖြစ်အောင်လုပ်နိုင်
ရင်အကောင်းဆုံးပေါ့...
သူများကိုဆရာကြီးလုပ်တတ်တဲ့နေရာမှာတော့အကိုက
သိပ်တော်တာ...ကိုယ်ကိုယ်တိုင်ကတော့အီမိုးရှင်းက
ခေါင်ထိပ်ဖျားတက်တက်ရောက်နေတတ်တာဆိုးတယ်...

Anonymous said...

ဖြစ်ရပြန်ပြီလား ...? ကိုယ့်တုန်းကဆို တချို့က ကချင်ကြီးကို အသလွတ် လာရမ်းသေးတယ် ဘာမှ မပြောပဲ နေတော့ အေးရော..ကိုယ်လုပ်စရာရှိတာတာ လုပ်နေပေါ့ ... ဟတ်လား?

Anonymous said...

နားလည်ပေးစရာလည်း လိုမယ်မထင်ပါဘူး မကြေးမုံရယ်။ ကိုယ်သည် ကိုယ်သာဖြစ်၍ သူသည် သူသာဖြစ်သည်။ သူ့သမိုင်းကို သူရေး၍ ကိုယ့်သမိုင်းကို ကိုယ်သိသည်။ ဒါပါပဲ။ လာလည်ပေးတာ ကျေးဇူးပါ။